All News Local News Peace

တပ်မတော်နှင့်AA တိုက်ပွဲအပြင်းအထန်ဖြစ်နေ၊ မြောက်ဦးတွင် အရပ်သား ၁ ဦး လက်နက်ကြီးကျည်ထိ၍ သေဆုံး

တပ်မတော်နှင့်AA တိုက်ပွဲအပြင်းအထန်ဖြစ်နေ၊ မြောက်ဦးတွင် အရပ်သား ၁ ဦး လက်နက်ကြီးကျည်ထိ၍ သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရခိုင်တပ်မတော်AA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယမန်နေ့ညပိုင်းက မြောက်ဦးမြို့နယ်တွင် အရပ်သား ၁ ဦး လက်နက်ကြီးကျည်ထိမှန်၍ ကွယ်လွန်သွားကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောဆိုသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ ခန့်ကတည်းက မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာအနီး (၂) ဖက် တပ်ဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် (၉) နာရီ ခန့်တွင် မြောက်ဦးမြို့နယ်၊ ကျေးတောင်ရွာသား ဦးသိန်းထွန်းကျော်(အသက် ၃၂ နှစ်) လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနေ့က ဒဏ်ရာရသွားတဲ့ ကျေးတောင်ရွာသား ဆုံးသွားပါပြီ။ ကျနော့်ကို ဖုန်းဆက်ပြီးတော့ အသိပေးပါတယ်။ ရရှိတဲ့ ဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားတာပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှုများမှာ တောက်လျှောက်ဆိုသလို မြင့်တက်လျက်ရှိပြီး အရပ်သားသေဆုံးမှုများအတွက် နှစ်ဖက်တပ်ဖွဲ့များက တာဝန်ခံခြင်းမရှိပေ။

AAတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ(၂၇) ရက်နေ့တွင် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ ၊ ပလက်ဝမြို့နယ်များ၌ တိုက်ပွဲများဆက်လက်ရှိနေခဲ့ပြီး တပ်မတော်က ရဟတ်ယာဉ်များအသုံးပြု၍ တိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

Photo Credit – REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts