All News Local News

ကျောက်တော် မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ် သိန်း ၂၀၀၀ ခန့် လုယက်ခံရမှု AA ဖြစ်နိုင်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးပြော

ကျောက်တော် မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ် သိန်း ၂၀၀၀ ခန့် လုယက်ခံရမှု AA ဖြစ်နိုင်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးပြော

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကျပ် သိန်း ၂၀၀၀ ခန့် လုယက်ခံရမှုသည် AA လက်ချက်ဖြစ်နိုင်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုသည်။

“AA ဖြစ်နိုင်တာပေါ့။ AA ကရွာတွေဆီက ငွေတောင်း ဘာတောင်းလုပ်နေတာပဲ။ သူတို့ပဲဖြစ်နိုင်တာပေါ့” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

ဗိုလ်မှူးကြီးဝင်းဇော်ဦးက AA လက်ချက်ဟု ပြောဆိုသော်လည်း သက်သေ တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိပေ။

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့နယ်မြန့်မာ့စီးပွားရေးဘဏ်မှ ငွေများကို ရဲစခန်းရှိ ငွေတိုက်သို့ ဆိုက်ကားဖြင့် ပို့ဆောင်စဉ် လမ်းတွင် မျက်နှာဖုံးစွပ် လူများက လုယက်သွားကြောင်း၊ လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က တရားခံများကို ဖော်ထုတ်နိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခတ်သစ်က AA ပြန်ကြားရေးတာစန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com