All News China Watch Local News

တရုတ် BRI တံဆိပ်တပ် စီမံကိန်းများ မြန်မာအစိုးရ သေချာ မကိုင်တွယ်လျှင် လူထုထိခိုက်နိုင်ဟု TNI သတိပေး

တရုတ် BRI တံဆိပ်တပ် စီမံကိန်းများ မြန်မာအစိုးရ သေချာ မကိုင်တွယ်လျှင် လူထုထိခိုက်နိုင်ဟု TNI သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပူူပေါင်းလုပ်ဆောင်လျက်ရှိသော စီမံကိန်းများတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI) တံဆိပ်တပ်လုပ်ဆောင်နေသော စီမံကိန်းများ မြောက်မြားစွာရှိသည့်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူလူထုအကျိုးအမြတ်ကို လေ့လာဆန်းစစ်ကာ စနစ်တကျကိုင်တွယ်သင့်ကြောင်း Transnational Institute (TNI)၏ Planning and Evaluation Coordinator ဖြစ်သူ Stephanie ကသတိပေး ပြောဆိုသည်။

ယမန်နေ့ Myanmar Press Freedom Center တွင် ကျင်းပပြုလုပ်သော တရုတ်ခါးပတ်လမ်းအကြောင်း ဆွေးနွေး ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI)စီမံကိန်း သည် အရင်းရှင်းစနစ်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်ကာ ကျယ်ပြန့်လျော့ရဲသည့် စီမံမှုပုံစံဖြင့် လုပ်ဆောင်သော လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်း မည်သည့်နေရာတွင်လုပ်သည်ဖြစ်စေ BRI မူဘောင်အောက်သို့ထည့်သွင်းနိုင်ကာ တရုတ်နိုင်ငံ၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပြည်နယ်အစိုးရများစီးပွားရေးဖွံ့ဖြိုးမှုကို အကျိုးမြတ်ရယူရန် ၎င်းတို့၏ စီမံကိန်းများကို BRI ခေါင်းစဉ်ဖြင့် တင်ရန်ကြိုးပမ်းခြင်းဖြစ်သည်ဟု TNI၏ သုံးသပ်သည်။

“BRI လို့တံဆိပ်တပ်ထားတဲ့ လုပ်ငန်းတစ်ခုချင်းဆီကို သေချာကြည့်ဖို့ လိုအပ်တယ်။ BRIဆိုတာ လုပ်ငန်းအားလုံးစုပြီးလုပ်ထားတဲ့ မူဘောင်တစ်ခုဖြစ်တဲ့အတွက် တရုတ်အစိုးရကိုယ်တိုင်လည်းမထိန်းကျောင်းနိုင်ဘူး။ မစောင့်ကြည့်နိုင်ဘူး။ မြန်မာနဲ့တရုတ်စီးပွားရေးကိုပြန်ကြည့်တဲ့အခါကျတော့ မြန်မာတရုတ်ဆက်ဆံရေးက BRIမှမဟုတ်ဘူး။ ရှေးတည်းကကုန်စည် ကူးသန်းရောင်းဝယ်ရေးအတွက် လုပ်ခဲ့တဲ့ သဘောတူညီချက်တွေအများကြီးရှိတယ်။စီးပွားရေးစင်္ကြန်တွေရှိတယ်။ ဒီBRIဆိုတာကနောက်ဆုံးမှဝင်လာတဲ့တံဆိပ်တစ်ခုဖြစ်တယ်။ CMECနဲ့ BRIကြားရှိခဲ့တဲ့ မြန်မာနိုင်ငံမှာဝင်တဲ့လုပ်ငန်းတွေအများကြီး တချို့ကနားထားတာရှိတယ်။ လုပ်နေတာတွေရှိတယ်။ မြန်မာနိုင်ငံမှာ နှစ်ရှည်လများ တရုတ်နဲ့ သဘောတူခဲ့တဲ့ စီးပွားရေးသဘောတူညီချက်တွေ အောက်မှာရှိခဲ့တယ်။ အရင်လုပ်ငန်းဟောင်းတွေကိုပဲ BRI အောက်အမည်သစ်နဲ့ ပြန်ပြောင်းလိုက်တာပဲဖြစ်တယ်။ ဒါကြောင့် လက်ရှိချိန်မှာ မြန်မာအစိုးရအနေနဲ့ကလည်း BRIနဲ့ပတ်သက်ပြီး သတိထားပြီးလုပ်ဆောင်နေတာ အရမ်းကောင်းတယ်။ တစ်ခုချင်းသေသေချာချာ လေ့လာဆန်းစစ်ပြီး ခွင့်ပြုလိုက်ရင်ပြည်သူတွေအတွက်ဘာအကျိုးရှိမလဲ။ ဘာအကျိုးအမြတ်ရမလဲ။ သေသေချာချာ လေ့လာဆန်းစစ်ပြီး လုပ်နေတဲ့ချင်းကပ်မှုပုံစံအတိုင်းလုပ်သင့်တယ်”ဟု Stephanieကပြောဆိုသည်။

ထို့ပြင် BRIကို မြန်မာအစိုးရအနေဖြင့် စီမံကိန်းတစ်ခုချင်းစီအလိုက် နိုင်ငံအတွက် မည်မျှ အကျိုးရှိမည်၊ ပြည်သူလူထုကို မည်မျှ ထိခိုက်မည်၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်ပြီး ချဉ်းကပ်သင့်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တရုတ်မြန်မာစီးပွားရေးစင်္ကြံလမ်း- China Myanmar Economic Corridor (CMEC) နှင့်ပတ်သက်ပြီး မည်သည့်လုပ်ငန်းများပါဝင်မည် ဆိုသည်ကို ရှင်းလင်းမှုမရှိသလို BRI တံဆိပ်တပ်ကာ လုပ်ငန်းများစွာဆောင်ရွက်နေပြီး အထူးသဖြင့် (၁) မြန်မာတရုတ်နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်းစီမံကိန်း (၂) တရုတ်မြန်မာ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း (၃) တရုတ်မြန်မာ ကုန်းလမ်းနှင့်ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်း (၄) အထူးစီးပွားရေးဇုန်စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခြင်း အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးတိုင်ပင်မှုမရှိခြင်း စီးပွားရေးအရတွက်ခြေကိုက်မှုမသေချာခြင်း လူမှုရေး စီးပွားရေး ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများဆိုးကျိုးများရှိနိုင်ခြင်းတို့အပေါ် TNI က မီးမှောင်းထိုးပြနေ သတိပေးသည်။

မြန်မာနိုင်ငံပြုလုပ်မည့် BRI စီမံကိန်းအများစုသည် ပဋိပက္ခဖြစ်ပွားရာေဒေများတွင် အကောင်အထည်ဖော်မည်ဖြစ်သည့်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကြောင့် လက်ရှိပဋိပက္ခများအပေါ်ဆိုးကျိုးသက်ရောက်မှုမရှိရန်အတွက် အလွန်အရေးကြီးကာ စီမံကိန်းများကို ကာကွယ်ရန်အတွက် စစ်အင်အား တိုးချဲ့ခြင်း မပြုလုပ်သင့်သကဲ့သို့ လက်ရှိဖြစ်နေသော ပဋိပက္ခများကို ပိုးဆိုးရွားစေခြင်းများ အသစ်ဖြစ်ပွားနိုင်သည့် ပဋိပက္ခများ ဖန်တီးခြင်းမပြုလုပ်သင့်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် သတိပေးသုံးသပ်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com