All News Local News

MNA လေယာဉ် ကျိုင်းတုံလေဆိပ်အဆင်းတွင် ဘီးညပ်၊ လူထိခိုက်မှု မရှိ

မြန်မာ့လေကြောင်းMNA လေယာဉ် ကျိုင်းတုံလေဆိပ်အဆင်းတွင် ဘီးညပ်၊ လူထိခိုက်မှု မရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လေယာဉ်သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံလေဆိပ် အဆင်းတွင် ဘီးညပ်မှု ဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း မြန်မာ့လေကြောင်းထံမှ သိရှိရသည်။

ယနေ့ နေ့လယ်ပိုင်း ကျိုင်းတုံလေဆိပ်အဆင်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ရန်ကုန်မှ လေယာဉ်တစ်စီး အစားထိုးလွှတ် ပြီး ပြုပြင်မည့် အမှုထမ်းအင်ဂျင်နီယာများလည်း လွှတ်ထားကြောင်း မြန်မာ့လေကြောင်းထံ ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။

“ဖြစ်တာကတော့ နေ့လယ် ၁၂ နာရီကျော်ကျော်၊ လေယာဉ်ဆင်းဆင်းချင်း ဘီးက လှည့်မရဘူး။ ဂီယာညပ်သလိုဖြစ်တာ။ လူတွေ ထိခိုက်တာမရှိဘူး။ အခု ကလည်း အင်ဂျင်နီယာတွေ လာနေပြီ။ လေယာဉ် နောက်ကျနိုင်ပါတယ်။ ရန်ကုန်- ကျိုင်းတုံ လေယာဉ်ပါ ” ဟု မြန်မာ့လေကြောင်းမှ အမှုထမ်းတစ်ဦးက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts