All News Local News

ကျောက်ဆည်တွင် အီတလီ ENI ရေနံ ကုမ္ပဏီက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှိ၊ မရှိ စူးစမ်းလေ့လာ

ကျောက်ဆည်တွင် အီတလီ ENI ရေနံ ကုမ္ပဏီက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှိ၊ မရှိ စူးစမ်းလေ့လာ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်တွင် အီတလီအခြေစိုက် ENI ရေနံ ကုမ္ပဏီမှ ရေနံစူးစမ်းရှာဖွေရေး ပထမအဆင့် (Hydrocarbon)ရေနံနှင့်သဘာဓာတ်ငွေ့များခိုအောင်းနိုင်သည့် ကျောက်လွှာများများရှိမရှိ Geo chemical Survey လေ့လာရေးကို နိုဝင်ဘာလလယ်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရိယာ(၅၁၀၀)စတုရန်းကီလိုမီတာရှိသော ကုန်းတွင်းရေနံလုပ်ကွက် PSC-K တွင်ပါရှိသော စဉ့်ကိုင်၊ကျောက်ဆည်၊မြစ်သား၊ဝမ်းတွင်း၊သာစည်၊ပျော်ဘွယ်၊ရမည်းသင်း၊ တပ်ကုန်းမြို့နယ်များရှိ ကျေးရွာအုပ်စု(၃၇၀)ကျော်တွင် အီတလီကုမ္ပဏီ ENI က စတင် စူးစမ်းလေ့လာသွား မည်ဖြစ်ကြောင်း သိရသည်။

“ရေနံကြောတွေ့လို့မဟုတ်ဘူး၊ ရေနံလို့ခေါ်တဲ့ Hydrocarbon တွေ အလားအလာတွေရှိတာမို့လို ပထမဆုံးအနေနဲ့ မြေပြင်စမ်းသပ်တာတွေလုပ်မှာပါ၊(၅၁၀၀) စတုရန်းကီလိုမီတာရှိတဲ့ မြို့နယ် (၈)ခုမှာ အလားအလာရှိတဲ့နေရာတွေမှာ Geo chemical Survey စမ်းသပ်လေ့လာတာပါ၊ ထွက်လာတဲ့ အဖြေပေါ်မှာမူတည်ပြီး၊ နောက်ထပ်လုပ်ငန်းစဉ်တွေလုပ်မှာပါ”ဟု စဉ့်ကိုင်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းပြောသည်။

အီတလီအခြေစိုက် ရေနံနှင့်သဘာဝလုပ်ငန်းများလုပ်ကိုင်နေသည့် ENI ကုမ္ပဏီက ကုန်းတွင်းရေနံ လုပ်ကွက် PSC-K နေရာကို ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး၊ NLD အစိုးရလက်ထက်တွင် ရေနံစူးစမ်းရှာဖွေခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်မည်ဖြစ်ကာ EIA/SIA လုပ်ငန်းစဉ်များအတိုင်လုပ်ကိုင်ရန်နှင့် National Plan အမျိုးသားစီမံကိန်းဖြစ်သည့်အတွက် ဒေသနေပြည်သူများအတွက်လည်း အလုပ်ကိုင်အခွင့်လမ်းများ ရရှိရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးလှိုှုင်ဝင်းက ဆက်ပြောသည်။

ရေနံစူးစမ်းရှာဖွေလုပ်ငန်းဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်ကျင်းကို ထိခိုက်မှုအနည်းဆုံး ခေတ်မှီနည်းပညာအသုံးပြုမည်ဖြစ်ပြီး၊ Hand Drill စက်များဖြင့် အနက်(၂)ပေခန့်တူးကာ စမ်းသပ်မည့် ပြွန်ပိုက်ကို(၂၁)ရက် ထည့်ကာ Hydrocarbon များရှိမရှိ ကနဦးစမ်းသပ်မည်ဖြစ်ကြောင်းကာ စမ်းသပ်တွင်းတူးသည့်နေရာရှိတောင်သူများအတွက် တွင်းတစ်တွင်းလျှင် (၁)သောင်းနှုန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အီတလီအခြေစိုက် ရေနံနှင့်သဘာဝလုပ်ငန်းများလုပ်ကိုင်နေသည့် ENI ကုမ္ပဏီအနေဖြင့် တောင်တွင်းကြီးဒေသ နှင့် မြန်မာအလယ်ပိုင်း(၈)မြို့တွင် လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး၊ Geo chemical Survey သည် ရေနံရှာဖွေနည်းလမ်းတစ်ခုဖြစ်ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ခိုအောင်းနေသည့် ကျောက်လွှာများကို ရှာဖွေကာ အကဲဖြတ်တွင်းများ၊ ဖွံ့ဖြိုးရေးတွင်းများတူးကာ ရေနံထုတ်လုပ်ရန် အလားအလာရှိမရှိ အဆင့်များစွာကာသွားမည်ဖြစ်ကြောင်း သိရသည်။

“Environmental Issue ကတော့ ပြဿနာမရှိပါဘူး၊ဘာဖြစ်လို့လဲဆိုတော့ ENI ကုမ္ပဏီက သူ့ရဲ့ ပုံရိပ်ကိုထိခိုက်ခံအောင်လုပ် မှာမဟုတ်ပါဘူး၊ Environmental Management Plan ေ EIA/SIA တွေကလည်းလုပ်ပြီးသားပါ၊အခု စမ်းသပ်တာကို တွေ့နိုင်တယ်၊ ဘာမှမလုပ်ရသေးပဲနဲ့တော့ မတွေ့နိုင်ဘူး ပြောလို့မရပါဘူး၊ ရေနံခိုအောင်းနိုင်သော ကျောက်လွှာများရှိတယ်ဆိုတာ ပဲပြောလိုရတယ်၊ အနည်ကျကျောက်လွှာတွေရှိတာကို အနည်ကျကျောက်တွေထဲမှာ ရေနံခိုအောင်းတာ၊ ရေနံသိုက်ရှိလားလို့၊ စီးပွားဖြစ်လားလို့ အလားအလားရှိလားလို့ဆိုတာက အဆင့်အများကြီး လိုသေးတာပေါ့၊ အကဲဖြတ်တွင်းတွေ ဖွံ့ဖြိုးရေးတွင်းတွေ အများကြီးတူးကြီးမှပဲသိမှာလေ ”ဟု မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မှ အထွေထွေမန်နေဂျာ ဦးလှမျိုးထွန်း ကပြောသည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ အီတလီအခြေစိုက် ENI ရေနံတူးဖော်ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံကာ ကုန်းတွင်းရေနံလုပ်ကွက် PSC-K အတွက် ရေနံစူးစမ်းလေ့လာနိုင်ရန် နိုဝင်ဘာ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အီလလီအခြေစိုက် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီ ENIကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့်ရေနံစူးစမ်းလေ့လာရေးအတွက် စာချုပ်များချုပ်ဆိုခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် ကုန်းတွင်းရေနံလုပ်ကွက် PSC-K ၊ မကွေးတိုင်း ဒေသကြီးတွင့်ကုန်းတွင်းရေနံလုပ်ကွက် SF-5 ၊ ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမပင်လယ်ကွေ့ရှိ ကမ်းလွန်ရေနံလုပ်ကွက် MD- 2 နှင့် MD-4 လုပ်ကွက်များလည်း တင်ဒါရရှိထားကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com