All News Local News Peace

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားများ ဒဏ်ရာရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားများ ဒဏ်ရာရရှိ

ရန်ကုန်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် သိန္နီမြို့တွင် ယနေ့ အောက်တိုဘာလ ၉ရက် နံနက်ပိုင်းက မြို့ပေါ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတချို့ ဒဏ်ရာရရှိကြောင်း သိန္နီမြို့အခြေစိုက် ပရဟိတလုပ်ဆောင်နေသော အဖွဲ့အစည်းများထံမှ သိရှိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် နာရီဝက်ကျော် ကြာမြင့်ခဲ့ပြီး လက်ရှိချိန်ထိ ထိခိုက်ဒဏ်ရာရရှိမှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း အမည်မဖော်လိုသော ပရဟိတ လုပ်ဆောင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ပစ်တာကတော့ ပစ်နေတာပဲ အချိန်အားဖြင့်တော့သေချာမကြည့်မိဘူး။ နာရီဝက်လောက်တော့ ကြာမယ်ထင်တယ်။ ကျွန်တော်တို့လည်းဖြစ်တုန်းတော့ လိုက်ကြည့်တယ်။ တောင်ပေါ်မှာဖြစ်တာဆိုတော့ မြို့ကနည်းနည်းတောင်ခုံးပေါ်မှာဆိုတော့ အဲတာကြောင့် သူတို့ကအခုပေးမှ မသွားသေးတာ ကားတွေလည်းပိတ်ထားတယ်။ ဒဏ်ရာရရှိသူစာရင်းကျွန်တော်တို့ လည်းမသိဘူး။ မြို့ထဲမှာလည်း လူမရှိဘူး။ ဘယ်သူ့မှ သွားလာမှုမရှိသေးဘူး။ ကျွန်တော်တို့အခုထိဝင်လို့မရသေးဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်းများကြား ဖြစ်ပွားသည်ကို မသိကြောင်း၊ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မြို့ပေါ်ရှိပြည်သူတချို့ထိခိုက် ဒဏ်ရာရရှိမှုများရှိကြောင်း၊ သို့သော် ပြေးရင်းလွှားရင်းဖြစ်နေသည့်အတွက် အတည်ပြုပြောဆို၍မရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး နေအိမ်များထိခိုက်ပျက်ဆီးကာ အရပ်သားသေဆုံးမှုများဖြစ်ပေါ်လျက်ရှိသော ဒေသဖြစ်သည်။

Photo Credit – Mai Kaung Saing

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com