All News Local News

အခွန်ဆောင်ပြီး ကားများကို ထပ်မံ အခွန်ဆောင် အမည်ပြောင်းခိုင်းခြင်းသည် ၂၀၂၀ တွင် NLD အစိုးရကို နိုင်ငံရေး တိုက်ခိုက်ရန် စစ်တပ်မိုးကျရွှေကိုယ်များ လုပ်ဆောင်ဟုဆို

အခွန်ဆောင်ပြီး ကားများကို ထပ်မံ အခွန်ဆောင် အမည်ပြောင်းခိုင်းခြင်းသည် ၂၀၂၀ တွင် NLD အစိုးရကုိ နိုင်ငံရေး တိုက်ခိုက်ရန် စစ်တပ်မိုးကျရွှေကိုယ်များ လုပ်ဆောင်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၈

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ လက်ရှိ စီးနင်းနေသော ကားများကို အမည်ပေါက်မဟုတ်ပါက အခွန်ဆောင်၍ မိမိယာဉ်ပိုင်ရှင် အမည်ပြောင်းလဲရန် ကြေညာမှုသည် လက်ရှိ NLD အစိုးရကို လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပုံရိပ်ကျဆင်းစေရန် ဌာနဆိုင်ရာရှိ စစ်တပ်မိုးကျရွှေကိုယ်များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု မော်တော်ကား ရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောဆိုသည်။

ယမန်နေ့ Orchid ဟိုတယ်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်သန်းဝင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် ၂၀၂၀ က နီးနေပြီ ။ ဝန်ကြီးဌာန ၊ ဌာနတိုင်းမှာ မိုးကျရွှေကိုယ်တွေ အများကြီးရှိတယ်။ အဲဒီ မိုးကျရွှေကိုယ်တွေကနေ လက်ရှိ ရှိနေတဲ့ အစိုးရကို ပုံရိပ်ကျအောင် လုပ်တဲ့ဟာတွေ အများကြီးပါတယ်။ လက်ရှိ အစိုးရက ကျနော်တို့ တင်မြှောက်ထားတဲ့ အစိုးရ။ ကျနော်တို့ ပုံရိပ်ကျအောင် ဘယ်တော့မှ မလုပ်ဘူး။ မင်းတို့ ဆန္ဒမပြနဲ့။ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဖောက်စွပ်ကိစ္စတုန်းကလည်း ကျနော်တို့ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဆန္ဒပြစရာမလိုဘူး။ အမေစုပြောသလိုပဲ။ ဝန်ကြီးဌာနတွေကို ဝေဖန်ပါ။ ဝေဖန်တာပဲလေ လွှတ်တော်ကိုယ်စားလှယ်အလုပ်လုပ်မှ။ မလုပ်နိုင်ရင် ဆင်းသွားလေ။ ပြည်သူခန့်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ပဲ။ ကျနော်တို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို မရရအောင် လုပ်မယ်။ ကျနော်တို့ တင်ထားတဲ့ အစိုးရ ကျနော်တို့ ပြည်သူတွေကို ကြည့်ကို ကြည့်မှာပဲ။ မကြည့်လို့လည်းမရတဲ့အနေအထားပါ”ဟု ဦးအောင်သန်းဝင်းက ဆိုသည်။

အဆိုပါသတင်းသည် ၄ ရက်ကြိုတင်၍ ပေါက်ကြားခဲ့ပြီး လူမှုကွန်ရက်တွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦးက ဦးစွာ တင်ခဲ့ကြောင်း၊ ယင်းသို့ တင်ခဲ့မှုကြောင့် နစ်နာမှုများစွာရှိခဲ့ကြောင်း ဦးအောင်သန်းဝင်းက ရှင်းပြသည်။

“ဆိုလိုတဲ့သဘောကတော့ ၂၀၂၀ ရွေးကောက်ပွဲ က နိုဝင်ဘာမှာ ဖြစ်လာမယ်ဆိုရင် ၂ လ၊ ၃ လ ကြိုတင်ပြီးတော့ စည်းရုံးရေးက ဆင်းရမယ့် ဟာကို ဒါကို အချိန်နဲ့တပြေးညီ တိုက်ခိုက်တယ်လို့ပဲယူဆတယ်။ သတင်းပေါက်ကြားမှုဆိုတာကလည်း မင်းကြီးတာကပဲ ထွက်သွားတာပဲ”ဟု ဦးအောင်သန်းဝင်းက ဆက်လက်ရှင်းပြသည်။

လက်ရှိ ပြည်သူများ စီးနင်းနေသော ကားများအားလုံးသည် မူလကတည်းက အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ ကားတစ်စီးသည် စတင်တင်သွင်းချိန်တွင် အခွန်အရပ်ရပ် ပေးဆောင်ပြီးဖြစ်ကြောင်း၊ လုံခြုံရေးအရ ဆိုပါက အခွန်ထပ်ဆောင်ရန် မလိုဘဲ ကညနတွင် အမည်ပေါက် ပြောင်းလဲရန်သာ လိုအပ်ကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း ကားတစ်စီးကို မြန်မာနိုင်ငံကဲ့သို့ အကြိမ်ကြိမ် အခွန်ဆောင်ရန် မလိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။

ကညနက အောက်တိုဘာလ ၂၄ ရက်နေ့တွင် လက်ရှိ ပိုင်ရှင် အမည်မပေါက်သော ကားများအားလုံး ပြည်တွင်းအခွန်ဦးစီးဌာနတွင် ကားတန်ဖိုးအလိုက် ၃ ရာခိုင်နှုန်း ဆောင်၍ ယာဉ်သက်တမ်းတိုးဆောင်ရွက်ပြီး အမည်ပြောင်းရန်၊ အခွန်မဆောင်ထားပါက ယာဉ်သက်တမ်းတိုး ဆောင်ရွက်ပေးမည်မဟုတ် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts