All News Inequality

Inequality (မညီမျှခြင်း) ကဏ္ဍ မိတ်ဆက်ခြင်း

Inequality (မညီမျှခြင်း) ကဏ္ဍ မိတ်ဆက်ခြင်း

မြန်မာနိုင်ငံတွင် မညီမျှမှု အခြေအနေအမျိုးမျိုးက ကြွယ်ဝချမ်းသာသူများနှင့် ဆင်းရဲနွမ်းပါးသူများကြား ကွာဟချက်ကို ကြီးမားလာစေခြင်း၊ တိုင်းရင်းသားများ၏ ဆန္ဒ ၊အသံ များကို လျစ်လျှူရှုခြင်း၊ အမျိုးသမီးများ ကို လျစ်လျူရှုခြင်း အပါအဝင် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ပြီး အားနည်းလျက်ရှိသော နိုင်ငံကို ပိုမို ခြိမ်းခြောက် လျက် ရှိပြီး ဒီမိုကရေစီ အပြောင်းအလဲကိုပါ ဆိုးကျိုးများ သက်ရောက်လျက်ရှိသည်။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာမှု တစ်ခုတည်းဖြင့် မြန်မာနိုင်ငံတွင် တန်းတူညီမျှမှုပိုမိုရရှိနိုင်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် သို့ရောက်ရှိနိုင်ရန် မဖြစ်နိုင်ပေ။

အခွန်စနစ်ကို ပိုမိုအားကောင်း လာစေခြင်း၊ အများပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် ဘဏ္ဍာငွေ ပိုမိုသုံးစွဲခြင်း၊ အလုပ်သမားများ၏ အခွင့်အရေးအား ပိုမိုတိုးတက် ရရှိလာအောင်ဆောင်ရွက်ပေးခြင်းနှင့် ဒီမိုကရေစီ စနစ်ပိုမို အားကောင်းလာစေရန် ဆောင်ရွက်ပေးခြင်း တို့ ကသာလျင် မညီမျှမှုများအား ထိရောက်စွာ လျှော့ချ နိုင်မည် ဖြစ်သည်။

မြန်မာ့လူဦးရေ စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းခန့်သည် ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်မျဉ်းအောက်တွင် နေထိုင်နေ ရပြီး ၁၄ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်အပေါ်ရောက်သည် ဆိုရုံသာ နေထိုင်နေရသည်။

မညီမျှမှု ကြီးမားလာလေလေ လူ့အဖွဲ့အစည်းအကြား ပဋိပက္ခနှင့် မတည်ငြိမ်မှု အခြေအနေ ပိုမို ဆိုးဝါး လာ လေလေဖြစ်ရာ မညီမျှမှု အခြေအနေများ အချိန်မီ ထိန်းညှိလုပ်ဆောင်ရန် လိုအပ်ပါသည်။

ရန်ကုန်ခေတ်သစ်က Inequality ကဏ္ဍတစ်ရပ်ကို ဖွင့်လှစ်ပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍပေါင်းစုံရှိ မညီမျှမှု အခြေအနေများကို မီးမောင်းထိုးပြခြင်းဖြင့် ပြည်သူများအကြား မညီမျှမှု အခြေအနေကို ပိုမို သိရှိနားလည်လာစေမည်ဖြစ်သည်။

ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများ၊ မူဝါဒရေးရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရေး မဏ္ဍိုင်အားလုံးထံသို့ မညီမျှမှု ပြဿနာများ ဖြေရှင်းရန် တွန်းအား ပေးရန် ရည်ရွယ်၍ Inequality ကဏ္ဍကို ဖွင့်လှစ် တင်ဆက်လိုက်ပါသည်။

Inequality ကဏ္ဍကို ရန်ကုန်ခေတ်သစ်၏ Facebook နှင့် Website တွင် သီးခြားကဏ္ဍ ဖွင့်လှစ်ထားကြောင်းလည်း အသိပေးအပ်ပါသည်။

Photo Credit -https://nextcity.org

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com