China Watch Local News political news

လူထုကန့်ကွက်နေသည့်ကြားမှာ နမ္မမြစ်ပေါ် ရေကာတာတည်ဆောက်ရန် ရှမ်းပြည်နယ် အစိုးရနှင့် Unienergy ကုမ္ပဏီ MoU လက်မှတ်ထိုး

လူထုကန့်ကွက်နေသည့်ကြားမှာ နမ္မမြစ်ပေါ် ရေကာတာတည်ဆောက်ရန် ရှမ်းပြည်နယ် အစိုးရနှင့် Unienergy ကုမ္ပဏီ MoU လက်မှတ်ထိုး

ရန်ကုန်၊ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ္မမြစ်ပေါ်ရေကာတာ ဆောက်လုပ်လျှင် ကျေးရွာများသို့ ရေဝင်ရောက်နိုင်သောကြောင့် ဒေသခံများ ကန့်ကွက်ထားသော်လည်း ရှမ်းပြည်နယ်အစိုးရက Unienergy co.ltd နှင့် နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးလိုက်ကြောင်း Shan Human Rights Foundationပြောရေးဆိုခွင့်ရှိသူ စိုင်းဆာလူကဆိုသည်။

ယင်းရေကာ တည်ဆောက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP / SSA )နှင့် တပ်မတော်၊ SSA ကြား တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများ စိုးရိမ်လျက်ရှိသည်။

ယင်းရေကာတာဆောက်လုပ်ခြင်းကြောင့်ရွာပေါင်း၁ဝဝကျော် နှင့် လူဦးရေ ၃ထောင်ခန့် ထိခိုက်ပျက်စီးနိုင်ကြောင်း ကိုစိုင်းဆာလူက ပြောဆိုသည်။

“ရေကာတာက ဆိုင်းလိန်ကျေးရွာနာမှာဆောက်မှာ အဲဒီရေကာတာ ဆောက်လုပ်ရင် ကျေးရွာ ၁ဝဝကျော်နှင့် လူဦးရေး ၃ထောင်ကျော်လောက် ဒုက္ခရောက်နိုင်တယ်။ မြစ်ကမ်းတစ်လျောက်ရွာတွေပေါ့။ ရွာတွေကို ရေဝင်ရောက်တာကို စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးတာတွေဖြစ်နိုင်တယ်။ ရေကာတာမရှိတာတောင် ရေကရွာတွေကိုဝင်နေတာ ရေကာတာ ဆောက်လိုက်ရင် ပိုဆိုးဖို့ရှိတယ်။ ပြီးတော့ ဒေသက တည်ငြိမ်အေးချမ်းတဲ့ ဒေသမဟုတ်ဘူး။ တပ်မတော်နဲ့ SSA ကတိုက်ပွဲတွေ မကြာခဏဖြစ်နေတာ ဒီရေကာတာ လာဆောက်ရင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်။ ရွာမှာနေတဲ့လူတွေ ပိုဒုက္ခရောက်နိုင်တယ်။ ကျွန်တော်တို့ ကန့်ကွက်နေတာကြာပြီး အစိုးရအဖွဲ့ကိုတင်ပြထားတယ်။ အကြောင်းကြားထားတယ်။ ဘာတစ်ခုမှ အကြောင်းမပြန်ဘူး။ ကုမ္ပဏီက လာတွေ့တာပဲရှိတယ်။ ကျွန်တော်တို့ ရွာထိပ်မှာ ဂိတ်လုပ်ထားတယ်။ ရေကာတာ ဆောက်လိုရေးအလိုမရှိဆိုပြီး ဆိုင်းဘုတ်ရေးထားတယ်။ ဆောက်လုပ်ရေးလုပ်တဲ့သူတွေကို ပေးမဝင်ဘူး” ဟု ကိုဆိုင်းဆာလူကဆိုသည်။

Uniengery ကုမ္ပဏီနှင့် ရှမ်းပြည်နယ်အစိုးရတို့ သည် ၂၅ မီဂ္ဂါဝပ်ထွက်ရှိမည့် နမ္မမြစ်ပေါ်ရေကာတာတည်ဆောက်ရေးကို ဒေသခံများ ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ သြဂုတ်လ ၁၄ ရက်နေ့က လေ့လာစမ်းစစ်မှုများ ဆောင်ရွက်ရန်အတွက် နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြောင်း Shan Human Rights Foundationမှ သိရသည်။

“ကျွန်တော်တို့နဲ့လာမတွေ့ပါနဲ့၊ သင်တို့ကိုမကြိုဆိုဘူး၊ ဒေသခံတွေ အနေနဲ့လည်း သင်တို့ကိုမတွေ့ချင်သလို ဒီအကြောင်းနဲ့ပတ်သက်ပြီး မဆွေးနွေးချင်ဘူး၊ ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုပဲအလိုရှိတာပါ ” ဟု နမ္မကျေးရွာအုပ်ချုပ်ရေးမှူ ဦးစိုင်းပီး ကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ နမ့်ပေါင်မြစ်နှင့် နမ္မမြစ်တို့ ဆုံရာတွင်ရေကာတာဆောက်လုပ်ရန်အတွက် ကုမ္ပဏီသည် ဒေသခံများနှင့် တွေ့ဆုံရန် ၂၀၁၇ ခုနှစ် ကတည်းကပင် ကြိုးပမ်းလျက်ရှိသော်လည်း အောင်မြင်မှု မရှိသေးကြောင်း သိရှိရသည်။

PHOTO: CLAIRE TIXEIRE

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com