All News Local News Peace

ဘုရားသုံးဆူမြို့တွင် မွန်ပြည်သစ်နှင့် တပ်မတော်၊ BGF တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၄၀၀ နီးပါး ထိုင်းဘက် ထွက်ပြေး၊ နယ်စပ်ဂိတ်ပြီး အသွားအလာ ရပ်ဆိုင်း

ဘုရားသုံးဆူမြို့တွင် မွန်ပြည်သစ်နှင့် တပ်မတော်၊ BGF တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၄၀၀ နီးပါး ထိုင်းဘက် ထွက်ပြေး၊ နယ်စပ်ဂိတ်ပြီး အသွားအလာ ရပ်ဆိုင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှစတင်၍ မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားနေ၍ ကျေးရွာသူ ကျေးရွာသား ၄၀၀ နီးပါး ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို လည်း ယာယီပိတ်လိုက်ကြောင်း သိရှိရသည်။

“နယ်စပ်ဂိတ်က မနက်ကတည်းက ပိတ်ထားတာ။ မြို့ပေါ်မှာ ဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေကိုလည်း မိဘတွေက အကုန်ပြန်ခေါ်ပြီး လမ်းပေါ်မှာ လူအသွားအလာ သိပ်မရှိဘူး။ အားလုံး ကြောက်လန့်နေကြတယ်။ ပစ်ခတ်သံတွေက တစ်ချက်တစ်ချက်ကြားနေရတယ်” ဟု ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို ထိုင်းဘက်မှ သက်ဆိုင်ရာ အာဏာပိုင်များက ကူညီနေပြီး အများစုသော စစ်ဘေးရှောင်များမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရ၍ စားနပ်ရိက္ခာ၊ အဝတ်အထည်များ မယူဆောင်နိုင်ကြကြောင်း သိရှိရသည်။

မွန်ပြည်သစ်ပါတီ၏ ဂိတ်စခန်း သိမ်းပိုက်ခံထားရသည်ဆိုသော သတင်းကို ဘုရားသုံးဆူမြို့ခံအများစု သိရှိထားရာ တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်လျက်ရှိသည်ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts