All News Local News

ပေါက်တောမြို့နယ်ရှိ မွတ်စလင် ဒုက္ခသည်စခန်းတွင် မီးလောင်၊ မိန်းကလေးငယ် ၂ ဦးသေဆုံး

ပေါက်တောမြို့နယ်ရှိ မွတ်စလင် ဒုက္ခသည်စခန်းတွင် မီးလောင်၊ မိန်းကလေးငယ် ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ၊ ပုဏ္ဏားကြီးကျေးရွာအုပ်စု၊ ငှက်ချောင်း(၂) မွတ်စလင်ဒုက္ခသည် စခန်းတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ်(၂)ဦး သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ်မီး သတ်ဦစီးဌာန မှ သိရသည်။

ငှက်ချောင်း အမှတ် ၂ IDP စခန်းရှိ အခန်း(၉)တွင် မီးကြွင်းမီးကျန်များမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊
မီးလောင်မှုကြောင့် ၈ ခန်းတွဲအိမ်ကြီး ၂ လုံး၊ အိမ် ၁၄ လုံး စုစုပေါင်းအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အခန်းတွေက ပျဉ်ကာသွပ်မိုးနဲ့ဆောက်ထားတဲ့အခန်း ၁၆ လုံး၊ မိန်းကလေး(၂)ဦး အသက်ဆုံးရှုံးခဲ့ခဲ့ပါတယ်၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ (၇၇)သိန်း (၅)သောင်းပါ၊ မီးဘေးသင့်သူတွေကိုတော့ IDP Camp ထဲမှာပဲ ထားပါတယ် ” ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှူး ဦးခင်မောင်ရီကပြောသည်။

လက်ရှိအချိန်တွင် မီးလောင်ခဲ့သည် ငှက်ချောင်း အမှတ် ၂ IDP စခန်း သည် ပေါက်တောမြို့နယ်မီးသတ်စခန်းနှင့် ရေမိုင်(၁၄)မိုင်ခန့်ကွာဝေးကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts