All News Local News

ချောင်းသာကမ်းခြေအနီး ဖမ်းဆီးမိသည့် မွတ်စလင် ၉၀ ကျော်ကို လဝက ဥပဒေဖြင့် အမှုဖွင့်

ချောင်းသာကမ်းခြေအနီး ဖမ်းဆီးမိသည့် မွတ်စလင် ၉၀ ကျော်ကို လဝက ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတွင် မွတ်စလင် ၉၆ ဦး ယမန်နေ့က ဖမ်းမိခဲ့ပြီး အဆိုပါ မွတ်စလင်များကို လဝက ဥပဒေနှင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လာရောက်ကြိုးစားသည့် မွတ်စလင် ၉၆ ဦးတွင် အမျိုးသမီး၊ ကလေးများပါ ပါဝင်ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များကို လူငယ်ထိန်းသိမ်းရေးစခန်းနှင့် အမျိုးသမီးကျောင်းများထံ ပို့ဆောင်ထားကြောင်း၊ လက်ရှိအနေအထားတွင် လှေသမားများနှင့် ကားသမားများကိုလည်း တစ်ပါတည်း ဖမ်းဆီး အရေးယူထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးထိန်းသိမ်ထားသူများကို ပုသိမ်မြို့တွင် ဆက်လက်စစ်ဆေးနေပြီး ဖြစ်စဉ်တွင် ပါဝင်သူများအားလုံးကို ဖမ်းဆီးနိုင်ရေး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လဝက အက်ဥပဒေအရ အထောက်အထားမဲ့ ခရီးသွားလာမှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com