All News Election interview

ရက်ပေါင်း ၉၀ နေထိုင်ကြောင်းသက်သေပြနိုင်လျှင် မဲပေးခွင့်ပြုမည့် UEC၏ နည်းဥပဒေ ပြင်ဆင်ချက် လူနည်းစုတိုင်းရင်းသားပါတီတွေကို ထိုးနှက်တာလား

ရက်ပေါင်း ၉၀ နေထိုင်ကြောင်းသက်သေပြနိုင်လျှင် မဲပေးခွင့်ပြုမည့် UEC၏ နည်းဥပဒေ ပြင်ဆင်ချက် လူနည်းစုတိုင်းရင်းသားပါတီတွေကို ထိုးနှက်တာလား

By ရန်ကုန်ခေတ်သစ်

ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာနှင့်ဆက်သွယ်မေးမြန်းချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေကို ပြင်ဆင်ကြောင်း အမိန့်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီး အဲဒီကြေညာချက်မှာ တိုင်းရင်းသားတွေ သဘောမတူတဲ့ ပြဋ္ဌားချက်တစ်ခု ပါဝင်လာပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၁၀ မှာပါရှိတဲ့ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း ဆိုတဲ့စကားရပ်ကို ရက်ပေါင်း ၉၀ ထက်မနည်းဆိုတဲ့ စကားရပ်နဲ့ အစားထိုးပြီး မဲစာရင်းမှာ အမည်ထည့်သွင်းခွင့်နဲ့ မဲပေးခွင့်ပြုဖို့ ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီတွေက အကြီးအကျယ်ကန့်ကွက်နေပြီး အဓိကအားဖြင့်တော့ တိုင်းရင်းသား ဒေသတွေမှာ ရွှေ့ပြောင်းသူက လူနည်းစု တိုင်းရင်းသားတွေထက် များပြားပြီး မဲပေးခွင့်ပြုလိုက်ရင် တိုင်းရင်းသား ပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခက်လာနိုင်တာကို ထောက်ပြနေကြတာပါ။

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကို ရန်ကုန်ခေတ်သစ်က ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ တိုင်းရင်းသားဒေသတွေပအပါဝင် မဲဆန္ဒနယ်တွေမှာ ရွှေ့ပြောင်းနေထိုင်မှု ရက်ပေါင်း ၁၈ဝ ဆိုရင် မဲပေးလို့ရတယ် ရွေးကောက်ပွဲ နည်းဥပဒေ ပြဋ္ဌာန်းချက်ကို ရက်ပေါင်း ၉ဝ ဆိုပြီးတော့ ပြင်ဆင်ပြောင်းလဲ လိုက်တယ်။ ဒါက ဘာသက်ရောက်မှုတွေရှိနိုင်မလဲ။ တိုင်းရင်းသားပါတီတွေကို ထိခိုက်နိုင်လား။

ဖြေ။ ။ ကျွန်တော်တို့က အဲဒါကိုကန့်ကွက်ထားတယ်။ ပါတီအနေနဲ့ မနေ့ကနေပြည်တော်မှာ ကျင်းပတဲ့ UEC ကဦးစီးပြီးတော့ ကျင်းပတဲ့ အစည်းအဝေးပွဲမှာလည်း ကျွန်တော်တို့ ပါတီကိုယ်စားလှယ်ကိုလည်း တင်ပြခိုင်းလိုက်တယ်။ ကျွန်တော်တို့က အဲဒါကိုမထောက်ခံပါဘူး။ လက်မခံဘူး။

ဘာကြောင့်လဲဆိုရင် ဒီလိုရပ်ဝေးကလာတဲ့သူတွေကို ဒီလိုလွယ်လွယ်ကူကူနဲ့ မဲထည့်ခွင့်ပေးမယ်ဆိုရင် ဒေသခံတွေအတွက် အများကြီးဆုံးရှုံးနစ်နာမှုရှိတယ်။ ကချင်ပြည်နယ်ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေကို ကချင်ပြည်နယ် ပြင်ပကလူတွေကလာရောက် ရွေးချယ်ပေးတယ်ဆိုတာ ဒါသဘာဝမကျဘူး။

ဒါကြောင့်မို့ ကချင်ပြည်နယ် ကိုယ်စားပြုမယ့် လွှတ်တော်အမတ်တွေကို ကချင်ပြည်နယ်သားတွေပဲ ရွေးချယ်တင်မြှောက်ခွင့်ရှိရမယ်။ ဒါကတော့ အမှန်တရားဖြစ်တယ်။ ဒီလိုရပ်ဝေးကလာပြီးတော့ ရွေ့ပြောင်းလုပ်သားတွေကို ရက်ပေါင်း၉ဝတို့ ရက်ပေါင်း ၁၈ဝတို့ လုပ်ပြီးတော့မှ မဲထည့်ခွင့်ရှိအောင်လုပ်ပေးတယ်ဆိုတာ ဒါမသင့်တော်ဘူးလို့ ကျွန်တော်တို့ ကန့်ကွက်ထားပြီးသားဖြစ်တယ်။

မေး။ ။ ဒီလိုမျိုးဘာကြောင့် ရက်ပေါင်း ၉ဝလို့ ပြင်ဆင်လိုက်တယ်လို့ ထင်လဲ။

ဖြေ။ ။ ဒီဟာကတော့ ရပ်ဝေးကလာတဲ့ ရွေ့ပြောင်းလုပ်သားတွေကို ယာယီလာရောက်နေတဲ့သူတွေကို အထူးအခွင့်အရေးပေးလိုက်တာပေါ့။ အခွင့်အရေးပိုပေးလိုက်တာပေါ့။ ဒါကတော့ ပါတီကြီးတွေက သူတို့ကိုမဲထည့်မယ့် သူတွေကို အခွင့်အရေးပေးလိုက်တဲ့ပုံစံမျိုးလို့ နားလည်တယ်။ အဲဒါကြောင့် ဒါကမသင့်တော်ဘူး။

မေး။ ။ ဒီရက်ပေါင်း ၉ဝသာ အတည်ဖြစ်သွားမယ်ဆိုရင် ၂ဝ၂ဝ ရွေးကောက်ပွဲ အခြေအနေက ဘယ်လိုဖြစ်သွားနိုင်မလဲ။

ဖြေ။ ။ ဒါဆိုရင်တော့ ၂ဝ၂ဝ ရွေးကောက်ပွဲကတော့ တစ်ဖက်စောင်းနင်းဖြစ်သွားမယ်။ တကယ့်ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာမျိုး ဖြစ်သလိုမဟုတ်ဘဲနဲ့ ဒါလုပ်ချင်သလိုလုပ်သွားတဲ့ ရွေးကောက်ပွဲပုံစံမျိုးဖြစ်သွားလိမ့်မယ်။ ဒါ ဒီမိုကရေစီ နည်းလမ်းမကျဘူး။ ဒီမိုကရေစီ နည်းလမ်းအရဆိုရင် ဒေသခံတွေကို ဒီမိုကရေစီအခွင့်အရေး အပြည့်အဝပေး ဘယ်သူ့ကိုရွေးချယ်မယ်ဆိုတာ ဒေသခံတွေ လက်ထဲမှာပဲရှိရမယ်။ အခုကအပြင်ကလာတဲ့သူတွေကိုလည်း ဒီမိုကရေစီပါပဲ ဆိုပြီးတော့မှ နိုင်ငံသားအခွင့်အရေးပဲဆိုပြီးတော့မှ မဆိုင်တဲ့နေရာမှာ တခြားဒေသမှာလာပြီးမဲပေး ခွင့်ပြုတယ်ဆိုတာကတော့ ဒါက နားကြားမကောင်းပါဘူး။

မေး။ ။ တိုင်းရင်းသားဒေသတွေမှာ ဗမာတွေ ရွေ့ပြောင်းလာတာနဲ့ အမျှ ပြည်ပအင်းအားကြီးပါတီတွေ အားကောင်းလာနိုင်မလား။

ဖြေ။ ။ ဒီရွေ့ပြောင်းလုပ်သားတွေကတော့ ရာခိုင်နှုန်းတော်တော်များများကတော့ ပါတီကြီးတွေပဲပေးမှာ ဒါသေချာပေါက်ပါ။

မေး။ ။ အရင်ရက်ပေါင်း ၁၈ဝတုန်းကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ အခုကပိုဆိုးတာပဲရှိတာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com