Local News Web TV

ဘင်္ဂလားဒေ့ရှ်တွင် ကြက်သွန်နီပြတ်လပ်မှု မြန်မာ့ကြက်သွန်ဈေးအမြင့်ဆုံးတက်၊ ၁ ပိဿာ ၃၂၀၀ ထိတက်နေ(ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်တွင် ကြက်သွန်နီပြတ်လပ်မှု မြန်မာ့ကြက်သွန်ဈေးအမြင့်ဆုံးတက်၊ ၁ ပိဿာ ၃၂၀၀ ထိတက်နေ(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြက်သွန်နီပြတ်လပ်ပြီး အဲဒီဘက်က ကုန်သည်တွေ မြန်မာဘက်လာပြီး ကြက်သွန်နီတွေဝယ်နေတဲ့အတွက် မြန်မာ့ ကြက်သွန်နီဈေးနှုန်း တစ်ပိသာ ၃၂၀၀ ကျပ်အထိ ရှိလာတယ်လို့ ပျော်ဘွယ်မြို့ ကြက်သွန်ကုန်သည်တွေထံမှ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ကုန်သည်တွေဟာ လက်ရှိအချိန်မှာ မြင်းခြံ၊ ပခုက္ကူ၊ တောင်သာ၊ မလှိုင် နဲ့ ပျော်ဘွယ်မြို့နယ်အထိ လာရောက်ဝယ်ယူနေတာလည်း ဖြစ်ပါတယ်၊ ကြက်သွန်နီတင်ပို့မှုအနေနဲ့ (၂)ရက်အတွင်း ပိသာချိန် (၂)သိန်းခန့်တင်ပို့နေရပြီး နေ့စဉ် ကား(၅)စီး ၊ (၁၀) စီး ခန့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နေရတယ်လို့ သိရပါတယ်။

တင်ပို့ရာလမ်းကြောင်းကတော့ ပျော်ဘွယ်ကနေ စစ်တွေ၊ စစ်တွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့တာလို့ သိရပါတယ်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ ကြက်သွန်နီဈေးကွက်ကတော့ နိုဝင်ဘာ(၁၈) ရက်နေ့မှာ တစ်ကီလိုလျှင် မြန်မာငွေ ကျပ်(၅၄၀၀) အထိ ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်က ကြက်သွန်နီဈေးကွက်မှာ ၁ ပိဿာ အမြင့်ဆုံးဈေး (၁၂၀၀) ကျပ် ခန့်သာ ရှိခဲ့ပြီး လက်ရှိမှာတော့ အမြင့်ဆုံးဈေး ၁ ပိဿာ ကျပ် ၃၂၀၀ ထိ ရောက်ရှိနေပါတယ်။

ကြက်သွန်နီစိုက်တောင်သူတွေအနနဲ့ တစ်ပိသာ ၆၀၀ ကျပ် အတွင်းမှာ ရောင်းထုတ်ခဲ့တဲ့အတွက် ကြက်သွန်နီဈေးမြင့်တက်နေပေမယ့် တောင်သူတွေ လက်ထဲမှာ ကြက်သွန်မရှိတော့ပါဘူး။

ကြက်သွန်နီစိုက်ပျိုးဖို့ တစ်ဧကလျှင် ကုန်ကျစရိတ်စုစုပေါင်း (၁၅)သိန်းခန့် ရှိနေပြီး တစ်ဧကမှာ ကြက်သွန်နီ ပိသာချိန် စုစုပေါင်း(၄၀၀၀)ထိ ထွက်လေ့ရှိတယ်လို့ သိရပါတယ်။

ဘဂၤလားေဒ့ရွ္ၾကက္သြန္နီျပတ္လပ္မႈ ျမန္မာကုိ ရုိက္ခတ္(ရုပ္/သံ)

ဘဂၤလားေဒ့ရွ္တြင္ ၾကက္သြန္နီျပတ္လပ္မႈ ျမန္မာ့ၾကက္သြန္ေစ်းအျမင့္ဆုံးတက္၊ ၁ ပိႆာ ၃၂၀၀ ထိတက္ေန(ရုပ္/သံ) ရန္ကုန္၊ ႏုိ၀င္ဘာ ၁၉ ဘဂၤလားေဒ့ရွ္ႏိုုင္ငံမွာ ၾကက္သြန္နီျပတ္လပ္ၿပီး အဲဒီဘက္က ကုန္သည္ေတြ ျမန္မာဘက္လာၿပီး ၾကက္သြန္နီေတြ၀ယ္ေနတဲ့အတြက္ ျမန္မာ့ ၾကက္သြန္နီေစ်းႏႈန္း တစ္ပိသာ ၃၂၀၀ က်ပ္အထိ ရွိလာတယ္လို႔ ေပ်ာ္ဘြယ္ၿမိဳ႕ ၾကက္သြန္ကုန္သည္ေတြထံမွ သိရပါတယ္။ဘဂၤလားေဒ့ရွ္ကုန္သည္ေတြဟာ လက္ရွိအခ်ိန္မွာ ျမင္းျခံ၊ ပခုကၠဴ၊ ေတာင္သာ၊ မလိႈင္ နဲ႔ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အထိ လာေရာက္၀ယ္ယူေနတာလည္း ျဖစ္ပါတယ္၊ ၾကက္သြန္နီတင္ပို႔မႈအေနနဲ႔ (၂)ရက္အတြင္း ပိသာခ်ိန္ (၂)သိန္းခန္႔တင္ပို႔ေနရၿပီး ေန႔စဥ္ ကား(၅)စီး ၊ (၁၀) စီး ခန္႔ ဘဂၤလာေဒ့ရွ္ႏိုင္ငံသို႔ တိုက္ရိုက္တင္ပို႔ု႔ေနရတယ္လို႔ သိရပါတယ္။ တင္ပို့ရာလမ္းေၾကာင္းကေတာ့ ေပ်ာ္ဘြယ္ကေန စစ္ေတြ၊ စစ္ေတြကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံကို တင္ပို႔တာလို႔ သိရပါတယ္။ဘဂၤလာေဒ့ရွ္ႏိုင္ငံရဲ႕ ၾကက္သြန္နီေစ်းကြက္ကေတာ့ ႏို၀င္ဘာ(၁၈) ရက္ေန႔မွာ တစ္ကီလိုလွ်င္ ျမန္မာေငြ က်ပ္(၅၄၀၀) အထိ ရွိေနပါတယ္။ ၂၀၁၈ ခုႏွစ္က ၾကက္သြန္နီေစ်းကြက္မွာ ၁ ပိႆာ အျမင့္ဆုံးေစ်း (၁၂၀၀) က်ပ္ ခန္႔သာ ရွိခဲ့ၿပီး လက္ရွိမွာေတာ့ အျမင့္ဆုံးေစ်း ၁ ပိႆာ က်ပ္ ၃၂၀၀ ထိ ေရာက္ရွိေနပါတယ္။ ၾကက္သြန္နီစိုက္ေတာင္သူေတြအနနဲ႔ တစ္ပိသာ ၆၀၀ က်ပ္ အတြင္းမွာ ေရာင္းထုတ္ခဲ့တဲ့အတြက္ ၾကက္သြန္နီေစ်းျမင့္တက္ေနေပမယ့္ ေတာင္သူေတြ လက္္ထဲမွာ ၾကက္သြန္မရွိေတာ့ပါဘူး။ ၾကက္သြန္နီစိုက္ပ်ဳိးဖုိ႔ တစ္ဧကလွ်င္ ကုန္က်စရိတ္စုစုေပါင္း (၁၅)သိန္းခန္႔ ရွိေနၿပီး တစ္ဧကမွာ ၾကက္သြန္နီ ပိသာခ်ိန္ စုစုေပါင္း(၄၀၀၀)ထိ ထြက္ေလ့ရွိတယ္လို႔ သိရပါတယ္။www.khitthitnews.com

Posted by Khit Thit Media on Monday, 18 November 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts