All News Local News Peace

ရခိုင်ပြည်နယ်၊ မောင်တောတွင် ငွေကျပ်သိန်းပေါင်း ၃၄ဝဝ ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ WY ဆေးပြားများ ဖမ်းမိဟုဆို

ရခိုင်ပြည်နယ်၊ မောင်တောတွင် ငွေကျပ်သိန်းပေါင်း ၃၄ဝဝ ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ WY ဆေးပြားများ ဖမ်းမိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၄၀၀ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ WY ဆေးပြားများ ဖမ်းမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ခန့်က ငန်းချောင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ လျှိုအတွင်းတွင် ဆာလာအိတ် တစ်အိတ်ကို တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ အိတ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၄ဝဝ ကျော်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းဆေးပြားများကို ငါးခူရနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သည် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသ ဖြစ်သည့်အပြင် မကြာသေးခင်က ပဋိပက္ခများကြောင့် မွတ်စလင် သိန်းချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သော လုံခြုံရေး တည်ငြိမ်မှု မရှိသည့် ဒေသလည်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts