Local News Peace political news

ရဲတပ်ဖွဲ့ဝင် ၃၀ ကျော် AA ဖမ်းဆီးထားမှု “ပုတီးစိတ်ပြီး မေတ္တာပို့နေရမှာလား ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော၊ လိုအပ်၍ ရဟတ်ယာဉ်သုံးတိုက်ခိုက်ဟု ဆို

ရဲတပ်ဖွဲ့ဝင် ၃၀ ကျော် AA ဖမ်းဆီးထားမှု “ပုတီးစိတ်ပြီး မေတ္တာပို့နေရမှာလား ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော၊ လိုအပ်၍ ရဟတ်ယာဉ်သုံးတိုက်ခိုက်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရခိုင်တပ်မတော်AA က ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို ယနေ့ ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ ပြန်လည် ကယ်ဆယ်နိုင်ရေး ဆောင်ရွက်နေပြီး ဆောင်ရွက်ရာတွင် လိုအပ်လျှင် ရဟတ်ယာဉ်သုံးမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှုကို “ပုတီးစိတ်ပြီး မေတ္တာပို့နေရမှာလား ” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ VOA သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားစဉ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထိုသို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

တိုက်ပွဲများတွင် ရဟတ်ယာဉ် လေယာဉ်မသုံးရဟု ပြဋ္ဌာန်းချက်မရှိကြောင်း၊ ဖိလစ်ပိုင်တွင် စစ်လေယာဉ်များ သုံး၍ တိုက်ခိုက်မှုများရှိကြောင်း၊ ယနေ့ နေ့လယ်ပိုင်း ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုသည် အဆိုပါ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့်ဆက်စပ်၍ လိုက်လံ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

Photo Credit – Cincds

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts