Local News Peace Web TV

ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်ပြီး နမ့်ဖက်ကာတွင် ကားများပိတ်ဆိုနေ့(ရုပ်/သံ)

ကွတ်ခိုင်တွင် တိုက်ပွဲဖြစ်ပြီး နမ့်ဖက်ကာတွင် ကားများပိတ်ဆိုနေ့(ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့ နံနက် ၆ နာရီမှစတင်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကားအသွားအလာပိတ်ဆို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဖြစ်တာက ပြည်ထောင်စုလမ်းမကြီးနဲ့ ကွတ်ခိုက် ရပ်ကွက် ၈ ဘက်မှာ ။ မနက် ၆ နာရီလောက်ကတည်းက စဖြစ်တာ။ အခုတော့ ငြိမ်နေပြီ။ ကျနော်တို့ အသင်းတွေလည်း ကယ်ဆယ်ရေးအတွက် ရယ်ဒီပြင်နေတယ်။ ကားအသွားအလာတွေက နမ့်ဖက်ကာဘက်မှာ တားထားတော့ ပိတ်နေတယ်” ဟု ကွတ်ခိုင်မြို့နယ် အခြေစိုက် လူမှု ကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ သည် ဆက်တိုက်ဆိုသလိုဖြစ်ပွားလျက်ရှိပြီး ယနေ့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကွတ်ခိုင်ဒေသခံတစ်ဦးက မန်တောင်ရွာအနီးတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ ပတ်ဝန်းကျင် နေရာအများအပြားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟု ပြောဆိုသည်။

https://web.facebook.com/khitthitnews/videos/2437889119597790/?t=0

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts