All News interview Peace

စစ်ဒဏ်သင့် ရခိုင်ပြည်သူများကို မျက်ကွယ်ပြုပြီး NLD ချင်းအမတ်အတွက်သာ လွှတ်တော်က ကြေညာချက် ထုတ်မှု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

စစ်ဒဏ်သင့် ရခိုင်ပြည်သူများကို မျက်ကွယ်ပြုပြီး NLD ချင်းအမတ်အတွက်သာ လွှတ်တော်က ကြေညာချက် ထုတ်မှု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့်ဆက်သွယ်မေးမြန်းချက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာဘာဂီနာသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ရခိုင်ပြည်နယ်အရေးအခြေအနေများ၊ လူ့အခွင့်အရေးအခြေအနေများကို အကဲခတ်ရန် စုံစမ်းလေ့လာမှုများဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့်လည်း တွေ့ဆုံခဲ့သည်။ ရန်ကုန်ခေတ်သစ်က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကို ဆက်သွယ်မေးမြန်းထားပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံမှု အခြေအနေ၊ ပြည်ထောင်စုလွှတ်တော်ဘက်မှ NLD အမတ် ဦးဝှေ့တင်းကိစ္စ ကြေညာချက်ထုတ်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုထားသည်။

မေး။ ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့တွေ့တာ ဘာတွေများဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ အဓိကဆွေးနွေးတာကတော့ ရခိုင်ပြည်မှာ ထုံးစံအတိုင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA)နဲ့ဖြစ်တဲ့ကိစ္စ၊ ဒုက္ခသည်တွေကိစ္စ၊ ဟိုဖက်က ဘင်္ဂလီတွေပြန်လာရေးကိစ္စ၊ ပြီးတော့ ၂ဝ၂ဝရွေးကောက်ပွဲကိစ္စတွေ ဒါတွေပဲ ပြောနေကျစကားတွေပါပဲ။

မေး။ ။ သူတို့ဖက်က တပ်မတော်နဲ့ AAကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဘာမှတ်ချက်ပြုလဲ။

ဖြေ။ ။ သူတို့ကမှတ်ချက်ပေးတာမဟုတ်ဘူး။ သူတို့ကမေးခွန်းမေးတာ သူတို့က မှတ်ချက်မပေးဘူး။ သူတို့က ဒီတိုက်ပွဲအခြေအနေကို သူတို့ကမြန်မြန်လေးပြီးဆုံးစေချင်တယ်။ ဒီတိုက်ကပွဲတွေဆက်ဖြစ်နေမယ်ဆိုရင် ပြည်သူတွေဒုက္ခဖြစ်မယ်။ ပြည်သူတွေနစ်နာမယ်။ သူတို့မှတ်ချက်ကတော့ အဲဒါပါပဲ အဓိကကတော့။

မေး။ ။ ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့်သူတွေကိစ္စကိုကော ကုလသမဂ္ဂအဖွဲ့က ဘာပြောတာရှိလဲ။

ဖြေ။ ။ ပြန်လာမယ့်ကိစ္စကျတော့ သူတို့ကပြန်လာမယ်။ အခြေအနေဘယ်လိုရှိနိုင်မလဲပြောတော့ ကျွန်တော်တို့ကပြောပါတယ်။ ဟိုဘက်ကပြန်လာမယ့်ကိစ္စမှာလည်း ဟိုဘက်ကတောင်းဆိုမှုတွေက သူတို့ကရိုဟင်ဂျာပေးမှလိုလို အကုန်လုံးကိုနိုင်ငံသားပေးရမယ်လိုလို အဲဒါမျိုးတွေကတော့မဖြစ်ဘူး။ အဲဒါတောင်းဆိုလို့ကတော့..။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အခြေအနေကို ကုလသမဂ္ဂကိုယ်စားလှယ်ဘက်က ဘာပြောတာရှိလဲ။

ဖြေ။ ။ ရခိုင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ရွေးကောက်ပွဲကို ဖြစ်ဖို့ဘက်များတယ်လို့ပဲ ကျွန်တော်ကတော့သုံးသပ်ပြလိုက်တယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ ပြီးခဲ့တဲ့ ပြည်ခိုင်ဖြိုးအစိုးရတုန်းကလည်း ရွေးကောက်ပွဲဖြစ်တယ်ဗျာ။ အခု NLD အစိုးရလက်ထက်ကျပြီးမှ ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင် အစိုးရအနေနဲ့ မကောင်းဘူး။ ပြောစရာဖြစ်လာမယ်။ ဘာပဲပြောပြော NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ကြိုးစားပြီးတော့ လုပ်မှာပဲလို့ ကျွန်တော်ထင်တယ်။ အဲလိုပဲပြောလိုက်တယ်။

မေး။ ။ တခြားဆွေးနွေးဖြစ်တာတွေကောရှိလား။

ဖြေ။ ။ တခြားကတော့ သိပ်မဆွေးနွေးဖြစ်ပါဘူး။ သူတို့ကပြောတာ ဆိုတာတွေက သိပ်လိမ္မာပါးနပ်တယ်။

မေး။ ။ တပ်မတော်က ရခိုင်မှာ ပြည်သူတွေကိုဖမ်းဆီးပြီးတော့စစ်ဆေးတာ သေဆုံးတာတွေဘာတွေရှိခဲ့တယ်ဆိုတော့ အဲကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ ဆွေးနွေးဖြစ်တာတွေဘာတွေရှိလား။

ဖြေ။ ။ အဲဒါကျတော့ ဘယ်လိုပြောလည်းဆိုတော့ဒီနေ့ ကျွန်တော်တို့ပါတီက ဒေါ်အေးနုစိန်နဲ့သူဆွေးနွေး သွားတာ ဒီမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်ဆိုတာက အများကြီးရှိပါတယ်။ အဲဒါဘယ်သူကြောင့်လို့တော့ ကျွန်တော်မပြောချင်ပါဘူး။ ဒီတိုက်ပွဲမှာနှစ်ဖက်လုံးကြောင့်ဖြစ်နေရတဲ့ ချိုးဖောက်မှုတွေကတော့ ဒီမှာရှိပါတယ်။ အဲဒါတွေအားလုံးကို ဥပေက္ခာပြုပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ဘက်က ဒီအချက်နဲ့ပတ်သက်တဲ့ ကိုယ်စားလှယ်တယ်ယောက်ကို အမှီပြုပြီးတော့မှ ဖြစ်လာတယ်ဆိုတာကတော့ နည်းနည်းတော့ သဘာဝမကျဘူး။

ကျွန်တော်တို့လည်း အဲဒီလွှတ်တော်ကိုယ်စားလှယ်ကို ခင်ပါတယ်။ ကျွန်တော်နဲ့ ချင်းကလွှတ်တော်ဥက္ကဌကြီးနဲ့ ဆိုရင် ခဏခဏစကားပြောဖြစ်တယ်။ ကျွန်တော်တို့လည်း ဘာပဲပြောပြော ကိုယ်လည်းလွှတ်တော်ကိုယ်စားလှယ်ပဲဗျာ ကိုယ်ချင်းစာပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က နိုင်ငံတစ်ခုအနေနဲ့ လွှတ်တော်တစ်ခုအနေနဲ့ စဉ်းစားတဲ့အခါမှာ အမတ်တစ်ယောက်ယောက်ကို ဝိသေသပြုပြီးတော့ တစ်ယောက်ကိုယောက်ကို ဗဟိုပြုပြီးတော့ စဉ်းစားရတာတော့ ဒါမကောင်းဘူးဗျ။

ကျွန်တော်တို့အကုန်လုံးကို ခြုံပြီးတော့ စဉ်စားဖို့လိုတယ်။ အဲဒါကြောင့်ကျွန်တော်ကတော့ ဘယ်လိုပြောမလည်းဆိုတော့ ဒါဟာ လုပ်တာတော့လုပ်သင့်ပါတယ်။ သို့သော် သူ့တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ ကိုယ့်ပါတီက ကိုယ်စားလှယ်ကိုမှ အဲလိုလုပ်တယ်။ ဒီလိုမဟုတ်ဘူးဗျ ကျွန်တော်တို့ရခိုင်မှာ အဲလိုချိုးဖောက်ခံနေရတဲ့သူတွေအများကြီးရှိတယ်။ ကျွန်တော်ချိုးဖောက်တယ်ဆိုတာ ဘယ်သူ့ကြောင့်လို့တော့ ပြောတာမဟုတ်ဘူးနော်။ နှစ်ဖက်လုံးအတွက် ကျွန်တော်ပြောနေတာ အဲတာကြောင့်မို့ ကျွန်တော်တို့ကပြောတယ်။ အားလုံးကိုကိုယ်စားပြုပြီးတော့ ဒီလွှတ်တော်ကြီးကပြောရမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်လွှတ်တော်ဆိုရင်လည်း တစ်ဖက်တည်းကိုသိပ်မပြောဘူး။ ကျွန်တော်တို့စဉ်းစားတယ်အဲတာကို ဟိုဖက်ကောဒီဖက်ကောပါနိုင်အောင်….။

မေး။ ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကနေပြီးတော့ ဘယ်လိုမျှော်မှန်းချက်တွေရနိုင်မလဲ။

ဖြေ။ ။ ဘယ်လိုမျှော်မှန်းချက်တွေရနိုင်တယ်ဆိုတာက ကျွန်တော်တို့နိုင်ငံကို မီဒီယာတွေသိပ်ပြီးတော့လည်း ဝင်လို့မရောက်နိုင်ဘူး။ အဲလိုအခြေအနေမျိုးမှာ သူတို့လာတဲ့အချိန်အခါမျိုးမှာ သူတို့ကို ပေးပို့လိုက်တဲ့ REPORT တွေဟာ ကျွန်တော်ပြောတဲ့ REPORTဆိုတာ သဟဇာတကျကျမှန်မှန်ကန်ကန် REPORT ကိုပြောတာ ကိုယ့်နိုင်ငံအတွက်ကော ကမ္ဘာကြီးအတွက်ကော အကျိုးရှိကောင်းရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com