Features Inequality Web TV

နေ့ပြန်တိုးနဲ့ ဆင်းရဲမှု သံသရာ

နေ့ပြန်တိုးနဲ့ ဆင်းရဲမှု သံသရာ

By ရန်ကုန်ခေတ်သစ်( Inequality)

လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၃၂ ဒသမ ၁ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံတွေမှာ ဆင်းရဲမှု ဒဏ် အခံရဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၁၉ ခုနှစ် ကိန်းဂဏန်းတွေအရ သိရပါတယ်။

မြို့ပြဒေသကြီးတွေနဲ့ ကျေးလက်တောရွာတွေမှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လူထုတွေဟာ ကိုယ့်အားကိုယ်ကိုးတဲ့စနစ်နဲ့ပဲ ရင်ဆိုင်နေရပြီး အစိုးရဘက်က ကူညီမှုဟာ မရှိသလောက်ကို နည်းပါးလှပါတယ်။

ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ရင်း နေ့စဉ် စားဝတ်နေရေး ဖြေရှင်း အလုပ်လုပ်ဖို့အတွက် အတိုးနှုန်း ကြီးကြီးနဲ့ ချေးယူရင်း ဆင်းရဲလို့ အတိုးယူ ငွေချေး၊ အတိုးဆပ်ရင်း ထပ်ဆင်းရဲနေကြရပါတယ်။

၂ဝ၁၆ သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် သာမန်လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသူများဖြစ်ပါတယ်။ အများစုဟာ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကျသလို ဈေးတွေတည်းမှာလည်း ဈေးရောင်းသူတွေအဖြစ် ဘဝကိုရပ်တည်ကြပါတယ်။

လူဦးရေ ၅ယောက်ရှိတဲ့ အိမ်ထောင်စုမှာ အလုပ်လုပ်ကိုင်သူ ၃ဦးရှိပေမယ့်လည်း မိသားစုအတွက် ပြန်လည်မထောက်ပံ့နိုင်ဘဲ အကြွေးတွေနဲ့ပိနေလို့ ကလေးတွေကိုတောင် ကျောင်းမထားနိုင်တော့တဲ့အကြောင်း မျက်ရည်တွေနဲ့ ပြောလာသူ လှိုင်သာယာမှ ဒေါ်မာမာအေးပါ။

ရန်ကုန်မြို့ရဲ့ မြို့ပြဆင်ခြေဖုံးရပ်ကွက်တွေ၊ ဈေးတွေမှာ နေ့ပြန်တိုး ပေးတဲ့ လုပ်ငန်းတွေဟာ အတိုင်းအဆမရှိကို ကြီးထွားနေပါတယ်။ နေ့ပြန်တိုး အတိုးနှုန်းသတ်မှတ်ပုံ၊ အတိုးအမျိုးမျိုးနဲ့ ဒုက္ခပင်လယ်ဝေနေရပုံကို ဒေါ်ခင်မျိုးကြည်က ရှင်းပြပါတယ်။

နေ့ပြန်တိုးပေးမယ့်သူတွေအပြင် ရပ်ကွက်တွေမှာ တရားဝင်လိုင်စင်ရ အပေါင်ဆိုင်တွေဟာလည်း အတော်ကို အလုပ်ဖြစ်လာနေပါတယ်။ အပေါင်ဆိုင်တွေမှာ ငွေ ၁၀၀ ကို အထည်နဲ့ အခြားပစ္စည်းဆိုရင် တစ်လ ၇ ကျပ်တိုး၊ ရွှေပေါင်မယ်ဆိုရင်တော့ ငွေကျပ် ၁၀၀ ကို တစ်လ ၃ ကျပ်တိုးပေးရပါတယ်။ အပေါင်ဆိုင်တွေမှာလည်း လူတွေ စည်ကားနေပြီး အပေါင်ဆိုင်လုပ်ငန်းတွေဟာလည်း ကြီးထွားလာနေပါတယ်။

မြန်မာနိုင်ငံလိုပဲ ဆင်းရဲသားတွေ ရှိပေမယ့် ဒီဆင်းရဲသားတွေကို တိုက်ရိုက် ငွေချေးပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်တဲ့ စံပြပုဂ္ဂိုလ်တစ်ဦး မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေပါတယ်။ သူကတော့ ၂၀၀၆ ခုနှစ်ရဲ့ စီးပွားရေး နိုဘလ်ဆုရှင် မိုဟာမက် ယူနပ်စ်ပါ ။ မြန်မာနိုင်ငံမှာလည်း မိုဟာမက် ယူနစ်လို စီးပွားရေးသမားတွေ လိုအပ်နေပါတယ်။

အစိုးရကလည်း လျစ်လျူရှုထားချိန် ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်ကလည်း ဆင်းရဲမွဲနေကြတဲ့ ပြည်သူတွေကို လှည့်မကြည့်ကြပါဘူး။

ဆင်းရဲနွမ်းပါးမှုများရှိနေခြင်းက စနစ်အရမှားယွင်းနေပြီး လူတစ်ဦးချင်းဆီရဲ့ အလုပ်လုပ်ချင်စိတ်တွေ စာရိတ္တပိုင်းဆိုင်ရာတွေမှာ ပိုပြီးတော့အားနည်းလာခြင်းကြောင့်ဖြစ်တယ်လို့ M.K.T ဆောက်လုပ်ရေးလုပ်ငန်းလုပ် အမှုဆောင်အရာရှိချုပ် ဦးမျိုးမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေ ရရှိဖို့ လိုအပ်နေပြီး တစ်ဦးကျဝင်ငွေတွေ တိုးပွားဖို့လိုအပ်နေတယ်လို့ ရွှေလင်ဗန်းစက်မှုဇုန်ကြီးကြပ်မှုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်ကပြောဆိုပါတယ်

ဆင်းရဲမွဲတေနေတဲ့ ပြည်သူကတော့ ဘယ်သူ့အားကိုးရမှန်းမသိဘဲ အတိုးနှုန်း ကြီးကြီးနဲ့ ဘ၀ ရှင်သန်ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတာမို့ အတိုးသံသရာနဲ့ ဆင်းရဲမွဲတေမှု စက်ဝန်းက အလွယ်တကူ လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးတာက အသေအချာပါပဲ။

Photo Credit – m i c h a e l


နေ့ပြန်တိုးနဲ့ ဆင်းရဲမှု သံသရာ(ရုပ်/သံ)By ရန်ကုန်ခေတ်သစ်( Inequality) လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၃၂ ဒသမ ၁ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီး အာဆီယံနိုင်ငံတွေမှာ ဆင်းရဲမှု ဒဏ် အခံရဆုံးနိုင်ငံစာရင်းမှာ ပါ၀င်နေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၁၉ ခုနှစ် ကိန်းဂဏန်းတွေအရ သိရပါတယ်။မြို့ပြဒေသကြီးတွေနဲ့ ကျေးလက်တောရွာတွေမှာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် လူထုတွေဟာ ကိုယ့်အားကိုယ်ကိုးတဲ့စနစ်နဲ့ပဲ ရင်ဆိုင်နေရပြီး အစိုးရဘက်က ကူညီမှုဟာ မရှိသလောက်ကို နည်းပါးလှပါတယ်။ဆင်းရဲမွဲတေမှုကို ရင်ဆိုင်ရင်း နေ့စဉ် စား၀တ်နေရေး ဖြေရှင်း အလုပ်လုပ်ဖို့အတွက် အတိုးနှုန်း ကြီးကြီးနဲ့ ချေးယူရင်း ဆင်းရဲလို့ အတိုးယူ ငွေချေး၊ အတိုးဆပ်ရင်း ထပ်ဆင်းရဲနေကြရပါတယ်။၂ဝ၁၆ သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် သာမန်လက်လုပ်လက်စား ဆင်းရဲနွမ်းပါးသူများဖြစ်ပါတယ်။ အများစုဟာ စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကျသလို စျေးတွေတည်းမှာလည်း စျေးရောင်းသူတွေအဖြစ် ဘဝကိုရပ်တည်ကြပါတယ်။လူဦးရေ ၅ယောက်ရှိတဲ့ အိမ်ထောင်စုမှာ အလုပ်လုပ်ကိုင်သူ ၃ဦးရှိပေမယ့်လည်း မိသားစုအတွက် ပြန်လည်မထောက်ပံ့နိုင်ဘဲ အကြွေးတွေနဲ့ပိနေလို့ ကလေးတွေကိုတောင် ကျောင်းမထားနိုင်တော့တဲ့အကြောင်း မျက်ရည်တွေနဲ့ ပြောလာသူ လှိုင်သာယာမှ ဒေါ်မာမာအေးပါ။ရန်ကုန်မြို့ရဲ့ မြို့ပြဆင်ခြေဖုံးရပ်ကွက်တွေ၊ စျေးတွေမှာ နေ့ပြန်တိုး ပေးတဲ့ လုပ်ငန်းတွေဟာ အတိုင်းအဆမရှိကို ကြီးထွားနေပါတယ်။ နေ့ပြန်တိုး အတိုးနှုန်းသတ်မှတ်ပုံ၊ အတိုးအမျိုးမျိုးနဲ့ ဒုက္ခပင်လယ်ဝေနေရပုံကို ဒေါ်ခင်မျိုးကြည်က ရှင်းပြပါတယ်။ နေ့ပြန်တိုးပေးမယ့်သူတွေအပြင် ရပ်ကွက်တွေမှာ တရား၀င်လိုင်စင်ရ အပေါင်ဆိုင်တွေဟာလည်း အတော်ကို အလုပ်ဖြစ်လာနေပါတယ်။ အပေါင်ဆိုင်တွေမှာ ငွေ ၁၀၀ ကို အထည်နဲ့ အခြားပစ္စည်းဆိုရင် တစ်လ ၇ ကျပ်တိုး၊ ရွှေပေါင်မယ်ဆိုရင်တော့ ငွေကျပ် ၁၀၀ ကို တစ်လ ၃ ကျပ်တိုးပေးရပါတယ်။ အပေါင်ဆိုင်တွေမှာလည်း လူတွေ စည်ကားနေပြီး အပေါင်ဆိုင်လုပ်ငန်းတွေဟာလည်း ကြီးထွားလာနေပါတယ်။မြန်မာနိုင်ငံလိုပဲ ဆင်းရဲသားတွေ ရှိပေမယ့် ဒီဆင်းရဲသားတွေကို တိုက်ရိုက် ငွေချေးပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်တဲ့ စံပြပုဂ္ဂိုလ်တစ်ဦး မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ရှိနေပါတယ်။ သူကတော့ ၂၀၀၆ ခုနှစ်ရဲ့ စီးပွားရေး နိုဘလ်ဆုရှင် မိုဟာမက် ယူနပ်စ်ပါ ။ မြန်မာနိုင်ငံမှာလည်း မိုဟာမက် ယူနစ်လို စီးပွားရေးသမားတွေ လိုအပ်နေပါတယ်။အစိုးရကလည်း လျစ်လျူရှုထားချိန် ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်ကလည်း ဆင်းရဲမွဲနေကြတဲ့ ပြည်သူတွေကို လှည့်မကြည့်ကြပါဘူး။ဆင်းရဲနွမ်းပါးမှုများရှိနေခြင်းက စနစ်အရမှားယွင်းနေပြီး လူတစ်ဦးချင်းဆီရဲ့ အလုပ်လုပ်ချင်စိတ်တွေ စာရိတ္တပိုင်းဆိုင်ရာတွေမှာ ပိုပြီးတော့အားနည်းလာခြင်းကြောင့်ဖြစ်တယ်လ်ို့ M.K.T ဆောက်လုပ်ရေးလုပ်ငန်းအမှုဆောင်အရာရှိချုပ် ဦးမျိုးမြင့်က ပြောပါတယ်။မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူတွေအတွက် အလုပ်အကိုင်အခွင့်အရေးတွေ ရရှိဖို့ လိုအပ်နေပြီး တစ်ဦးချင်းဝင်ငွေတွေ တိုးပွားဖို့လိုအပ်နေတယ်လို့ ရွှေလင်ဗန်းစက်မှုဇုန်ကြီးကြပ်မှုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်ကပြောဆိုပါတယ် ဆင်းရဲမွဲတေနေတဲ့ ပြည်သူကတော့ ဘယ်သူ့အားကိုးရမှန်းမသိဘဲ အတိုးနှုန်း ကြီးကြီးနဲ့ ဘ၀ ရှင်သန်ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတာမို့ အတိုးသံသရာနဲ့ ဆင်းရဲမွဲတေမှု စက်၀န်းက အလွယ်တကူ လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးတာက အသေအချာပါပဲ။ Photo Credit – m i c h a e l www.khitthitnews.com

Posted by Khit Thit Media on Friday, 22 November 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts