Local News Web TV

ရန်ကုန်တိုင်းအစိုးရ ဖွဲ့ပေးထားသည့် YBS -YUPTအများပိုင်ကုမ္ပဏီ ပြဿနာတက်နေ၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တိုက်ရိုက်ခန့်ထားသည့် ဥက္ကဋ္ဌနှင့်ဒါရိုက်တာများ နုတ်ထွက်ရန် တောင်းဆို(ရုပ်/သံ)

ရန်ကုန်တိုင်းအစိုးရ ဖွဲ့ပေးထားသည့် YBS -YUPTအများပိုင်ကုမ္ပဏီ ပြဿနာတက်နေ၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တိုက်ရိုက်ခန့်ထားသည့် ဥက္ကဋ္ဌနှင့်ဒါရိုက်တာများ နုတ်ထွက်ရန် တောင်းဆို(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဦးဆောင်၍ ဖွဲ့စည်းထားသည့် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်( YUPT Public Co.,Ltd ) တွင် အရှုံးပေါ်ပြီး အမြတ်ငွေမရရှိခြင်း၊ အစိုးရက တိုက်ရိုက်ခန့်ထားသည့် ဒါရိုက်တာအဖွဲ့ဝင်များ ရှိနေခြင်းတို့ကြောင့် ရှယ်ယာရှင်များ ပြဿနာတက်နေကြောင်း သိရှိရသည်။

ယနေ့ နံနက် Gandamar Ball Room တွင် YUPT နှစ်ပတ်လည် ကုမ္ပဏီ အစည်းအဝေး ကျင်းပစဉ် ရှယ်ယာအများစုက အမြတ်မရဘဲ ၃ နှစ်နီးပါး အရှုံးပေါ်နေသဖြင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်ထားသည့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ နုတ်ထွက်ပေးရန် ရှယ်ယာရှင်များက စုပေါင်း တောင်းဆိုနေကြခြင်းဖြစ်သည်။

လက်ရှိ YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်းနှင့် အုပ်ချုပ်မှုဒါရိုက်တာဒေါ်ပြုံးသာမြင့်၊ဦးမိုးဟိန်း၊ ဦးအောင်မြတ်တို့ကို အစိုးရက တိုက်ရိုက်ခန့်ထားခြင်းဖြစ်၍ နုတ်ထွက်ပေးရန် တောင်းဆိုထားကြောင်း၊ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဥက္ကဋ္ဌ နှင့် အုပ်ချုပ်မှုဒါရိုက်တာကို တိုက်ရိုက်ခန့်ထားခြင်းသည် ဥပဒေနှင့်ညီညွတ်မှု ရှိ၊ မရှိ စိစစ်မည်ဖြစ်ကြောင်း ရှယ်ယာရှင်များက ဆိုကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်သူပိုင်ငွေ ငွေကျပ် ၇၈ ဘီလီယံဖြင့် ကားတစ်ထောင်ဝယ်ယူပြီး YBPC သို့ ကားစီးရေ ၅၀၀ ၊ YUPT သို့ ကားအစီး ၅၀၀ ခွဲဝေပြီး အများပိုင်ကုမ္ပဏီ ၂ ခုထူထောင်ကာ ပြေးဆွဲမှု လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် YBPC က ငွေကျပ် ၂၉ ၃၈ ဒသမ ၉ ၃၉ သန်း၊ YUPT က ငွေကျပ် ၆၀၃ ဒသမ ၀၇၉ သန်း အရှုံးပေါ်ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

YBS-YUPT ျပႆနာတက္ေနၿပီ

ရန္ကုန္တိုင္းအစုိးရ ဖြဲ႕ေပးထားသည့္ YBS -YUPTအမ်ားပိုင္ကုမၸဏီ ျပႆနာတက္ေန၊ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း တုိက္ရုိက္ခန္႔ထားသည့္ ဥကၠ႒ႏွင့္ဒါရုိက္တာမ်ား ႏုတ္ထြက္ရန္ ေတာင္းဆုိ(ရုပ္/သံ)ရန္ကုန္၊ ေအာက္တိုဘာ ၃၀ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ဦးေဆာင္၍ ဖြဲ႕စည္းထားသည့္ ရန္ကုန္ၿမိဳ႕ျပအမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္( YUPT Public Co.,Ltd ) တြင္ အရႈံးေပၚၿပီး အျမတ္ေငြမရရွိျခင္း၊ အစိုးရက တိုက္ရုိက္ခန္႔ထားသည့္ ဒါရုိက္တာအဖြဲ႕၀င္မ်ား ရွိေနျခင္းတုိ႔ေၾကာင့္ ရွယ္ယာရွင္မ်ား ျပႆနာတက္ေနေၾကာင္း သိရွိရသည္။ယေန႔ နံနက္ Gandamar Ball Room တြင္ YUPT ႏွစ္ပတ္လည္ ကုမၸဏီ အစည္းအေ၀း က်င္းပစဥ္ ရွယ္ယာအမ်ားစုက အျမတ္မရဘဲ ၃ ႏွစ္နီးပါး အရႈံးေပၚေနသျဖင့္ ၀န္ႀကီးခ်ုပ္ ဦးၿဖိဳးမင္းသိန္းက တုိက္ရုိက္ခန္႔ထားသည့္ ဒါရိုက္တာအဖြဲ႕ ဥကၠ႒ ႏုတ္ထြက္ေပးရန္ ရွယ္ယာရွင္မ်ားက စုေပါင္း ေတာင္းဆုိေနၾကျခင္းျဖစ္သည္။ လက္ရွိ YUPT ဥကၠ႒ ဦးေဇာ္ထြန္းႏွင့္ အုပ္ခ်ဳပ္မႈဒါရုိက္တာေဒၚၿပဳံးသာျမင့္၊ဦးမိုးဟိန္း၊ ဦးေအာင္ျမတ္တုိ႔ကုိ အစုိးရက တုိက္ရုိက္ခန္႔ထားျခင္းျဖစ္၍ ႏုတ္ထြက္ေပးရန္ ေတာင္းဆုိထားေၾကာင္း၊၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဥကၠ႒ ႏွင့္ အုပ္ခ်ဳပ္မႈဒါရိုက္တာကို တုိက္ရုိက္ခန္႔ထားျခင္းသည္ ဥပေဒႏွင့္ညီညြတ္မႈ ရွိ၊ မရွိ စိစစ္မည္ျဖစ္ေၾကာင္း ရွယ္ယာရွင္မ်ားက ဆုိၾကသည္။ ရန္ကုန္တုိင္းေဒသႀကီးအစုိးရက ျပည္သူပိုင္ေငြ ေငြက်ပ္ ၇၈ ဘီလီယံျဖင့္ ကားတစ္ေထာင္၀ယ္ယူၿပီး YBPC သုိ႕ ကားစီးေရ ၅၀၀ ၊ YUPT သုိ႔ ကားအစီး ၅၀၀ ခြဲေ၀ၿပီး အမ်ားပုိင္ကုမၸဏီ ၂ ခုထူေထာင္ကာ ေျပးဆြဲမႈ လုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့သည္။ ၂၀၁၇- ၂၀၁၈ ခုႏွစ္ ဘ႑ာေရးႏွစ္တြင္ YBPC က ေငြက်ပ္ ၂၉ ၃၈ ဒသမ ၉ ၃၉ သန္း၊ YUPT က ေငြက်ပ္ ၆၀၃ ဒသမ ၀၇၉ သန္း အရႈံးေပၚေၾကာင္း စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ www.khitthitnews.com

Posted by Khit Thit Media on Tuesday, 29 October 2019

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts