All News Local News

ရန်ကုန်ခေတ်သစ်တွင် ဖော်ပြသည့် တရားမဝင် YMBA အဖွဲ့သတင်းကြောင့် ဦးသန်းလွင် အပါအဝင် ၃ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်

ရန်ကုန်ခေတ်သစ်တွင် ဖော်ပြသည့် တရားမဝင် YMBA အဖွဲ့သတင်းကြောင့် ဦးသန်းလွင် အပါအဝင် ၃ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်ခေတ်သစ်သတင်းဌာနက အောက်တိုဘာ ၈ ရက်နေ့က ဖော်ပြခဲ့သည့် “တပ်ချုပ်ကို ဘွဲ့ပေးသည့် YMBA သူပိုင် ငါပိုင် အငြင်းပွားနေ” ဆိုသော သတင်းကြောင့် သတင်းဖြေဆိုသူ တရားဝင် YMBA ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် အပါအဝင် ၃ ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပုဇွန်တောင်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဦးသက်ထွန်းဆိုသူက ဦးသန်းလွင်၊ ဦးမြတ်စိုးနှင့် ဦးအေးမြင့်တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃဖြင့် အမှုဖွင့်ထားကြောင်း ပြောဆိုသည်။

“အမှုဖွင့်ထားတာက ဦးသက်ထွန်းက ။ ဦးသန်းလွင်၊ ဦးမြတ်စိုး၊ ဦးအေးမြင့်ပါ။ ကျနော်တို့က အခုမှ အမှု တည်ဆောက်ဆဲပါပဲ” ဟု ပုဇွန်တောင်မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတစ်ဦးက ပြောဆိုသည်။

ယနေ့တွင် အမှုဖွင့်ခံရသူ ဦးအေးမြင့်ကို ပုဇွန်တောင်ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်ချုပ်ကို ဘွဲ့ပေးခဲ့သည့် YMBA အဖွဲ့တွင် တရားမဝင် အဖွဲ့ နှင့် တရားဝင် အဖွဲ့ဟူ၍ ၂ မျိုး ကွဲပြားခြားနားနေပြီး တပ်ချုပ်ကို ဘွဲ့ပေးသည့် အဖွဲ့သည် တရားမဝင် အဖွဲ့ဖြစ်ကြောင်း ဦးသန်းလွင်၏ ပြောဆိုချက်ကိုးကား၍ သတင်းဖော်ပြခဲ့ပြီး တစ်ဖက်ကလည်း ဦးသန်းလွင်သည် YMBA အဖွဲ့မှ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်းကိုလည်း သတင်းတွင် ထည့်သွင်းရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com