Local News Peace political news

မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ အောက်တိုဘာတွင် တွေ့ရန် သဘောတူထားမှု ပျက်၊ နိုဝင်ဘာတွင် တွေ့ရန် ညှိနှိုင်းနေ

မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ အောက်တိုဘာတွင် တွေ့ရန် သဘောတူထားမှု ပျက်၊ နိုဝင်ဘာတွင် တွေ့ရန် ညှိနှိုင်းနေ

ရန်ကုန်၊ အောက်တိုဘာ ၂၅

အစိုးရငြိမ်းချမ်းရေး အဖွဲ့ NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့အကြား အောက်တိုဘာလတွင် တွေ့ဆုံရန် ကျိုင်းတုံ ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သော်လည်း မတွေ့ဖြစ်တော့ဘဲ နိုဝင်ဘာလဆန်းပိုင်းတွင် တွေ့ဆုံနိုင်ရေး ညှိနှိုင်းလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

ယနေ့ နိုင်ငံတော်သမ္မတအိမ်တော်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မကြာခင်မှာ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လုပ်နေပါတယ်။ အဲဒီတော့ နိုဝင်ဘာလဆန်း ပေါ့။ အောက်တိုဘာမှာတော့ NCA ပွဲနဲ့ဆိုတော့ ၃၁ ရက်ရောက်သွားမှာဖြစ်တဲ့အတွက် အောက်တိုဘာလအတွင်းမှာ တွေ့ဖို့ မရှိတော့ဘူး။ နိုဝင်ဘာလထဲမှာ ပြန်တွေ့ဖို့ ညှိနေတယ်။ တွေ့တဲ့အခါမှာ လည်း နံပါတ်တစ်က တော့ရက် ပေါ့။ ရက်ကတော့ နိုဝင်ဘာ ၅ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အတွင်း တွေ့ဆုံဖို့ ဒါတော့ နှစ်ဖက် ညှိနေတယ်။ ဘယ်ရက်က အဆင်ပြေမလဲ။ နောက်တစ်ချက်တော့ တွေ့မယ့် နေရာပေါ့။ အရင်ကတော့ ကျိုင်းတုံမှာ နှစ်ကြိမ်တွေ့ပြီးပြီ။ ကျိုင်းတုံမှာ ဆက်တွေ့မလားပေါ့။ သူတို့ဘက်ကလည်း အဆိုပြုထားတာတွေရှိတယ်။ အဲဒီ အဆိုပြုထားတဲ့နေရာတွေအပေါ်မှာ လူကြီးတွေကို ပြန်တင်ပြပြီးတော့ နှစ်ဦးနှစ်ဖက် လက်ခံတဲ့နေရာမှာ တွေ့မယ်ဆိုရင် ရက်ပြန်ညှိဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့်တွေ့ဆုံပါက အဆင့် ၃ ဆင့် ဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ရှင်းပြသည်။

” ၄ ဖွဲ့လုံးနဲ့ ပမာဏ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးဖို့ရှိပါတယ်။ နောက်တစ်ဆင့်ကျရင် ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင် တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်း သဘောတူညီချက်တွေ ယူသွားဖို့ ရှိပါတယ်။ ပြီးရင်တော့ NCA သွားဖို့ရှိပါတယ်။ ဒီ အဆင့် ၃ ဆင့်နဲ့ အဆိုပြုထားတာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

လတ်တလော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။

Photo Credit – NRPC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts