All News Local News

ကရင်နီလူငယ်၆ဦး ထောင်ဒဏ် ၆လ ချမှတ်ခံရသဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ကျေနပ်မှုမရှိ၍ ခရိုင်တရားရုံး ပြင်ဆင်ချက် တက်မည်

ကရင်နီလူငယ်၆ဦး ထောင်ဒဏ် ၆လ ချမှတ်ခံရသဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ကျေနပ်မှုမရှိ၍ ခရိုင်တရားရုံး ပြင်ဆင်ချက် တက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကယားပြည်နယ်အစိုးရက နိုင်လွတ်လုံဥပဒေပုဒ်မ ၁ဝဖြင့် တရားစွဲဆိုခဲ့သော ကရင်နီလူငယ်၆ဦးကို နိုဝင်ဘာလ ၇ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးတွင် ထောင်ဒဏ်၆လ ချမှတ်ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိသောကြောင့် ခရိုင်တရားရုံးသို့ပြင်ဆင်ချက်စာ ပို့ထားပြီး အမှုဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကရင်နီပြည်တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ကိုတူရယ်ကပြောဆိုသည်။

အဆိုပါပြင်ဆင်ချက်လျှောက်ထားစာကို နိုဝင်ဘာ ၁၁ရက်နေ့က လွိုင်ကော်ခရိုင်တရားရုံးသို့ နိုင်ငံတော်နှင့် ဦးသက်နောင်က လျှောက်ထားခဲ့ခြင်းဖြစ်ကာ လူငယ်၆ဦးက ဒီဇင်ဘာလ ၆ရက်နေ့တွင်ခရိုင်တရားရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ လူငယ်၆ဦးကိုချမှတ်လိုက်တဲ့ ထောင်ဒဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်က မကျေနပ်လို့ ခရိုင်တရားတရားရုံးမှာပြင်ဆင်ချက်လျှောက်တာ လူငယ်၆ဦးတည်းမှာ ကိုဂူးဂူးကတော့ လွတ်လာပြီ သူကအရင်ဆုံးဖမ်းခံရတာဆိုတော့ ကျန်တဲ့သူ၅ဦးကတော့ ဒီဇင်ဘာ ၂ဝကျော်မှလွတ်မယ်။ ဒီလိုပြင်ဆင်ချက်တက်တာနဲ့ပတ်သတ်ပြီးတော့ ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့ပြည်နယ်မှာ ဝန်ကြီးချုပ်က အရမ်းကြီးအညှိုးကြီးတယ်။ လူငယ်တွေပေါ်မှာ ပြီးတော့ ဒီတိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ သူ့ခေါင်းမှာ နည်းနည်းကိုမရှိဘူး။ နိုင်ငံရေးအရ သဘောတရားကိုလည်း နားမလည်ဘူး။ မငြိမ်းချမ်းအောင်လုပ်နေတာလည်း သူပဲကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတော့ သိပ်မဖြစ်သင့်ဘူးပေါ့။ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ တရားစွဲလို့ရတယ်။ လူတစ်ယောက်ကိုခိုင်းပြီးတော့တရားစွဲခိုင်းတယ်ဆိုတာက အာဏာရှင်ဆန်လွန်းတယ်။ ဦးသက်နောင်က အစိုးရအဖွဲ့ကဟုတ်တာတော့ဟုတ်တယ်။ သူကဝန်ကြီးချုပ်ခိုင်းဘက်မဟုတ်ဘူး။ ပြည်သူ့ဝန်ထမ်းဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းတစ်ယောက်ကို ဒီလိုစေခိုင်းတာက အာဏာအလွဲသုံးစားလုပ်တာပဲ”ဟု ကိုတူရယ်ကပြောဆိုသည်။

အဆိုပါ လူငယ် ၆ဦိးသည် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူးခြင်းကိစ္စနှင့်ပတ်သတ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ ကရင်နီအမျို းသားသစ္စာဖောက်များ တိုင်းရင်းသားများသွေးစည်း ချစ်ကြည်ရေး၏ ရန်သူများ ကျေးဇူးကန်းသူများအဖြစ်သတ်မှတ်ကြေညာခြင်းနှင့် ပတ်သက်ပြီး တရားစွဲဆိုဖမ်းဆီးထောင်ချခံခဲ့ရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts