All News Local News

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒါ်ဥမ္မာလှိုင်နှင့် သံသယတရားခံ အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင် တို့အကြား အပြန်အလှန် အမှုဖွင့်

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒါ်ဥမ္မာလှိုင်နှင့် သံသယတရားခံ အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင် တို့အကြား အပြန်အလှန် အမှုဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၇

နေပြည်တော် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်ပြီး Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သံသယ တရားခံ အောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်ကို ကလေးငယ်သူငယ် ဥပဒေဖြင့် အမှုဖွင့်လိုက်ပြီးနောက် သံသယ တရားခံ အောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်ဘက်ကလည်း ဒေါ်ဥမ္မာလှိုင်ကို ပြန်လည် အမှုဖွင့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

နှစ်ဖက် အပြန်အလှန်အမှုဖွင့်များနှင့် လက်ရှိ အခြေအနေတွင် နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ လူစိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာနေပြီး ရန်ကုန်ခေတ်သစ်က နှစ်ဖက် ရှေ့နေများကို ဆက်သွယ်မေးမြန်းထားပါသည်။

သံသယ တရားခံအောင်ကြီး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်

“လာမည့် ရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်ကို စစ်မယ်။ အောက်တိုဘာလ ၂၁ ရက်နေ့ ပြန်လည် ချိန်းဆိုလိုက်တယ်။ တစ်ဖက်က မကျေအေးသလို ကျမကိုလည်း တရားသူကြီးကို မေးတယ်။ ကျမဘက်ကလည်း ကျေအေးပေးဖို့ မရှိဘူး။ တရားရုံးဆိုတာ ရဲက စွဲတင်တဲ့ ပုဒ်မနဲ့ဘဲ သူက လက်ခံစစ်ဆေးလို့ရတယ်။ တရားရုံးကို ရောက်လာတဲ့ ပုဒ်မကို ပြောင်းလဲဖို့ မရှိသေးဘူး။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ ၊ ဒီအမှုနဲ့ ပတ်သက်ပြီး ကျမက သူအဆင့် နဲ့ ဆက်လုပ်ဆောင်သွားမယ်။လောလောဆယ်တော့ တရားရုံးကတော့ ရှုပ်ထွေးတဲ့အမှုအဖြစ် ရက်ပေါင်း ၂၇၀ သတ်မှတ်ထားတယ်။ ရုံးချိန်းက ၂ ပတ်ချိန်းဆိုထားတယ်။ တရားလိုပြသက်သေ ၉ ဦး စစ်ဆေးသွားဖို့ ရှိတယ်။ တစ်ဖက်ကိုတော့ တရားမစွဲရသေးဘူး။ အခုက ဘာနဲ့ တရားပြန်စွဲမယ်ဆိုတာ စီစဉ်နေတုန်းပဲ ရှိသေးတယ်”

Wisdom Hill ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုး

“ကျနော်က အမှုတွဲ ကူးထားတုန်းပဲရှိသေးတယ်။ အဓိက က တော့ အမှုကို ရက်သတ္တပတ် ၂ ပတ် ရုံးချိန်းတယ် ။ ရုံးက သတ်မှတ်ထားတာက ရက်ပေါင်း ၂၇၀ ၊ နှစ်ဖက်အမှုသည်တွေရဲ့ အချိန်တွေကို ငဲ့ကွက်အားဖြင့် ရက်သတ္တပတ် ၂ ပတ် ချိန်းတာဖြစ်တဲ့အတွက် ရက်ကတော့ ကြာသွားတယ်။ ဒါကတော့လုပ်ရုံးလုပ်စံပါပဲ။ ပုံမှန်ပဲ။ ရှုပ်ထွေးတယ် ၊ မရှုပ်ထွေးဘူးဆိုတာ ရက်သတ္တပတ် ၂ ပတ် ခေါ်တာဖြစ်တဲ့အတွက် ရက်ပေါင်း ၂၇၀ ဖြစ်သွားတယ်။ ရှုပ်ထွေးတဲ့အမှုအဖြစ် ကျနော်တို့က သတ်မှတ်လိုက်တာ။ တရားလိုအနေနဲ့ ဥပဒေ အခွင့်အရေး ရသင့်ရထိုက်တယ်လို့ ယူဆတယ်။ စွပ်စွဲခံရသူ ၏ လုပ်ဆောင်ချက်တွေက သူတို့အတွက် နစ်နာတယ်လို့ ယူဆတယ်။ သက်ဆိုင်ရာဥပဒေ ရဲ့ ရသင့် ရထိုက် အခွင့်အရေး ရအောင် သူက တောင်းဆိုတယ်လေ။ တစ်ဖက်က စွပ်စွဲချက်တွေက တရားစွဲဆိုတင်ဖို့ လုံလောက်လို့ တရားစွဲတင်တာပါ ။ မကျေအေးဖို့က တရားလိုက တရားခွင်မှာ ပြောဆိုပြီးသား ။ အမှုသည်က ဒီအပေါ်မှာ ကျေအေးဖို့ ဆန္ဒ မရှိတာကြောင် သူတို့က့ အမှုဆက်သွားတာပေါ့ ။ ဒါကတော့ အမှုသည်နဲ့ပဲ ဆိုင်တယ်။ ကျနော်တို့ကတော့ ဒါက ဥပဒေနဲ့ အညီလုပ်ပေးရတာပါ။

တရားစွဲခြင်း၊ မစွဲခြင်းကတော့ သူတို့ကိစ္စ ၊ သူတို့အတွက်ကတော့ သူတို့ နစ်နာရင် တရားစွဲဆိုမှာပေါ့ ။ ဥပဒေအရ ရသင့် ရထိုက်အခွင့်အရေး တောင်းဆိုမှာပဲလေ။ ဒီဘက်ကလည်း သူဘက်က နစ်နာတယ်ထင်လို့ ဥပဒေအရ ရသင့် ရထိုက်တာ တောင်းဆိုတာ ကျနော်အမှုသည်ကလည်း ၊ သူတို့ကလည်း သူတို့နစ်နာတယ်ထင်ရင် သူတို့အတွက် တောင်းဆိုလို့ ရတဲ့ ဥပဒေတစ်ခုခုနဲ့ တောင်းဆိုမှာပေါ့ ။ ဒါက သူတို့အခွင့်အရေး ၊ ဒါက နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ၊ ဒီအတွက် ဘာမှ မှတ်ချက် ပြုစရာ မလိုပါဘူး။ “

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com