All News Local News

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကွယ်လွန်ပြီဆိုသော သတင်းများ မှားယွင်းဟု ဆေးရုံက ပြောဆို

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကွယ်လွန်ပြီဆိုသော သတင်းများ မှားယွင်းဟု ဆေးရုံက ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၅

မိုးလေဝသပညာရှင် ဒေါက်တာ ဆရာဦးထွန်းလွင်ဆုံးပြီဆိုသော သတင်းများ ပျံ့နှံ့နေပြီး ယင်းသတင်းများမှာ မှားယွင်းကြောင်း ဂရင်းဟန်သာဆေးရုံထံမှ စုံစမ်းသိရှိရသည်။

“ဆေးရုံလည်း မဆင်းသေးပါဘူး။ ဆေးရုံမှာ ရှိပါတယ်။ မဆုံးပါဘူး” ဟု ဂရင်းဟန်သာ ဆေးရုံ၊ အထွေထွေစုံစမ်းရေးဌာနမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဆရာဦးထွန်းလွင်၏ သမီးဖြစ်သူ မြတ်စုထွန်းလွင်ကလည်း “စိတ်ပူပေးကြတဲ့သူအားလုံး ဆုတောင်းပေးကြတဲ့သူအားလုံး ကျေးဇူးတင်ပါတယ်၊ ဖေဖေ သက်သာလာပါပြီ” ဟု လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာတွင် ရေးသားထားသည်။

ဆရာဦးထွန်းလွင် နှလုံးနှင့်သက်ဆိုသော ရောဂါတချို့ ခံစားနေရပြီး ယခု လ ၁၉ ရက်နေ့မှ စတင်၍ ဆေးကုသမှု ခံယူနေခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts