All News interview

“ကညနအနေနဲ့ မလိုအပ်တာတွေကို မလုပ်ပါနဲ့။ ပြည်သူတွေသိပ်အခက်အခဲဖြစ်တယ်။ အခွန် ၃ ရာခိုင်နှုန်းကိစ္စက ၂၀၂၀ ရွေးကောက်ပွဲအတွက် အန္တရာယ်ကြီးတယ်”

“ကညနအနေနဲ့ မလိုအပ်တာတွေကို မလုပ်ပါနဲ့။ ပြည်သူတွေသိပ်အခက်အခဲဖြစ်တယ်။ အခွန် ၃ ရာခိုင်နှုန်းကိစ္စက ၂၀၂၀ ရွေးကောက်ပွဲအတွက် အန္တရာယ်ကြီးတယ်”

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့်တွေ့ဆုံခြင်း

လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး ယာဉ်ပိုင်ရှင်များအားလုံး မိမိအမည်ပေါက်မဟုတ်ပါက ကားတန်ဖိုးအတိုင်း အခွန်ဆောင်၍ လိုင်စင်သက်တမ်းတိုးခွင့်နှင့် အမည်ပြောင်းလဲခွင့်ပြုမည်ဟု ကညနက ထုတ်ပြန်ကြေညာထားရာ ယင်းထုတ်ပြန်ကြေညာမှုမှာ ဂယက်ရိုက်ခတ်လျက်ရှိသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။ ။ ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ကစလို့ ကညနက ယာဉ်ပိုင်ရှင်အစစ်အမှန်မဟုတ်တဲ့ ကားတွေကို အခွန်ဆောင်ပြီး သက်တမ်းတိုး အမည်ပြောင်းမယ့် ကြေညာချက်နဲ့ပတ်သက်လို့ ကန့်ကွက်ထားတာ ဘယ်လို အခြေအနေရှိလဲ။

ဖြေ။ ။အခုကျွန်တော်တို့ ၂၄ရက်နေ့စပြီး ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနကနေပြီးတော့ ကား ရဲ့လိုင်စင်သက်တမ်းဝင်တဲ့အခါမှာ မိမိနာမည်ပေါက်ဖြစ်ရမည်ဆိုပြီးတော့ သူတို့ကပြောတာ အကယ်၍ မိမိ နာမည်ပေါက်မဟုတ်လို့ရှိရင် လိုင်စင်သက်တမ်းတိုးခွင့်မပြုဘူး ပုံစံမျိုးသတင်းထုတ်ပြန်ထား တာ။ ကညနက လည်းသူတို့ဝက်ဆိုက်မှာကြေညာထားတာတွေ့ရတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဒီဟာမတိုင်ခင်ရက် ၂၀ လောက်ကတည်းက အွန်လိုင်းပေါ်တက်နေပြီးတော့ဒီသတင်းတွေကြားနေရပြီလေ။ နိုင်ငံတော် အစိုးရ မထု တ်ပြန်ခင်ထဲက ဒီ သတင်းကကြိုထွက်နေတာဆိုတော့၊ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။

ဒါနဲ့ ပတ်သက်ပြီးကျွန်တော်တို့က လည်း၊ အသင်းအနေအထားကလဲ၊ကျွန်တော်တို့ ကထုတ်ပြန်ထားတာ ရှိတယ်ပေါ့၊နိုင်ငံတော် အစိုးရတရားဝင် ထုတ်ပြန်သေးတဲ့အတွက် မယုံဖို့နောက်ကျမှ ၂၄ရက်နေ့ကျမှ ဒီသတင်းထွက်လာတာ၊ အတည်ဖြစ်လာ တယ်ပေါ့နော်၊ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အသင်း ၊လူပ်ရှားမူ အတိုင်းအတာ အနေအထား နေရာကတော့ ကနေ့၊ကားစီးပြည်သူတွေ၊အသံတွေ ကျွန်တော်တို့ကြား ဒါတွေ ကျွန်တော်တို့ကတော့၊ လက်ရှိ ရှိတဲ့ကုန် းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနကို ကွန်ပလိန်းတွေတက်ထားတယ်၊ဒါနဲ့ ပတ်သတ်ပြီး သူတို့ကတော့ကျွန်တော်တို့ အသင်းအဖွဲ့ကို နေပြည်တော် မှာခေါယူတွေ့ဆုံပြီးတော့ ကျွန်တော်တို့ ရှင်းလင်းတင်ပြ တာတွေရှိတာပေါ့၊

အဲဒီတင်ပြတဲ့အတိုင်းအတာအခါမှာ သူတို့ကဒီက အခွန်နဲ့ ပတ်သက် လုပ်ရတော့ လက်ရှိကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနကနေ လုပ်တာမ ဟုတ်ဘူးပေါ့၊စီမံ/ဘဏ္ဍကနေပြီးတော့၊ ဒါကတော့ အခွန်ဥပဒေနဲ့ပတ်သတ်ပြီးတော့ ကျွန်တော်တို့ကိုအကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်၊အဲဒီတော့ သူတို့ ကနညကလည်း စီမံဘဏ္ဍ နဲ့ညှိတယ် ညှိတယ်ဆိုတဲ့ အတိုင်းအတာအနေအထားသူက အရင်လ က်ထက်ထဲကလိုင်စင်ဝင်လို့ရှိရင်၊ ဦးသိန်းစိန်လက်ထက်ကေ ပါ့နော်။ ဖြေလျှော့ တဲ့အတိုင်း အတာအနေအထားနဲ့ လွယ်ကူမြန်ဆန်သွားအောင်လို့ဆိုပြီးတော့ လိုင်စင်လာဝင်တဲ့လူရဲ့မှတ်ပုံတင်တစ်ခုနဲ့ ကိုယ်စား လှယ်လွှဲစာ ကိုယ်စားလှယ်ပေါ့၊ပိုင်ရှင်ရဲ့ကိုယ်စား တိုင်းအတာအနေနဲ့ လိုင်စင်ဝင်ခွင့်ပြုခဲ့တာတွေရှိတယ်။

အဲဒါနှစ်ကလည်း တော်တော်လေးကြာပြီ။ အခုလက်ရှိအစိုးရ လက်ထက်မှာ ဒီအခွန်ရရှိမှုတစ်ခုတည်းကိုကြည့်ပြီးေ သာ်လည်းကောင်း နောက်တစ်ခုကကားရဲ့ဆိုလိုတဲ့သဘောက ကားရဲ့ ဒုစရိုက်လုပ်ငန်းလုပ်တဲ့ကိစ္စကျွန်တော်တို့ဘာခေါ်လဲ ဆိုတော့ ကျွန်တော်တို့ယာဉ်အန္တရာယ်ကင်းရှင်းရေးပေါ့နော်။ ဒုစရိုက်မှုပပျောက်ရေးနဲ့ တရားဥပဒေစိုးမိုးရေတွေကိုလုပ်ဖို့။ ကားမှာ ဘာလဲဆိုတော့ လက်ရှိအရေးကြီးတာကနာမည်ပေါက်ဖို့လိုတယ်။

လက်ရှိ ကားစီးဝယ်ထားတဲ့သူနဲ့ လက်ရှိ ကားပိုင်ရှင်ဝယ်ထားတဲ့လူူနဲ့ စာအုပ်နဲ့ နာမည်နဲ့က တစ်ထပ်တည်းဖြစ်မှ။ကျွန်တော်တို့ ဒါဟာသူတို့လိုချင်တဲ့ တရားဥပဒေစိုးမိုးရေး ဘာတို့ညာတို့ ဒုစရိုက်မှု ကားနဲ့လုပ်တဲ့ မှုခင်းပပျောက်ရေးနဲ့ ဆက်နွယ်ပြီးတော့ ဒါကို အဲဒီထားပြီး လိုချင်တာ အဲဒီအတွက်ကို လိုင်စင်လာဝင်တဲ့အခါမှာ မိမိရဲ့ နာမည်ပေါက်ဖြစ်ရမယ်။

အဲဒီလို နာမည် ပေါက်ဖြစ်မှသာလျှင် လိုင်စင်ဝင်ခွင့်ပြုမယ်လို့ညွန်ကြားစာထုတ်ထားတယ်။ အဲဒါကို ကျွန်တော်တို့ ခေါ်ယူတွေဆုံခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ တင်ပြခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့၊ လက်ရှိ ဒီပြည်သူတွေလက်ထဲမှာ လည်း ရှင်းရှင်းပြောရရင် ကားတွေကလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက်တဲ့ သူတွေရှိတယ်၊တက္ကစီကားတွေ ဆွဲစားတဲ့သူတွေရှိတယ်၊အခြေခံလူတန်းစားတွေ များပါတယ်။

အဲဒီတော့ အခွန်ရာခိုင်းနူန်းအားဖြင့်အရင်တုန်းက ၃၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း ဖြစ်ခဲ့ပေမယ့် တစ်နှစ်တည်းကို ၃ရာခိုင်နှုန်း ပေးထားတဲ့အတွက်ဆောင်စေချင်တဲ့သဘော။ ကျွန်တော်တို့က မဆောင်ဘူးလို့ပြောတာ မဟုတ်ဘူး၊ဆောင်မယ် ဆောင်စေချင်တယ်။ အစိုးကနေ ပြည်သူလူထုရဲ့ စားဝတ်နေရေးကျပ်တည်းမှု တွေအနေအထားတွေကို လေ့လာဖို့လိုတယ်။

နောက်တစ်ချက်က၊ကျွန်တော်တို့ဒီသူတို့လိုချင်တဲ့တရားဥပဒေစိုးမိုးရေးဆိုတာကရော့ ဒီအခွန်မကောက်ဘဲနဲ့ လုပ်လို့မရဘူးလား၊ကျွန်တော်ပြောပြတာဘာဖြစ်လို့လဲဆိုတော့ အခွန်ကောက်မှ သက်တမ်းတိုးပေးမယ်ဆိုတာကတော့အဓိပ္ပါယ် သိပ်မရှိဘူး၊

အရှေ့တောင်အာဆီယံနိုင်ငံ စံချိန်စံညွန်းအမီနဲ့လုပ်တယ်လို့ဆိုလိုတဲ့အတွက် ကျွန်တော်ကလည်း အာဆီယံနိုင်ငံအနေနဲ့၊စံချိန်စံညွန်းအတိုင်းကိုပြောချင်တာ။ နိုင်ငံတကာမှာ နာမည်ပြောင်းလို့၊အခွန်ကောက်တာ ဘယ်နိုင်ငံမှ မရှိဘူး။ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ခုပဲရှိ တယ်။ ပစ္စည်းတစ်ခုက ကားဟောင်းတွေက တဖြည်းဖြည်း နောက်ဆုံးတန်ဖိုးက ဇီးရိုး ဖြစ်သွားမှာ။ အရည်ကြိုဘဝရောက်သွားမှာလေ။ အဲဒီတော့ ကျွန်တော်တို့က တစ်ခြားနိုင်ငံတွေမှာကကားတစ်စီးဝယ်ပြီးရင်နာမည်ဖောက်ပြီးလို့ရှိရင် ကျန်တဲ့ဟာကရောင်းလိုက်တဲ့ ဆင့်ကဲဆင့်ကဲရောင်းလိုက်တဲ့သူက နာမည် ဒီနာမည်ပြောင်းခ၊ အခွန်ကောက်စရာအမြတ်ခွန်ကောက်စရာ မလိုတော့ဘူး။ စာအုပ်ကိုနာမည်ပြောင်းခနဲ့ မှတ်ပုံတင်ခပဲ ပေးရတယ်။ လက်ရှိ အိမ်နီးချင်း နိုင်ငံတွေဒီလို ကျင့်သုံးနေတာ ဒါကိုလည်း ကျွန်တော်တို့တင်ပြခဲ့ပါတယ်။

နောက်တစ်ချက်က အဲဒါကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ဟာပေါ့နော်၊ နိုင်ငံရေးထိုးနှက်ချက်၊တစ်ခုလို့ ဒါလည်းယူဆတယ်၊ဘာဖြစ်လို့ ယူဆလဲဆိုတော့ ၂၀၂၀ရွေးကောက်ပွဲလည်း နီးနေပြီ၊၂၀၂၀ ရွေးကောက်ပွဲက နီးနေပြီ။ ရွေးကောက်ပွဲကာလမှာ ဒီနိုင်ငံတော် အစိုးရကိုအတွက်ကို ပုံရိပ်ကျတဲ့ ပုံစံမျိုးတွေ အများကြီးကျင့်သုံးလာတာ ဌာနပိုင်းဆိုင်ရာမှာအများကြီးကျင့် သုံးလာတာအများကြီးတွေ့ရတယ်။

လွယ်တဲ့ဟာကို ခက်အောင် ခက်တဲ့ဟာကို ခက်သတဲ့ခက်အောင် ရူပ်အောင်လုပ်တတ်တဲ့ဟာတွေကဌာနတိုင်းမှာအများကြီးရှိတယ်။ အဲဒါဟာ လက်ရှိကျွန်တော်တို့ အစိုးရကပုံရိပ်ကျဆင်းစေတယ်။ပြည်သူေ တွကလည်း လက်ရှိအစိုးကိုယုံကြည်အားကိုးမှု မဲ့လာတဲ့အတိုင်းအတာတွေရှိတယ်။ အခုဒီကိစ္စကလည်း ရှင်းရှင်းပြောရရင် နိုင်ငံရေးထိုးနှက်ချက်တစ်ခုလို မြင်တယ်။ ဘာလဲဆိုတော့ကားစီးတဲ့ပြည်သူလူ တန်း စား ကကောက်လိုက်တဲ့ အခွန်တွေက ကားတန်ဖိုးကဘာမှရှိတာမဟုတ်ဘူး။

ကားတန်ဖိုးက နိုင်ငံခြားဆိပ်ကမ်းအရောက်သွင်းတာက သိန်း၅၀လာက်ရှိတယ်။ အဲဒါကို အခွန်၁၆၅ ရာခိုင်နူန်းလောက်ကျွန်တော်တို့ ဆောင်ရတယ်၊ အဲဒီတော့ ကားတစ်စီးတန်ဖိုးကသိန်း၂၀၀လောက် အခွန်ဆောင်ရတယ်။ ဒီထက်မှာ ကျွန်တော်တို့က နာမည် တွေဆင့်ကဲဆင့်ကဲပြောင်းရမယ်ဆို တဲ့ဟာကျတော့ ကားတစ်စီး တန်ဖိုးက ဒီလောက်ထိကောက်စရာမ လိုတော့ဘူး။

နိုင်ငံတကာ စံချိန်စံညွန်း၊အာဆီယံနိုင်ငံတွေနဲ့ယှဉ်ပြောတာ၊သူတို့ကလဲ ကနေ့ခေတ်နဲ့ စနစ်နဲ့ညီ ကားရဲ့တစ်စီးကို နောက်ယောင်ခံလိုက်တဲ့ Radio frequencyပေါ့နော်။ ကျွန်တော်တို့ကဒီဂျစ်တယ်နဲ့၊ ကားတစ်စီးရဲ့ ဒုစရိုက်မူလုပ်တာက အစယဉ်တိုက်မူလုပ်တာအစခေတ်မှီတဲ့ အတိုင်းအတာ အနေအထား လုပ်ကျမှ လုပ်တာကိုကျွန်တော်တို့ကကြိုဆိုတယ်။ ထောက်လည်း ထောက်ခံ တယ်။

ဒါပေမယ့် အခွန်ဆောင်မှဒီလိုနည်းနဲ့ရမယ်ဆိုတဲ့ လိပ်စာပြောင်းလို့ရမယ်ဆိုအတိုင်း အတာကတော့မအောင်မြင်နိုင် ပါဘူး။ ဘာဖြစ်လို့ မအောင်မြင်နိုင်လဲဆိုတော့ နောက်တစ်ချက်ကကျွန်တော်တို့ တစ်ဖက်နိုင်ငံကနေပြီးတရားမဝင် တင်သွင်းတဲ့ဝှစ်သောက်ကားတွေရှိတယ်၊အဲဒီ Withoutကားတွေတစ်နေ့ကိုရာနဲ့ချီဝင်နေတာ။

အဲဒီwithoutကားတွေကိုမထိန်းချုပ်နိုင်ဘူး၊နောက်ပြီးတော့ သာမန်ပြည်သူတစ်ဦးရဲ့ ပိုင်ဆိုင်တဲ့ ကားနံပါတ်အမှန်တစ်ခုကို without ကားမှာ တချို့က မသမာတဲ့နည်းနဲ့ ကပ်တယ်။ ကပ်ပြီးတော့လူသတ်မူကျုးလွန်တယ်၊ တကယ်တန်းကျုးလွန်တဲ့သူကကျူးလွန်သွားပြီးပြီ။ ဒါပေမယ့် သူက ကျုးလွန်ပြီးတော့ဒီနံပါတ်ကို ဖြုတ်သွားပြီးပြီ။ အဲဒီတော့ဒီနံပါတ်နဲ့ တိုက်ဆိုင်တဲ့ ownerကပြည်သူကနေပြီးတော့ လက်ရှိဘာမသိညာမသိ အချုပ်ထဲတန်းဝင်သွားရမှာ။

အဲဒီတော့တစ်ဖက်နိုင်ငံက တင်သွင်းလာတဲ့ တရားမဝင်တင်သွင်းလာတဲ့ withoutကားတွေကို ဘယ်လိုတား ဆီးနှိမ်နင်းမလဲ။ ဒါကလည်းအလွန်မှစိုးရိမ်စရာအကွက်ပါ။ များသောအားဖြင့် ဒုစရိုက်လုပ်တဲ့ ကားနဲ့ ဒုစရိုက်လုပ်တဲ့ သူမှန်သမျှ ကိုယ်ပိုင်ကားနဲ့လုပ်တာနည်းပါတယ်။ Withoutကားနဲ့ လုပ်ကျတာများတယ်၊ဒါသူကမိရင်လည်း အဆုံးရူံးခံရမှာပေါ့ဆိုတော့ Withoutကားတန်ဖိုးက၊ လက်ရှိကားတန်ဖိုးထက် အများကြီးလျော့တယ်လေ။

ကျွန်တော်တို့က အဲဒီအတွက်ကြောင့်မို့လို့ ဒုစရိုက်လုပ်ငန်းကို Withoutကားနဲ့ လုပ်တဲ့သူကတော့ ကျွန်တော်တို့ စောစောကပြောသလို ကားစီးတဲ့ပြည်သူတွေဆီက အဲဒီနံပါတ်တွေကို ယူမယ်တပ်မယ် ပြုမယ်၊ဖမ်းမိလည်း Without ကားသူကတန်ဖိုးမရှိဘူးလေ အဲဒီတော့ မဖမ်းမိရင်လည်းနံပါတ်ရမယ်ဆို အဲဒီနံပါတ် ကိုရာဇဝင်လိုက်မယ် ။ လိပ်စာအတိုင်းလိုက်မယ်ဆိုရင် ဘာမှမသိနားမလည်တဲ့ ပြည်သူက ဘလိုင်းသက်သက် ကြီးခံရမှာ။

ဒါကိုလည်းသူတို့ရှင်းရှင်းပြောရရင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားရေးမှုးဦးစီးဌာနသိဖို့ လိုတယ်၊မိမိတို့ဆောင်ရွက်ချက်တစ်ခုတည်းကိုပဲကြည်ဖို့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြီးတာက ကိုယ်လုပ်တဲ့လုပ်ငန်းသည် အောင်မြင်နိုင်၏ မအောင်မြင်နိုင်၏၊ တစ်ဖက်ကကောင်းကျိုးပြုသလို တစ်ဖက်ကလည်း ဆိုးကျိုးပြုမှုတွေပြုလာတာဆိုတာကိုလည်း ထည့်တွက်ရမယ်။

ငါတို့ဒါကိုကောက်လိုက်ချင် အားဖြင့် ဘာတွေဖြစ်လာမလဲ တိုင်းပြည်မှာ ဘယ်လိုအကျိုးဆက်တွေရမလဲ ဘယ်လိုဆိုးကျိုးတွေဖြစ်လာမလဲ၊အောင်မြင်နိုင်ပါမလား၊မအောင်မြင်နိုင်ဘူးလား။ အဓိကအချက်ကတစ်ဖက်လုပ်လာပြန်ရင်လည်း ဒီလုပ်လာတဲ့ဒဏ်ကိုပြည်သူတွေအနေနဲ့အရင်ဆုံးစပြီးခံစားရမှာ။ ဒါတွေပြန်ပြီးတော့ အဓိကထားရမှာ လက်ရှိကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန လိုအပ်တာပေါ့။

သူတို့ကတော့ဘာဖြစ်လဲဆိုတော့ ဒီညွန်ကြားချက်စီမံဘဏ္ဍနေပြီးတော့ ဥပဒေအတိုင်းကျွန်တော်တို့ အခွန်ကောက်တယ်ဆိုတဲ့ အတိုင်းပြောတာအခွန်ကတော့ ကညနနဲ့မဆိုင်ပါဘူး။ ကညနကတော့ လိုင်စင်ဝင်မယ်၊စစ်ပေးမယ်။ နာမည်အမည်ဖောက်ပေးမယ်။ မှတ်တမ်းတင်မယ်။ဒါပဲ။ အဲဒီတော့ကျွန်တော်တို့ကဆိုလိုတာက၊အမည်ပြောင်း၊မှတ်တမ်းတင်တာလေးကိုပဲ ကျွန်တော်တို့ကထိုက်သင့်တဲ့ အခွန်ကျ အခွန်အခတွေကောက်လို့ရှိရင် နှစ်ဦးနှစ်ဖ က်အဆင်ပြေမယ်လို့ကျွန်တော်တို့ ယူဆထားတယ်၊

အဲဒါတွေအတွက်လက်ရှိ ဒီပို့ဆောင်ဆက်သွ ယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင် ညွန်ကြားမှုဦးစီးဌာနကို၊ဒါကိုတော့ အကြံအဉာဏ် ပေးပါတယ်။အဲဒီအတွက်ကို၊ပည်သူ လွတ်တော်ကိုယ်စား လှယ်တွေနဲ့လည်းတိုင်ပင်ထားပြီပါပြီ။ လွှတ်တော်မှာ ဒီကိစ္စဆွေးနွေးဖို့အကြံအဉာဏ်ပေးထားပါပြီ။ တောင်း လည်းတောင်းဆို တာပါတယ်။

ဒါကိုလည်း ဒီထက်မကသက်ဆိုင်ရာလူကြီးတွေ ကိုလည်း ဆက်ပြီး လုပ်သွားမှာပါ။ ကျွန်တော်မော်တော်ကားရောင်းဝယ်ရေးအသင်းက ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ဖောက်စွပ်ကိ စ္စတုန်း ကလဲ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကနေ အတန်တန်ကျွန်တော်တို့ကိုပြောပါတယ်။

လုံးဝကျွန်တော်တို့မလုပ်ပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဥပဒေအတိုင်းပဲသူတို့လုပ်ဆောင်တယ်။ အဲဒီ တော့ ဖြစ်လာတာ စာချုပ်စာတန်းနဲ့ အရောင်းအဝယ်ဖြစ်တဲ့အတွက် ဆင့်ကဲဆင့်ကဲ၊တရားစွဲပြီး လုပ်ကျဖို့ ပါဆိုပြီး ပြည်ထောင်စုလွှတ်တော်ရှင်းပြထားတာရှိပါတယ်။

ဒါပေမယ့် ကျွန်တော်အသင်းက ပြည်သူရဲ့ကိုယ်စားရှင်း ရှင်းပြောမယ်ဆိုရင် ပြည်သူတွေအတွက် ကိုယ်စားကျွန်တော်တို့ အသင်းကပြည်သူတွေနစ်နာတဲ့မှန်သမျှကို ကျွန်တော်တို့လိုက်ပါဆောင်ရွက်ပေးတဲ့လူမူရေးအသင်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အခုလည်း ကျွန်တော်တို့ အခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကမဆောင်ချင်လို့ပြော တာမဟုတ်ပါဘူး၊ထိုက်သင့်တဲ့အခွန်အကောက် မှန်သမျှ ပြည်သူပြည်သားတွေအနေနဲ့ကဆောင်ရမှာပါ အခွန်နဲ့ပဲတိုင်းပြည်တည် ဆောက်ကျတာ။ နိုင်ငံတကာလည်း ထိုနည်းလည်းကောင်းပါပဲ။ အခွန်အခမရဘဲနဲ့ ဒီနိုင်ငံတည်ဆောက်လို့မရပါဘူး။ ရတဲ့အခွန်အခတွေကို ဝန်ကြီးဌာနတွေကိုဖြန့်ဝေပြီးတော့မှ သူရဲ့ဌာနတိုင်းကနေပြီးတော့ ကျွန်တော်လုပ် စရာရှိတဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ရတဲ့အပိုင်းတွေအများကြီးရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့နားလည်ပါတယ်။

ဒါပေမဲ့ကောက်တဲ့ ကောက်သင့်ကောက်ထိုက်တဲ့ အခွန်အခမျိုးဆိုရင်ကျွန်တော်တို့ ဒီပြည်သူတွေက ပေးဆောင်ရမှာဝန်မလေးပါဘူး။ အခုဟာခေတ်စနစ်တွေပြောင်းလာပြီးပြီ။ တကယ်တိုးတက်တဲ့ခေတ်တွေရောက်လာပြီဆိုတဲ့အတိုင်းအတာအနေအထားမှာ ဒီအခွန်အခက ကျွန်တော်တို့က နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတစ်ခုထဲပဲရှိတယ်လုပ်ထားတာ။

ကားကဆင့်ကဲဆင့်ကဲဆင့်ကဲ အခွန်ဆောင်ဖို့မလိုပါဘူး။ ကျွန်တော်ပြောတာကအခုနိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတစ်ခု အခွန်ထပ်ဆောင်ထားတယ်။အသစ်သွင်းလာတယ် ဒီအသစ်ဆောင်တာပဲဖြစ်ဖြစ် ဆိုလိုတဲ့သဘော ဘယ်လိုဖြစ်ဖြစ်ရေခဲသတ္တာပဲဖြစ်ဖြစ် TV ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အခွန်ကဆောင်ရတာပဲ ဆောင်ပြီးဒီဟာကဟောင်းသွားတယ်။ ဟောင်းတဲ့အခါမှာဒီအခွန်နောက်လူနာမည်ပြောင်းပေးမယ်ဆိုရင် ဒီအခွန်အခတွေလည်းထပ်ပေးစရာ အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ သူကတဖြည်းဖြည်း ပျက်စီးသွားမှာပဲ။

ကား အသစ် ကျတော့ဒီ၃ရာခိုင်နူန်းပဲ ။ ကားအဟောင်းကျတော့လဲ ဒီ၃ရာခိုင်နူန်းပဲဆိုတော့ ဒါလေး တွေ ခွဲခြားစိတ်ဖြာပြီးတော့ကျွန်တော်တို့ကအဟောင်းတွေကို ဘယ်လို အခွန်ကောက်တွယ်ရင်ကောင်းမလဲ။ အသစ်ကိုဘယ်လိုကောက်ရင်ကောင်းမလဲဆိုတာလေးကိုခွဲခြားစိတ်ဖြာပို့လိုတယ်။ အဲဒီတော့ ကျွန်တော် တို့ အဟောင်းတွေကျတော့အတိုင်းအတာတွေကျတော့လည်း ကားတန်ဖိုးကဘာမှမရှိဘူး ဒီရာခိုင်နူန်းနဲ့ တွက်ဆောင်ရတယ်ဆိုရင် အသစ်နည်းပါးပြီး ကျွန်တော်တို့က အဟောင်းတွေရှိတဲ့သူက တအားနစ်နာတယ်။ စောစောက ကျွန်တော်ပြောသလို ထိုက်သင့်တဲ့ အခွန်။ မဆောင်ဘူးပြောတာမဟုတ်ဘူး။ ဌာနဆိုင်ရာ တွေအခွန်ရအောင် ပြည်သူတွေကလည်းသက်သာသွားအောင် နာမည်ပြောင်းခနဲ့ မှတ်ပုံတင်လေးကို သင့်သင့်လျောက်ပတ်တဲ့အခွန်မဟုတ်ဘူးနော်။ သင်တင့်လျောက်ပတ်တဲ့မှတ်ပုံတင်ကြေးနဲ့တင်သွင်းပြီးတော့ ဒါလေးကို ကျွန်တော်တို့ကလုပ်ပေးလိုက်ရင် ပြည်သူလည်း စိတ်ချမ်းသာမယ် နိုင်ငံတော်အစိုးအရနေလည်းဝင်ငွေရမယ်လို့ ကျွန်တော်က အဲဒီလိုပဲ အကြံပေးချင်ပါတယ်။

မေး။ ။ ကညန နဲ့တွေ့ဆုံတဲ့ပွဲမှာ မော်တော်ယာဉ်တင်သွင်းရောင်းဝယ်ရေးအသင်းကောပါလား။ သူတို့ကကော အခွန် ၃ရာခိုင်နှုန်းနဲ့ ပတ်သက်ပြီးဘာတွေဆွေးနွေးတာတွေရှိလဲ။

ဖြေ။ ။ ကညနနဲ့ တွေ့ဆုံတဲ့အထဲမှာ အသင်းပါပါတယ်။ ရန်ကုန်တိုင်းလည်းပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးအသင်းကိုယ်စားလှယ်တွေလည်းပါပါတယ်။ ဒါပေမယ့် သူတို့ ၃ရာခိုင် နူန်းပတ်သက်လု့ိတာ့ အကျယ်တဝံ့မပြောဘူး။ မပြောဘူးဆိုတာက ကျွန်တော် ဟိုမှာကအစည်းအဝေးပွဲမှာက မေးခွန်းထပ်လိုရှိရင် ပြန်ပြီးမေးလို့မရဘူးလေမေးခွန်းတစ်ခုပဲ။ ဒီမေးခွန်းပဲကို နောက်လူက ဒီမေးမယ်ဆိုရင် ဒါကိုလည်း
စည်းကမ်းချက်သတ်မှတ်ထားတဲ့အတွက် သူတို့က၃ရာခိုင်နူန်းကိစ္စနဲ့ ပတ်သက်ပြီးမမေးဘူး မမေးတဲ့ အတွက်ကျွန်တော်တို့ကနေ ကျွန်တော်တို့မော်တော်ကားရောင်းဝယ်ရေးအသင်းကနေပြီးတော့ကျွန်တော် ဥက္ကဌရယ် ဒုဥက္ကဌကိုပိုင်စိုးရယ်ထပြီး ကျွန်တော်တို့ မေးတာ။

မေးတဲ့အပိုင်းမှာ သူတို့အပိုင်းကတော့ ရှင်းရှင်းပြောရမယ်ဆိုလိုရှိရင် မော်တော်ယာဉ်ထုတ်လုပ်တယ်၊ တင်သွင်းတယ်။ အဲဒီကိစ္စတွေပဲ။ သူတို့မေးကြတာ Model Year မှားတာပြုတာတွေဒါတွေသူတို့မေးတာ။ အခွန် ၃ရာခိုင်နူန်း ပတ်သက်လို့ တော့သူတို့ကတော့ကျွန်တော်လို့ အကျယ်တဝံ့မေးတာမဟုတ်ဘူး။

မေး။ ။ ဒီအခွန် ၃ ရာခိုင်နှုန်းကိစ္စကို ဆရာတို့အနေနဲ့ အခြား မော်တော်ယာဉ်တင်သွင်းရောင်းဝယ်ရေးအသင်းနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာတာတွေရှိလား။

ဖြေ။ ။မရှိပါဘူး။ ကျွန်တော်တို့က တစ်နိုင်တစ်ပိုင်မော်တော်ကားဒီအခြေခံလူတန်းစားတွေပေါ့နော်။ မိမိရဲ့ မိသားစုဝမ်းစာအတွက်နေ့စဉ်လူပ်ရှားနေရတယ်ပေါ့နော်။ အကျိုးဆောင်တော့ အကျိုးဆောင် ဝယ်ရောင်းဆိုလည်းဝယ်ရာင်းပေါ့နော်။ တစ်နေ့ကို ကိုယ်မိသားစုဝမ်းစာအတွက် ရှာဖွေနေရတဲ့တစ်နိုင်တစ်ပိုင်ကားလောက အရောင်းအဝယ်လုပ်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ အဲဒီတော့ သူတို့နဲ့အဆက်အဆက် ဘယ်လိုမှ အဆက် အဆက်တော့မရှိပါဘူး။ သူတို့ကမော်တော်ယာဉ်ထုတ်လုပ်အပိုင်းပါ တင်သွင်းတဲ့အပိုင်းပါ။ ကျွန်တော်တို့က
တစ်နိုင် တစ်ပိုင် တစ်စီးနှစ်စီးရောင်းပြီးတော့အရောင်းအဝယ်လုပ်တဲ့အပိုင်းပေါ့။

မေး။ ။ ဆရာတို့အသင်းအနေနဲ့ လက်ရှိ ကားကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြဿနာတွေကို အဓိကဖြေရှင်းပေးနေရလဲ။

ဖြေ။ ။အများဆုံးရှိတာကတော့ အခု ဖောက်စွပ်ကိစ္စပေါ့နော်။ဖောက်စွပ်ကိစ္စကတော့ အများဆုံးရှိတယ် ဒါပေမဲ့ ဒါတွေကတော့ ကျွန်တော်တို့ကဖြေရှင်းလို့ အကုန်လုံးအောင်မြင်ပါတယ်။ ပြီးပါတယ်။ နှစ်ဦးနှစ်ဖက်ဖြေရှင်းတာ ဖောက်စွပ်လည်း နိုင်ငံတော်က တရားဝင်အရည်ကြိုစလစ်ပေးလိုက်တာဖြစ်တဲ့ အတွက် ဥပမာ ဆိုလိုတဲ့သဘောဗျာ သိန်း၂၀၀လောက်ဆုံးရူံးနစ်ရမဲ့နေရာမှာ သိန်း၁၀၀လောက်ပြန်ရထား တာပေါ့။ကျွန်တော် တို့ ဒါလုပ်ခဲ့ပြီးပါပြီ ဒါကိုအောင်မြင်အောင်လုပ်ခဲ့ပြီးပါပြီ။

နောက်တစ်ချက် ယာဉ်နဲ့ ပတ်သက်လို့ ပိုင်ဆိုင် မှုပေါေ့နာ်။ လက်ရှိရှင်းနေရတာ ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ကုန်းလမ်းပို့ဆောင်ညွန်ကြားမှုဦးစီဌာနကို ကျွန်တော် တို့ တင်ပြခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားကျတဲ့ ဥပဒေရှိပါတယ်။ အဲဒီတော့ခက်တာက ကုန်းလမ်းပို့ဆောင်ညွန်ကြားရေးမှု ဦးစီးဌာနကဒီဥပဒေကိုလေ့လာဖို့လိုတယ်ခင်ဗျာ။
ဘာဖြစ် လို့လဲဆိုတော့ မော်တော်ယာဉ်ဥပဒေကသူတို့အတွက်အသက်ပဲ ။ ဒီဥပဒေထက်ကျော်ကျော်ပြီးလုပ်တာ တွေက တအားမှားတယ်ခင်ဗျ။ အဲဒီတော့ လက်ရှိကျွန်တော်တို့ဖြစ်နေတာက ဘာဖြစ်နေလဲဆိုတော့မော်တော်ယာဉ်ပိုင် ဆိုင်မှုနဲ့ပတ်သက်ပြီး တိုင်တဲ့သူကရဲစခန်းသွားတယ်။ ရဲစခန်းဆိုတာကလည်း လာ တိုင် ရင်အမူဖွင့်ပေးရတယ်။

မဖွင့်လို့လည်းမရဘူး။ အဲဒီတော့ စာရွက်စာတမ်းက ဘာလဲဆိုတော့ စာချုပ်လေးပဲပါတယ်။ ဒီ ကား ကျွန်မကိုလိမ်ပြီးယူသွားပါတယ်။သူ့စာချုပ်ပဲသူပါတာ။ အမှန်အကန်ဝယ်ထားတဲ့ ပြည်သူတစ်ယောက်အနေအတိုင်းအတာ သူမှာကားလည်းရှိတယ် လိုင်စင်စာအုပ်လည်းရှိတယ်။ ခိုင်မာတဲ့စာချုပ်စာတမ်းရှိတယ်။ အဲဒီလိုဟာမျိုးစုံလင်တယ်ဆိုရင်ပြည်ထောင်စု လွှတ် တော်ဥပဒေ မှာ ေ မာ်တော်ယာဉ်ပိုင်ရှင်ဆိုသည်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့သွားပြီးကိုက်ညီတဲ့အတွက် မော်တော်ယာဉ်ပိုင်ရှင်အစစ်ပဲ။

အဲဒါကို သူတို့ကကညနကို လှမ်းပိတ်တယ်။ ဒီကားနဲ့ပတ်သတ်ပြီးတော့ လိုင်စင်ဝင်ခွင့်ပြုပြင်ပြောင်းလဲ အမည်ပြောင်းဝင်ပိတ်တယ်ဆိုတာ ကညနက လက်ခံထားတာရှိတယ်။ဒါကို အကျယ်တဝံ့ဆွေးနွေးထားတယ်။ဘာဖြစ်လို့လဲဆိုတော့ ထမေးတဲ့ အချိန်မှာသူတို့ဘက်က ဝန်ကြီးဌာနကထုတ်ပြန်ပေးပေါ့နော်။ လက်ရှိ လက်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်ရေးအရ တိုင်မယ်ဆိုရင်၊ တစ်လပေါ့နော် နာမည်ပြောင်း၊တို့ဘာတို့ညာတိ၊ကျွန်တော်တို့ ပြုပြင်တာတို့လုပ်လို့မရဘူး သက်တမ်းတိုးလို့မရဘူးဆိုတာအဲဒါလဲ ပိတ်ထားတယ်။ တရားရုံးနဲ့ ပတ်သက်လို့ အရူပ်အရှင်းဖြစ်လို့ ပိုင်ဆိုင်မှုအရှုပ်အရှင်းဖြစ်လို့လို့ ဆိုင်နေရပြီဆိုရင်လျှင် တရားရုံးရဲ့ဆုံးဖြတ်ချက် ပြီးမှသာလျှင် လိုင်စင် ဝင်ခွင့်ပြုပြင်ခွင့်တို့ရမယ်ဆိုပြီးတော့ ဝန်ကြီးဌာနကထုတ်ပြန်ထားတာရှိတယ်။

အဲဒီတော့ ကျွန်တော်ကမေးပါတယ် ဝန်ကြီးဌာကထုတ်တဲ့အမိန့်သည် ပြည်ထာင်စုလွှတ်တော်ကြီးက ထုတ်ထားတဲ့ ဥပဒေကိုကျော်လွှားလို့ရသလားလို့ ကျွန်တော်မေးလိုက်တယ်။ မရပါဘူး ဘာဖြစ်လို့လဲဆိုတော့ အဲဒါက အဲဒီက Main ပဲလေ၊သူဘယ်လိုပဲအကြောင်းပြပြ ကြိုက်သလိုပြပါ။ ကုန်လမ်းပို့ဆောင် ညွန်ကြားမှု ဦးစီးဌာနက မော်တော်ယာဉ် ဥပဒေထုတ်ထားတဲ့ဟာ ပြည်ထောင်စုလွှတ်တော်က ထုတ်ထားတဲ့ဥပဒေကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနထုတ်တဲ့ ဥပဒေကို ကျော်လွှားပြီး ပို့တယ်ဆိုတာက ဒါက သူတို့ ဥပဒေကို နားမလည်လို့လုပ်နေတာ။ တော်တော်လည်းသိက္ခာကျစရာပါကောင်းတယ်။ ရှက်ဖို့လည်းကောင်းပါတယ်၊ ဥပဒေကို ကညနကုန်းလမ်း ပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန မိမိတို့ဌာနအတွက်ထုတ်ထားတဲ့ဥပဒေကို သေချာဖတ်ပါ၊ကျွန်တော်တို့ဆိုလိုချင်တာ ကညနအနေနဲ့ မလိုအပ်တာတွေကို မလုပ်ပါနဲ့။ ပြည်သူတွေသိပ်အခက်အခဲဖြစ်တယ်။

မေး။ ။ကညနရဲ့ ဆုံးဖြတ်ချက်တွေကအောက်ခြေ လူတန်းစားတွေအများဆုံးရှိတဲ့ကားရောင်းဝယ်ရေးု လုပ်ငန်းတွေမှာ ထိခိုက်တယ်ဆိုတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေက အောက်ခြေကို ဂရုမစိုက်တာလား။ ဘာကြောင့်လဲ။

ဖြေ။ ။အဲဒါကျတော့ စောစောက ကျွန်တော်ပြောသလိုပေါ့နော်။ မလေ့လာတာမဟုတ်ဘူး၊လေ့လာပါတယ်။ လုပ်လည်း လုပ်ပါတယ်။ ကျွန်တော်တို့ များသောအားဖြင့်အရင်ခေတ်နဲ့တော့မတူဘူးပေါ့နော်။ ကုန်းလမ်းပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာန ပြည်သူတွေအပေါ်မှာ အဆင်ပြေချောမွေ့အောင်လို့လုပ် လာတာတွေရှိပါတယ်။ နောက်ပြီးတော့၊ လက်ရှိပြည်သူတွေနားမလည်ကိစ္စမျိုးတွေလည်းအများကြီးရှိပါတယ်၊အဲဒါတွေကဘာလဲဆိုတော့ ကျွန်တော်တို့၊လိုင်စင်ဝင်တဲ့ကိစ္စ ယာဉ်မှန်မမှန်စစ်တဲ့ဟာတွေ ကျွန်တော်တို့လိုင်စင်ဝင်တာနဲ့ ယာဉ်မှန်မမှန်စစ်တာနဲ့ မတူဘူးခင်ဗျ။ ကျွန်တော်တို့လိုင်စင်ဝင် တယ်ဆိုတာ ကတော့ သာမန်ပုံမှန်လုပ်ရိုးလုပ်စဉ်ပဲ ကားစစ်တယ်ပြုတယ်။ သက်တမ်းတိုးပေးလိုက်ရုံပဲ။

ယာဉ်မှန်မှန် စစ်တယ် ဆိုတာက မိမိရဲ့ကားကို မိမိကိုယ်တိုင်ကနေ အစစ်ခံခိုင်းတာ။သူတို့က မင်းကားကိုလာ ငါစစ်ပေးမယ်ဆိုပြီး ပြောတာမဟုတ်ဘူး၊ကျွန်တော်ကားမှန်၏ မမှန်၏ ဒါမှမဟုတ် အရောင်းအဝယ်ဖြစ်ဖြစ်မဖြစ်ဖြစ်၊ ဖြစ်သော် လည်းကောင်း မဖြစ်သော်လည်း ကောင်း၊ယာဉ်မှန်မမှန်စစ်တဲ့ အခါ မှာသူက ရှင်းရှင်းပြောရရင် ကညန ကိုခေါင်းလွှဲခေါင်းခံခိုင်းလိုက်တဲ့ သဘောမျိုး၊ ဒါကိုသူတို့နားလည်ဖို့ လို တယ်။အဲဒီအချိန်မှာ သူတို့ ပုံအပ်လိုက် တာ၊ကျွန်တော်ကားမှန်မ မှန်စစ်ပေးပါ။

သူတို့ခွာတော့မှာလေ ကားကို ဘယ်နေရာဖြတ်စပ်ထားတယ်ရှိလဲ မသင်္ကာကားမှန်သမျှနေရာ ကုန်ခွပြီးစစ်လိုက်တဲ့လိုက်တဲ့အချိန်မှာ တစ်ခါ လေကျရင် ကားတစ်စီးလုံး ဘာမှမကျန်တော့ဘူး။ သံခွံ့ပဲ ကျန်တာရှိတယ်။ အဲဒါတွေ ကျတော့နားမလည် ဘူးလေ။ ကားတစ်စီးလုံး ဒီလောက်စစ်ရသလားပြုရသလား၊ဒါကသူစစ်ပြီးတော့မှ မှန်ကန် တယ်ဆို တော့မှမှတ်ချက်ပေးလို့ရမှာလေ၊ ကျွန်တော်ဆိုလိုတဲ့သဘောက ဟုတ်တယ်မို့လား။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မှန်မမှန် ကိုယ်ကစစ်ခိုင်းတာ၊ အဲဒါကြောင့်တချို့ကျတော့ နားမလည်ဘဲနဲ့ ပြောတဲ့အပိုင်းတွေပါတယ်။ဒါလေးကိုလည်း ပြည်သူတွေ ကနားလည်ဖို့လိုပါတယ်၊ ကျွန်တော်ပြောတာဟိုဘက်ဒီဘက်မျှတအောင် Fair ဖြစ်အောင် ပြောတဲ့သဘောပါ၊

ဘယ်ဘက်မှလည်းလိုက်ပြောတာမဟုတ်ဘူး အဲဒါမှ မှန်တယ်ဆိုမှ တိုင်ပင်ပြီး ဆုံးဖြတ် ချက်ချပြီးတော့မှ၊ဒီကားက မှန်ကန်၏ ဆိုတာ သူတို့က မှတ်ချက်ပေးလို့ရပါတယ်။ဒါအတည်ပြုပေး လို့ရပါတယ်၊ ဒါက အရေးကြီးတဲ့ အပိုင်းမို့လို့၊လိုင်စင်ပုံမှန်ဝင်တာကတော့၊ကျွန်တော်တို့ ဝင်နေကြပုံမှန်၊ ကိုယ်ဘာသာ ကိုယ်ဝင်တယ်။ ဒီကြားထဲမှာ ဖောက်စွပ်တွေ့လာတဲ့အခါမှာ မသင်္ကာနဲ့အခါမှာ မသင်္ကာလို့စစ်သွားတဲ့ ဟာတွေလဲ ရှိပါတယ်။

အဲဒါလေးအပိုင်းနဲ့ ပတ်သက်လို့၊ကျွန်တော်တို့လက်ရှိတွေကြုံ နေရတာတော့ ကျွန်တော်တို့ ဘာခေါ်လဲ ဆိုတော့ဝန်ထမ်းအင်အား၊ကညနမှာ ကျွန်တော်တို့ လက်ရှိရှိနေတဲ့ အင်ဂျင်နီယာ ဝန်ထမ်းအင် အားတွေ လက်ရှိကားတွေနဲ့က မမျှတဘူးဖြစ်နေတယ်။

ဒါလည်း ပြီးခဲ့တဲ့တစ်နှစ်ကျော်လတုန်းက ကျွန်တော်ပြောပါ တယ်၊ ဝန်ထမ်းအင်အားနဲ့ ကညနနဲ့၊ဒီကဘတ်ဂျက်ပါ့နော်၊ကျွန်တော်ကညနမှာ အရင်တုန် းက တော် တော် လေးကိုဆိုးပါတယ်။ ရွှံ့တွေ ဗွတ်တွေဘာတွေညာတွေ၊မြင်သာမှာ ဆိုရင်ဒီလိုပဲ၊ အင်းစိန် ရုံး ၊ တောင်ဒဂုံ ရုံးတွေအဲဒီအတိုင်းပဲ အဲဒီတော့လိုင်စင်ကျွန်တော်တို့ သွားလုပ်တဲ့အခါမှာ တော်တော်လေးတွေ အခက် အခဲတွေရှိတယ်၊

ရက်ချိန်းယူရတာလည်းတော်တော်လေးကို ခက်ခဲတယ်၊ဝန်ထမ်းအင်အားမမျှဘူးသူတို့မှာ ကျွန်တော်တို့ကဆိုလိုတာက ဒီဌာနဆိုင်ရာအနေနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့အင်ဂျင်နီယာဝန်ထမ်းတွေအခြားဝန်ထမ်းတွေ ခန့်ပြီး ဆက်ပြီးတော့ ထပ်တိုးပေးဖို့လိုတယ်လို့ကျွန်တော် အကြံပြုပါရစေ။

တော်တော်လေးပဲ ကားဘိုကင်ယူကြာပါ တယ်၊ တစ်ခါတစ်လေဘိုကင်ပြည့်နေပြီ။ ယူလို့တောင်မရဘူး၊အဲဒီအပိုင်းတွေပါပါတယ်၊အဲဒီအခါကျတော့ ဝန်ထမ်းအင်အားအပိုင်းတွေနဲ့လည်း၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ကုန်းလမ်းမှာဝန်ထမ်းအင်အား လိုအပ်ချက်တွေ၊ ဖြည့်ဆည်းပေးပါလို့ မော်တော်ကားရောင်းဝယ်ရေးအသင်းက တောင်းဆိုပါတယ်။

မေး။ ။ ၃ ရာခိုင်နှုန်းအခွန်က ပြောင်းလဲနိုင်ပါ့မလား။

ဖြေ။ ။ဟုတ်ကဲ့ ကျွန်တော်တို့ လက်ရှိကတော့၊ဟိုပေါ့နော် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ကျွန်တော်တို့ဆွေးနွေးပါတယ်။ လွှတ်တော်မှာလည်းဆွေးနွေးတင်ပြပေးဖို့ စီစဉ်နေပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီကလက်ရှိတာဝန်ရှိတဲ့ လူကြီးတွေနဲ့ပြောထားပါတယ်။ ကျွန်တော်တို့ ဒါကိုတော့ အရင်လိုပဲ ဖောက်စွပ်လိုပဲ ကျွန်တော်တို့ ပြန်ပြီးတော့လုပ်ပြီးတော့ ပြည်သူတွေ အဆင်ပြေမယ့် နည်း ပေါ့ဗျာ။

လုံးဝပြေလည် သွားမယ်ဆိုရင်ပိုကောင်းတာပေါ့၊ဘယ်လိုအဆင်ပြနိုင်မလဲ ဆိုတဲ့ နည်းလမ်းနဲ့ ဆွေးနွေးညှိနိူင်းနေပါတယ်။ သိပ်တော့ မကြာပါ ဘူး။ ဒါကတော့၊သူဘာသာသူအချိန်တန်ရင်တော့ထွက်လာမှာပါ၊ကျွန်တော်တို့ ဖောက်စွပ်ကိစ္စလည်း တော် တော်လေး ကြာပါတယ်။ဒီလိုပဲ လုပ်ယူရတာပါပဲ။

ကျွန်တော်တို့ ပြည်သူတွေရဲ့ဘ၀ နားလည်မှု အတိုင်းအတာ အနေအထားနဲ့ ကျွန်တော်တို့ တင်ပြမှာပါ။ လက်ရှိမှာ ကျွန်တော်တို့၂၀၂၀ရွေးကောက်ပွဲအတွက် ဒီကိစ္စကြီး ကလုံးဝအန္တရာယ်ကြီးပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလဲ ၂၀၂၀အတွက်ကြိုပြီးတော့ ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကိုဆက်ပြီးလုပ်သွားမှာပါ၊

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com