All News Local News

ကရင်နီလူငယ် ၆ဦးကိုထောင်ဒဏ်၆လချမှတ်

ကရင်နီလူငယ် ၆ဦးကို ထောင်ဒဏ်၆လချမှတ်

ရန်ကုန်၊ အောက်တိုဘာ ၂၉

နိုင်လွတ်လုံ ပုဒ်မ ၁ဝဖြင့် ကယားပြည်နယ်အစိုးရကတရားစွဲဆိုထားသော ကရင်နီလူငယ်၆ဦးကို ယနေ့ နိုဝင်ဘာလ ၇ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးက ထောင်ဒဏ်၆လ ချမှတ်ခဲ့ကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုခူးတူရယ်ကပြောဆိုသည်။

အဆိုပါ လူငယ် ၆ဦိးသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူးခြင်းကိစ္စနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ ကရင်နီအမျို းသားသစ္စာဖောက်များ တိုင်းရင်းသားများသွေးစည်း ချစ်ကြည်ရေး၏ ရန်သူများ ကျေးဇူးကန်းသူများအဖြစ်သတ်မှတ်ကြေညာခြင်းနှင့် ပတ်သက်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေ့သူတို့ကို လွိုင်ကော်တရားရုံးက ထောင်ဒဏ် ၆လချမှတ်လိုက်တယ်။ ချုပ်ရက်ပါပါတယ်ဆိုတော့ ၆လလုံးတော့မကျဘူး။ ၈ရက်လောက်ပဲကျမှာပါ။ ”ဟုကို ခူးတူရယ်ကပြောဆိုသည်။

ထောင်ဒဏ်ချမှတ်ခံထားရသော ကရင်နီလူငယ်၆ဦးမှ လူငယ်တစ်ဦးဖြစ်သူ ကိုဒီးဒီက”လွိုင်ကော်မြို့လယ်မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထုကို ခင်ဗျာတို့မြင်တိုင်း အဲတာကကျွန်တော်တို့ကရင်နီသမိုင်းကို နင်းချေတယ်။ ကျွန်တော်တို့ကရင်နီအမျိုးသားတွေကို စော်ကားပြီးမှ အချောင်သမားတွေကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်ချင်တဲ့ လူတစ်စုကနေပြီးတော့မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဗန်းပြပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု မျက်နှာဖုံးစွတ်ပြီး ယုတ်မာကောက်ကျင့်ထားတယ်ဆိုတာ အမြဲတမ်းမှတ်ထားပါ။ မသိတဲ့ သူတွေလည်းပြောပြပါ မွေးလာတဲ့လူတွေအားလုံးကိုလည်းပြောပြပါ အဲရုပ်ထုကိုပြတာ ဖိနှိပ်မှုကိုဖော်ပြနေတဲ့ရုပ်ထုဖြစ်တယ်။ နောက်ကျရင် အဲလိုဆက်မဖိနှိပ်အောင် ငါတို့ဘာလုပ်မလဲ ဆိုတာကိုအမြဲစဉ်းစားပါ ကိုယ့်သားသမီးတွေ နောင်လာမယ့်မျိုးဆက်တွေကိုအဲလို အနိုင်စားမခံရအောင် အမြဲတမ်းပြောဆိုပါ အမြဲတမ်း တွေးတောလုပ်ဆောင်ကျပါလို့ပြောချင်တယ်”ဟု ၎င်းကဆိုသည်။

Photo Credit –

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com