All News Local News Peace

တပ်မတော်၏ တရားစွဲဆိုမှု များ ရုပ်သိမ်းရန်နှင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများကို လွှတ်ပေးရန် ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

တပ်မတော်၏ တရားစွဲဆိုမှု များ ရုပ်သိမ်းရန်နှင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများကို လွှတ်ပေးရန် ရန်ကုန်တိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၃

တပ်မတော်က အရပ်ဘက်အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် သံဃာတော်များကို တရားစွဲဆိုမှုနှင့်ပတ်သက်၍ ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

တပ်မတော်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို ကော့သောင်းတရားရုံးတွင် တရားစွဲဆိုထားကြောင်း၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ချမှတ်ထားကြောင်း၊ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားကြောင်း၊ ဒါိုက်တာ မင်းထင်ကိုကိုကြီးကို ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ်ချမှတ်ထား ကြောင်း၊ တပ်မတော်က လူပေါင်း ၇၇ ဦးထက်မနည်းကို ၂၄ မှုထက်မနည်းဖြင့် တရားစွဲဆိုထားပြီး အချို့ကို ပြစ်ဒဏ်ချမှတ်ထားပြီးဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်က တရားစွဲဆိုမှုများကို ရုပ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံထားရသူများကိုလည်း ချက်ချင်းပြန်လွှတ်ပေးရန် ရန်ကုန်တိုင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts