Local News Peace political news

ရခိုင်မှ လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ကုလသမဂ္ဂ ICJ တရားရုံးတွင် နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲ

ရခိုင်မှ လူနည်းစု မွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ကုလသမဂ္ဂ ICJ တရားရုံးတွင် နိုင်ငံပေါင်း ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းများက သတင်းဖော်ပြသည်။

အစ္စလမ်နိုင်ငံများ အဖွဲ့ဟု ခေါ်ဆိုသည့် OIC အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းရှိ၊ မရှိ ICJ တရားရုံးထံသို့ တိုင်ကြား တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ယင်းစွဲဆိုမှုကြောင့် ICJ အဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ခံရတော့မည်ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအနေဖြင့်ထိတ်လန့် တုန်လှုပ်ဖွယ်ရာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သဖြင့် ကုလသမဂ္ဂ၏ အမြင့်ဆုံး တရားရုံးကို တိုင်ကြားခြင်းဖြစ်ကြောင်း ၊ ဂမ်ဘီယာအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကို ကမ္ဘာကြီးက ငြိမ်သက်၍ ကြည့်မနေကြောင်း ပြသရန် တရားစွဲဆိုခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။

၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ဆန့်ကျင်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက် စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပြီး အဆိုပါစာချုပ်အရ သဘောတူညီချက်ကို ချိုးဖောက်လျှင် အရေးယူ အပြစ်ပေးနိုင်သော သဘောတူညီချက်များ ပါဝင်နေသည်။

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကလည်း မြန်မာနိုင်ငံကို အရေးယူရန် ကြိုးပမ်းနေသော်လည်း မြန်မာနိုင်ငံက အဆိုပါ ICC စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် အကျုံးမဝင်ဟု တလျှောက်လုံးငြင်းဆန်နေခဲ့သည်။ သို့သော် ကုလသမဂ္ဂ ICJ တရားရုံးတွင် တရားစွဲမှုအတွက် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် အမှုကို ရင်ဆိုင်ကြားနာခံရဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လူနည်းစု မွတ်စလင် သိန်းချီ၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com