interview Peace political news

“တရားသူကြီးချုပ်က စစ်ဗိုလ်ဖြစ်နေတယ်။ ရှေ့နေချုပ်ကလည်း စစ်ဗိုလ်ချုပ်ပဲ။ ပြည်ထဲရေးဝန်ကြီးကလည်းစစ်ဗိုလ်ပဲ။ စစ်ဗိုလ်တရားဥပဒေစိုးမိုးရေးဖြစ်နေတယ်”

“တရားသူကြီးချုပ်က စစ်ဗိုလ်ဖြစ်နေတယ်။ ရှေ့နေချုပ်ကလည်း ဒေါ်စုခန့်ထားတာ သူလည်း စစ်ဗိုလ်ချုပ်ပဲ။ ပြည်ထဲရေးဝန်ကြီးကလည်းစစ်ဗိုလ်ပဲ။ စစ်ဗိုလ်တရားဥပဒေစိုးမိုးရေးဖြစ်နေတယ်”

ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေရေးရာအထောက်ကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေရေးရာအထောက်ကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို လက်ရှိ တရားရေးကဏ္ဍအခြေအနေ၊ တပ်မတာ်က တရားစွဲဆိုထားသော အမှုအခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ တပ်မတော်က ဆရာ့ကို စွဲဆိုထားတဲ့ အမူအခြေအနေကဘယ်လိုရှိလဲ။

ဖြေ။ ။ ဘယ်လိုရှိလဲဆိုတော့ အခုထိကတော့ တရားဝင်စာမရသေးဘူးပေါ့။ စွဲထားတယ်လိုပဲ သတင်းကြားသိရတယ်။

မေး။ ။ ဒီလိုမျိုး တရားစွဲဆိုတာကဥပဒေနဲ့ ညီရဲ့လား။

ဖြေ။ ။ သူကဥပဒေနဲ့မညီဘူး။ ဘာလို့မညီလည်းဆိုတော့ ဒီအမူက နိုင်ငံတော်ကပေါ်လစီပေါ့။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကလွှတ်တော်မှာဆွေးနွေးနေတဲ့ ပေါ်လစီအမူပဲ ပေါ်လစီအရ တပ်လည်းပါတယ် တိုင်းရင်းသားတွေလည်းပါတယ်။ အဲဒီ ၄၅ဦးကော်မတီရဲ့ လုပ်ရပ်ကိုထောက်ခံတဲ့ ထောက်ခံပွဲပြုလုပ်တာ ဒါပေါ်လစီပဲ အဲဒီတော့ အဲဒီလိုလုပ်တဲ့နေရာမှာလည်း သက်ဆိုင်ရာမြို့နယ်ကနေပြီးတော့ တာဝန်ရှိတဲ့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာပိုင်အဖွဲ့စည်းတွေကနေပြီးတော့ ငြိမ်းစုစည်းဥပဒေအရခွင့်ပြုချက်တင်ပြီးတော့ ခွင့်ပြုချက်တောင်း ပြီးတော့လုပ်တာ ဖိတ်စာနှင့်တကွ ကျကျနနလုပ်တာ အစည်းဝေးလုပ်တဲ့အခါကျတော့လညး အဲဒီပုဂ္ဂိုလ်တွေ ဒီလွှတ်တော်ကိုယ်စားလှယ်တွေလည်းတက်ရောက်တယ်။

ဒီအစည်းအဝေးမှာ အဲဒီတော့ နိုင်ငံတော်အစည် းအဝေးသဘောမျိုးဆန်ဆန်ပေါ့လေ ဒီလိုထောက်ခံပွဲပြုလုပ်တဲ့ အစည်းအဝေးပါ အစည်းအဝေးကလေ ဆရာတို့ကိုလည်းဖိတ်စာနဲ့ တကွဖိတ်လို့သွားပြောတာ ဆရာကကျန်တဲ့ဟောပြောတဲ့ သူနှစ်ယောက်ကို ဆရာလုံးဝမသိဘူး။ အရင်ကမသိဘူး အဲဒီရောက်မှသိတာ နောက်တစ်ခါ အဲကော့သောင်းလူတွေလည်းပဲ အဲဒီကျတော့မှသိတာ ဆရာကော့သောင်းမရောက်ဘူးလို့ ဆိုပြီးသွားရင်းနဲ့ ဒီလိုဟောပြောဖြစ်တာပါ။ တမင်သက်သက်ကြီး အချိန်ယူပြီးတော့သွားတာမဟုတ်ဘူး။ ဆရာလည်းအားတဲ့အချိန်တိုးလို့ သူတို့ကလည်းဆရာကိုညှိနေတာမဟုတ်ဘူး။ ဆရာမအားရင် နောက်တစ်ယောက်ကို ဦးသိန်းသန်းဦးကို သူတို့ကရွေးထားတယ်။ ဆရာတစ်ယောက်တည်းကိုဖိတ်တာမဟုတ်ဘူး။

မေး။ ။ တရားစွဲဆိုထားတာက ဥပဒေနဲ့ မညီဘူးလို့ ဘယ်လိုအချက်တွေကြောင့် ပြောနိုင်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ကိုတရားစွဲထားတာ ၅၀၅(က)လို့ကြားနေရတယ်။ ဆရာတို့ လက်ဝယ်တော့ မရသေးဘူးပေါ့နော် အဲဒီဥပဒေနဲ့ ဆရာတို့နဲ့ မဆိုင်ဘူး။ အဲဒီဥပဒေကဘယ်လိုပြဌာန်းလည်းဆိုတော့ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား (သို့မဟုတ်) တပ်သားအား စစ်ပုန်ကန်ခြင်းသော်လည်းကောင်း၊ သက်ဆိုင်ရာမိမိဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန်အကြံရှိလျှင်(သို့မဟုတ်) ပြုလျှင်အကြောင်းရှိလျှင်လို့ သူကအဲဒီလိုပြောတယ်။ အဲဒီဆရာတို့အစည်းအဝေးမှာ ဘယ်စစ်သားမှမလာဘူး။ ဘယ်အရာရှိမှမလာဘူး။ ဆရာတို့ကလည်းဘယ်ယူနီဖောင်းမှ မတွေ့ဘူး။ ဆရာတို့ကလည်းအရာရှိတစ်ဦး တပ်သား အရာရှိများကို တပ်သားများကို ပြောတဲ့ အစည်းအဝေးလည်းမဟုတ်ဘူး။ အဲဒီအစည်းအဝေးမှာ အရာရှိအားဆိုတဲ့ဟာ အဲဒီအရာရှိလည်းမရှိဘူး။ တပ်သားလည်းမရှိဘူး။ အဲဒီအစည်းအဝေးမှာပြည်သူလူထုပဲတက်တဲ့ အစည်းအဝေး အဲဒါကြောင့်မို့လို့ ဒီဥပဒေနဲ့ဆရာတို့ကိုစွဲတာ ဥပဒေအရမှားနေတယ်။ ဆရာတို့နဲ့မဆိုင်ဘူး။
ဘယ်စစ်သား ဘယ်စစ်ဗိုလ်ကိုမှလည်းဆရာတို့ လက်ဖက်ရည်ဆိုင်မှာလည်းမပြောဘူး။ ဘယ်မှလဘည်းမပြောဘူး။ အဲဒီမှာလည်းပဲဘယ်သူမှမပါဘူး။ ပါကြောင်းကိုထင်ရှားအောင် ပြထားတာမရှိဘူးမပြနိုင်ဘူး။ ဒါကြောင့်မို့ ဒီဥပဒေနဲ့စွဲတာသည် ဆရာတို့ကိုလွဲမှားစွာစွဲထားဆိုတာထပ်ပြီးတော့ ဥပဒေအရမှားယွင်းနေတယ်။ ဆရာတို့ကဥပဒေနဲ့မညီဘဲနဲ့ အညီမဟုတ်သောအရေးယူခံရတယ်ဆိုတာကိုဆရာတို့ ထပ်ပြောချင်တယ်။

မေး။ ။ ဒီအမူနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ မညီဘူးဆိုတော့ ဘယ်လိုတုန့်ပြန်သွားဖို့ရှိလဲ။

ဖြေ။ ။ ဥပဒေနဲ့ မညီတာကိုပထမဆက်ပြောလိုက်အုံးမယ်လေ ဆရာတို့ကဥပဒေနဲ့ ငြိမ်းစုစီဥပဒေနဲ့ ဟောပြောတာ တကယ်တော့ ငြိမ်းစုစီ ဥပဒေကဘာလဲလို့ဆိုရင် ငြိမ်းစုစီ ဥပဒေကဆရာတို့ကိုအကာကွယ်ပေးဖို့ အနှောက်အယှက်မပေးရအောင် ရဲတွေချထားရမယ်။ ရဲတွေက ဒုရဲအုပ်ထက်မနိမ့်တဲ့ ရဲအရာရှိအဖွဲ့ကိုချထားရမယ်။ တကယ်လို့ဆရာတို့က ငြိမ်းစုစီဥပဒေမှာ မပါတဲ့အကြောင်းတွေကို လျောက်ပြောမယ်။ ဥပမာ အခြေခံဥပဒေနဲ့မဆိုင်တဲ့ အကြောင်းတွေ ရခိုုင်အကြောင်းတွေ တစ်ခါကအမေရိကန်နိုင်ငံအကြောင်းတွေ ထိခိုက်ပြီး အဲဒီလိုပြောလာမယ်ဆိုရင် သူတို့ကတားရမယ်။ အဲလိုမဟုတ်ဘူး။
ခင်ဗျားတို့ ငြိမ်းစုစီဥပဒေ တင်တုန်းကဒါတွေမပါဘူးတားလို့ရတယ်။ တားလို့မရဘူးဆိုရင် မြို့နယ်ရဲတပ်ဖွဲ့မှုးကိုအစီရင်ခံ၊ ထွေအုပ်ကိုစီရင်ခံ ထွေအုပ်ကနေပြီးတော့ ဆရာတို့ တရားစွဲလို့ရတယ်။ ငြိမ်းစုစီဥပဒေအရ စွဲမယ်ဆိုရင်လည်းပဲ (၁၅)ရက်အတွင်းစွဲရမှာ အခုလို(၆)လလောက်ကြာတော့မှ စိတ်ကူးပေါက်ပြီးစွဲလို့မရဘူး။ အဲဒီတော့ ဒီဥပဒေအရ ငြိမ်းစုစီ ဥပဒေနဲ့အညီလုပ်တဲ့ အစည်းအဝေးဖြစ်တယ်။ ဒါကြောင့်မို့ အရေးယူတဲ့အခါကျရင် ငြိမ်းစုစီ ဥပဒေနဲ့ အရေးမယူဘဲနဲ့ တပ်မတော်ကဘာမှသူနဲ့လည်းမဆိုင်ဘဲနဲ့ ၅၀၅(က)နဲ့ဝင်အရေးယူတယ်။ ယူတဲ့အခါမှာလည်းပဲ ဆရာတို့ နိုင်လွတ်လုံဥပဒေဆိုတာရှိတယ်။ နိုင်ငံသားတစ်ဦးချင်းကိုပေးထားတဲ့ ကာကွယ်ပေးတဲ့ဥပဒေ အခုဘယ်လိုဖြစ်နေလည်းဆိုတော့ နိုင်လွတ်လုံက အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်မဲဆန္ဒနယ်ကမဲပေးတဲ့သူကို ပြန်တရားစွဲတပ်မတော်ကလည်း အဲဒါနဲ့လိုက်ပတ်ပြီးစွဲနေတာတွေအများကြီးပဲ။

အဲဒီတော့ နိုင်လွတ်လုံဥပဒေက တကယ့်တကယ်ကျတော့ ဆရာတို့လို ပြည်သူပြည်သားတွေကို ပေးထားတဲ့အခွင့်အရေး နိုင်လွတ်လုံဥပဒေရဲ့ သဘောတရားကဘာလဲဆိုရင် ဆရာတို့ အတိအကျပြောရမယ်ဆိုရင် ၂၀၁၇ခုနှစ်ပြဌာန်းတာပေါ့လေ အဲဒါကဘာလဲဆိုလိုရှိရင် ပုဒ်မ(၈)(ခ)မှာ ဘယ်လိုဆိုထားလည်းဆိုတော့ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မူနှင့် ပုဂ္ဂိုလ်ဆိုင်လုံခြုံမူကိုအနှောင့်အယှက်ဖြစ်စေသော (သို့မဟုတ်) ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်အဖြစ်နဲ့စုံစမ်းခြင်းမပြုရ။

နောက်ယောင်ခံပြီး ဆရာတို့ဟောပြောနေတာကိုမလိုက်ရဘူး။ နောက်တစ်ချက်က(၈)(စ)လုံးမှာ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမိသားစုကိစ္စများတွင် အဓ္ဓမဝင်ရောက်စွဲဖက်ခြင်း (သို့မဟုတ်) လူတစ်ဦး၏ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမူကို ပုတ်ခတ်ခြင်း (သို့မဟုတ်) ထိခိုက်စေရန် တစ်နည်းတစ်နည်းနဲ့ ဆောင်ရွက်ခြင်းဆိုတော့ ဆရာတို့ကို အခုလိုတရားစွဲတာဟာ ဆရာတို့ရဲ့ ပုဂ္ဂိုလ်ဆိုင်ရာဂုဏ်သိက္ခာကိုထိခိုက်တာပေါ့။ အဲဒီတော့တကယ်တမ်းကျတော့ တပ်မတော်ကိုယ်နှက်က ငြိမ်းစုစီဥပဒေကိုလည်းဖောက်ပျက်တယ်။ နိုင်လွတ်လုံဥပဒေလည်းဖောက်ဖျက်ပြီးတော့ တရားစွဲနေတဲ့အတွက်ကြောင့် ဥပဒေနဲ့အညီဆရာတို့ကိုတရားစွဲတာမဟုတ်ဘူး ဆိုတာကိုပထမပြောချင်တယ်။

ဒုတိယကတော့ ဆရာတို့ကို ၆လကြာတဲ့အခါမှာ တပ်မတော်ကနေပြီးတော့ ဆရာတို့ကိုဦးတိုက်လျှောက်တယ်ပေါ့။ ဦးတိုက်လျောက်လွှာမှာကိုက ၅၀၅(က) နဲ့အရေးယူပေးပါလို့ အဲဒီလိုမတင်ရဘူး။ အဲဒါကိုကဥပဒေနဲ့ မညီဘူး။ ဒီလိုဒီလိုဖြစ်လို့ အရေးယူပေးပါ ဒါပဲ။ ရုံးကနေပြီးတော့ တက်လာတဲ့အခါမှာဘယ်ပုဒ်မ တက်ရမလည်းဆိုတဲ့ဟာ သူကစဉ်စားရတယ်ရုံးက ဘယ်ပုဒ်မှနဲ့ တက်ရင်ဆီလျော်ပြီးတော့ အဲဒီလိုလုပ်ဖို့အတွက် ဆရာတို့ စွပ်စွဲခံရတဲ့သူလျောက်ထားခံတဲ့ သူကို ရာဇဝတ်ကျင့်ထုံးပုဒ်မ၂၀၂အရ အကြောင်းကြားရတယ်။ ခင်ဗျာရုံးရှေ့လာ ဒီမှာတော့ခင်ဗျာလျောက်နေပြီ ခင်ဗျာဘာဖြစ်တာလဲရှင်း ဆရာတို့ရှင်းတာနဲ့သူတို့လျောက်တာကို နှစ်ခုစလုံးကိုယှဉ်ဖတ်ပြီးတော့မှ သူကပလိုက်လို့ရတယ်။ သို့မဟုတ် ၅၀၅(က) မမြောက်ဘူး။ ပုဒ်မ၅၀၀ပဲမြောက်တယ် ဒါမှမဟုတ် တစ်ခြားပုဒ်မနဲ့မြောက်တယ်ဆိုရင် တစ်ခြားပုဒ်မနဲ့ စွဲရမယ်။ သို့တည်းမဟုတ် ယှဉ်ကြည့်လိုက်တဲ့အခါ ၅၀၅ (က)နဲ့ ပေါ်တယ်ဆိုရင်လည်း တရားရုံတော်ကနေဆင်ခြင်တုံတရားနဲ့ယူဆရင်လည်းစွဲပေါ့။ အခုအဲဒီလိုမဟုတ်ဘဲနဲ့
ဟို၅၀၅(က)နဲ့အရေးယူပေးပါလို့ပြောလည်း ဒီက OK YES တစ်ခါတည်းတန်းပြီးအရေးယူလိုက်တယ်။ ဒါကဥပဒေနဲ့ မညီဘူး။ ဆရာတို့ ဥပဒေချိုးဖောက်ခံရတာပေါ့။ အဲဒီတော့ဆရာတို့ အများကြီးနစ်နာတယ်လို့ ပထမစပြောချင်တယ်။

မေး။ ။ ဒီအမှုကို ကော့သောင်းခရိုင်တရုံးကနေလက်ခံလိုက်တယ်ဆိုတော့ တရားရုံးက ဥပဒေကိုနားမလည်တာလား။ ဥပဒေကိုချိုးဖောက်တာလား။ ဘယ်လိုပုံစံမျိုးလဲဆရာ။

ဖြေ။ ။ အဲဒီလိုတော့မဟုတ်ပါဘူး။ နားမလည်တာတော့မဟုတ်ဘူး။ သူကတော့ တရားသူကြီးပဲသူမှာတော့ အခွင့်အာဏာရှိတယ်။ ဒါပေမယ့် လျှောက်ထားတဲ့သူတွေက ၅၀၅ (က)နဲ့အရေးယူပေးပါလို့ လျောက်ထားလာရင် အဲဒီလျောက်လွှာကိုသူတု့ိပြန်ပြင်ခိုင်းရမယ်။ ခင်ဗျားဒီလိုလျောက်လို့မရဘူး။ ခင်ဗျာဒါကိုပြန်ပြင် ဒါကျွန်တော်တို့ရုံးအလုပ် ကျွန်တော်ဘယ်ပုဒ်မနဲ့ အရေးယူမယ်အရေးမယူဘူးဆိုတာ ကျွန်တော်ဘာသာအမိန့်ချမယ်။ ခင်ဗျာဒီလျောက်လွှာကိုပြန်ယူသွား ခင်ဗျာ ဒီလျောက်လွှာအသစ်ပြန်တင်ပါလို့ပြောရမယ်။ ပြီးသွားရင်ဆရာတို့ကိုဖြေရှင်းခွင့်ပေးရမယ်။ အဲဒီလိုမလုပ်ခြင်းသည် ဆရာတို့ရဲ့ဥပဒေပါအခွင့်အရေးကိုထိခိုက်တယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ဆရာတို့ အဲဒီလိုယူဆတယ်ပေါ့။

မေး။ ` ။ လက်ရှိအခြေခံဥပဒေပြင်ဆင်ရေးဘယ်လိုရှိလဲ။

ဖြေ။ ။ လက်ရှိအခြေခံဥပဒေပြင်ဆင်ရေးကတော့ ဘယ်လိုလည်းဆိုတော့ ၄၃၆ ကိုဘယ်လိုမှကျော်လို့မရဘူး။ အဲဒါကြောင့်မို့လို့ အခုလုပ်နေတာလည်း ဒီဟာရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဂျပန်မှာပြောပြီ သိပ်တော့မလွယ်ဘူးဆိုတာ အဲဒီတော့ ၄၃၆ ကိုမကျော်နိုင်ရင် ကျော်နိုင်တဲ့နည်းကဘာလည်းဆိုတော့လွှတ်တော်နည်းနဲ့ပဲ လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုတစ်ခုတင် ဘာအဆိုတင်ရမလည်းဆိုရင်၂၀၀၈ အခြေခံဥပဒေကို ပြည်သူလူထုနှစ်သက်မူလက်ခံမူရှိမရှိကိုအခုချိန်မှာ ပြန်လည်ပြီးတော့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်သင့်ပါတယ်။ အဆိုတင်ရင် လွှတ်တော်မှာမဲခွဲ မဲခွဲရင်တစ်ဝက်ကျော်က ၃ပုံ၂ပုံမဟုတ်ဘူးနော် တစ်ဝက်ကျော်ကထောက်ခံရင် ဆန္ဒခံယူပွဲလုပ်လို့ရတယ်။

ပြည်သူလူထုဆန္ဒခံယူပွဲလုပ်လို့ ၂၀၀၈ အခြေခံဥပဒေ ကြိုက်ပါတယ်ဆိုရင်ဆက်သွား ဆက်သွားတော့ မဟုတ်ဘူး လက်မခံဘူးဆိုတဲ့ လူတွေများလာပြီဆိုရင်တော့ အဲဒီဥပဒေကို ပြန်လည်သုံးသပ်ဖို့ အတွက် အာဏာရအစိုးအရရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်သားတွေရယ်၊ နိုင်ငံရေးပါတီတွေရယ် အကျေအလည်ဆွေးနွေးရမယ်။ ပြည်သူလူထုကိုယ်စားကတော့ လွှတ်တော်နဲ့ အာဏရပါတီကပြည်သူလူထုကိုယ်စားပေါ့။ ဖြစ်နိုင်ရင်တော့ ပညာရှင်ပါ အဲဒီပွဲမှာဖိတ်စေချင်တယ်ပေါ့။ ဖိတ်ပြီးတော့မှ ပညာရှင်တွေလည်းပါပေါ့။ အဲဒီလူတွေနဲ့ အခြေခံဥပဒေအသစ်ကိုပြန်ဆွဲ ဆွဲပြီးတော့လူထုဆန္ဒခံယူပွဲ ပြန်လုပ် လုပ်ပြီးတော့ရတဲ့ အတည်ပြုပြီးတော့ မှရွေးကောက်ပွဲအသစ်တွေပြန်လုပ်ပြီး ပြင်လိုက်မယ်ဆိုရင် ဒါအခြေခံဥပဒေက အကုန်လုံးဖက်ဒရယ်ဒီမိုကရေဒီနိုင်ငံတော်ရဲ့ အခြေခံဥပဒေဖြစ်သွားမှာပဲ အခု၂၀၀၈နဲ့တော့ ဘယ်လိုမှဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ အခြေခံဥပဒေမဖြစ်နိုင်ဘူး။

မေး။ ။ အခုလက်ရှိဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးလုပ်နေတဲ့ ကော်မတီကိုကော အားရကျေနပ်မူရှိလား။ သူရဲ့လုပ်ဆောင်မူကကော အကောင်အထည်ဖော်နိုင်မှာလား။

ဖြေ။ ။ သူကတော့ အထက်အမိန့်အရလုပ်ရတာပေါ့။ ရှင်းရှင်းပြောရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒါလုပ်ဆိုလို့လုပ်ကြရတာ ဒါပေမဲ့ ၄၃၆ကို မကျော်နိုင်ဘူး။ သူကအမိန့်ပေါ့။ သူတို့ကျတော့ ပါတီအကြီးအကဲရဲ့ အမိန့်ကိုလိုက်နာရတာပဲလေ ဒါပေမယ့်လို့ ဆရာတို့ကတော့အစတည်းသိတာပေါ့။ ဘဝအတွေအကြုံတွေအများကြီးဖြတ်ခဲ့တာကို ၄၃၆ကိုဘယ်လိုမှကျော်မရဘူး။ အခုသူတို့ဝန်ခံပြီ ဝန်ခံပြီဆိုတော့ အချိန်တွေအများကြီးကုန်သွားပြီ အဲဒီအခြေအနေရောက်နေတယ်ပေါ့။

မေး။ ။ တရားဥပဒေစိုးမိုးရေးကကော ဘယ်လိုရှိလဲဆရာ။

ဖြေ။ ။ တရားဥပဒေစိုးမိုးရေးကတော့ ၂၀၀၈ အခြေခံဥပဒေအရ ဘယ်လိုမှတရားဥပဒေမစိုးမိုးနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားသူကြီးချုပ်က စစ်ဗိုလ်ဖြစ်နေတယ်။ ရှေ့နေချုပ်ကလည်း ဒေါ်စုခန့်ထားတာသူလည်း စစ်ဗိုလ်ချုပ်ပဲ ပြည်ထဲရေးဝန်ကြီးကလည်းစစ်ဗိုလ်ပဲ စစ်ဗိုလ်တရားဥပဒေစိုးမိုးရေးဖြစ်နေတယ်။ အနေအထားကအဲဒီတော့ တရားဥပဒေစိုးမိုရေးက သိတဲ့အတိုင်းပဲလေလုပ်မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် အာဏာကအစိုးရလက်ထဲမှာ မရှိသလောက်ဖြစ်နေတယ်။ ရဲပေါ်မှာတိုက်ရိုက်အာဏာမရှိဘူး။ နောက်တစ်ခါ အစိုးရခန့်ထားတဲ့ရှေ့နေ ချုပ်ကလည်းပဲ အရမ်းကျွမ်းကျင်ပြီးတော့နားလည်နေတဲ့ ရှေ့ချုပ်မဟုတ်ဘူး။ စိတ်စေတနာကောင်းရှိတယ်။ စိတ်ကောင်းရှိတယ်။ အမိန့်ကိုနာခံတယ် အဲဒီအဆင့်ပဲ ဒါကြောင့်မို့လို့ သေသေချာချာထူးထူးချွန်ချွန် ထူးကဲပြီးတော့ သေသေချာချာလုပ်ရမယ့် အလုပ်တွေကို သူတစ်ခုမှမလုပ်နိုင်ဘူး။ လုပ်လည်းမလုပ်တက်ဘူး။ အဲဒါသွားတွေ့ရတယ်။

မေး။ ။ ဆရာ ဒီအမူကိုအာမခံလျောက်ဖို့ရှိလား။

ဖြေ။ ။ အာမခံကတော့ဒါကတော့ကြည့်တာပေါ့လေ ဆရာကတော့၇၅နှစ်ရှိပြီ ကျန်းမာရေးကလည်းမကောင်းဘူး။ ယခင်အစဉ်လာကတော့ အာမခံလျောက်လဲမပေးဘူး။ တန်းထောင်ချတာပဲ ယခင်အစဉ်လာကတော့ အခုတော့မသိဘူးပေါ့လေ မင်းထင်ကိုကိုကြီးရဲ့အတွေအကြုံကိုပြောပြတာပါ အဲဒါတော့ တွေ့ရတယ်လေ။

မေး။ ။ ဆရာထောင်ထဲရောက်သွားရင် NLDအစိုးအရကိုဆရာအနေနဲ့ ဘာပြောချင်တာရှိလဲ။

ဖြေ။ ။ အဲဒါကတော့ဆရာကတော့ NLDအစိုးရကိုဆိုးဝါးတဲ့ တိုက်ရိုက်ဆိုတာထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆရာပြောချင်တာကတော့ ခင်ဗျားတို့ ကျွန်တော်တို့အရေးယူခံရတဲ့ကိစ္စဟာ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၄၅ဦးကော်မတီရဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးကိုထောက်ခံတဲ့ပွဲမှာ အာဏာပိုင်တွေတက်တယ် သက်ဆိုင်ရာတက်တယ် အဲဒီကြားတည်းကိုတပ်မတော်ကဝင်ပြီးတော့ အရေးယူတာကိုခံနေရတယ်။ ကိုယ်လုပ်တဲ့ပွဲကို တပ်မတော်ကဝင်ပြီး အရေးယူတာကို ခံနေရတယ်ဆိုတော့ ဒါရှင်းရှင်းပြောရရင် ထိပ်ပုတ်ခေါင်းပုတ်လုပ်သလိုမျိုးဖြစ်နေတယ်။ အဲဒီဟာကတော့ ကြည့်လို့မကောင်းဘူးပေါ့လေ သို့သော် ထားပါတော့ ဒါကတော့ သူတို့ရဲ့တာဝန်ပေါ့လေ ဆရာတို့ပြောချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မေတ္တာရပ်ခံချင်တာတော့ ခင်ဗျာတို့လည်း ပြည်သူလူထုကိုဖိနှိပ်တဲ့အလုပ်တွေ မလုပ်မိပါစေနဲ့ ဖိနှိပ်ခံရတဲ့သူဘယ်အကြောင်းနဲ့မတရားဖိနှိပ်ခံရတဲ့ဆိုရင် မတရားဖိနှိပ်ခံရတဲ့ဘက်ကရပ်တည်ကာကွယ်ပေးဖို့သင့်တယ်လို့ ဆရာကအဲဒီလိုပြောချင်တယ်။

မေး ။ ။ လက်ရှိနိုင်ရေးအခြေအနေကဘယ်လိုရှိလဲ။

ဖြေ။ ။ လက်ရှိနိုင်ငံရေးအခြေအနေကတော့ ဆရာတွေ့သလောက်ကတော့ တွေ့ဖူးသမျှကတော့ အနာဂတ်ကတော့လုံးဝမကောင်းဘူး။ အဆိုးဆုံးအခြေအနေရောက်နေတယ်။ ဘာဖြစ်လို့လည်းဆိုရင် ငြိမ်းချမ်းရေးလည်းမရဘူး။ စီးပွားရေးလည်းကျတယ်။ ပြည်တွင်းစစ်ကလည်းပဲ အထူးသဖြင့် ရခိုင်ဖက်မှာဆို သူသေကိုယ်သေအသေတိုက်နေကျတာတယ်။ နောက်တစ်ခါ နိုင်ငံတကာမှာလည်း ဗမာဂုဏ်သိက္ခာကလည်း အများကြီးဝိုင်းအညှပ်ခံနေရတယ်။ အများကြီးလက်ရှိအစိုးရကရုန်းကန်ကြိုးစားနေရတာတွေ့တယ်။ ဆရာတွေ့တာကတော့ ပြည်တွင်းပြည်ပအကြပ်တည်းဆုံးအချိန်ပဲဆရာရဲ့ အတွေ့အကြုံအရတော့။

မေး။ ။ ဆရာငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ဆရာရဲ့ လေ့လာသုံးသပ်ချက်ပေါ့ လက်ရှိငြိမ်းချမ်းရေးအခြေအနေက ဘယ်လောက်ထိခရီးရောက်ပြီလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးခရီးစဉ်က အဖြေထွက်နေပြီ အဖြေထွက်နေတာကို အဲဒါကိုတိုင်းရင်းသားအဖွဲ့စည်းတွေက အဖြေထွက်နေတယ်ဆိုတာကို သူတို့မသိကျဘူး။ တော်တော် ဝမ်းနည်းစရာကောင်းတယ်။ အဖြေကဘာထွက်နေလည်းဆိုတော့ ၂၈ရက်နေ့ပွဲမှာ ဒေါ်စုကထွက်ပြောလိုက်ပြီလေ တိုင်းရင်းသားပြည်နယ်တွေကို ဖက်ဒရယ်ပေးမယ်။ ကိုယ့် Constitution နဲ့ကိုယ်အုပ်ချုပ်ကျ ပြောပြီးအဲဒါအဖြေပဲလေ အဲဒါအဖြေပဲ အဲဒီထက်ကောင်းတဲ့အဖြေမရှိဘူး။ ဘယ်တုန်းကမှ အဲဒီအခွင့်အရေးမျိုး အာဏာရအစိုးရအဆက်ဆက်မပေးခဲ့ဘူး။ အဲဒါအဖြေပဲအဖြေထွက်နေပြီ တိုင်းရင်းသားတွေ အဲဒီအဖြေပေါ်မှာမူတည်ပြီးတော့ ငြိမ်းချမ်းရေးရအောင်ယူကြပါလို့ ဆရာကတော့မေတ္တာရပ်ခံချင်တယ်။

မေး။ ။ နောက်ဆုံး ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ဆရာကတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးပြိုကွဲသွားမှာကို အင်မတန်စိုးရိမ်တယ်။ အခုလက်ရှိအနေအထားတွေအရ ပြိုကွဲမယ့် လက္ခဏာတွေတွေ့နေရတဲ့အတွက်ကြောင့်မို့လို့ ဆရာတို့ကတော့ အပြိုကွဲမခံနိုင်ဘူး။ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲဖို့ နောက်တစ်ချက်ကတော့ တပ်မတော်ကလည်း ဂုဏ်ရှိတဲ့တပ်မတော်ဖြစ်ဖို့ အစိုးရကလည်းဒီမိုကရေစီကိုတကယ်အကောင်အထည်ဖော်နိုင်တဲ့ အစိုးရမျိုးဖြစ်ဖို့ အဲဒါမျိုးကိုဆက်လက်ပြီးတော့ အားပေးနေမယ်။ ပြောဆိုနေမယ်။ တိုက်တွန်းနေမယ်လို့ နိဂုံးချုပ်ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com