All News interview

“ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို NLD ပါတီက အရေးယူမှာလား၊ မယူဘူးလား”

“ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို NLD ပါတီက အရေးယူမှာလား၊ မယူဘူးလား”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်နှင့် ဆက်သွယ်မေးမြန်းချက်

By အောင်သက်ဝိုင်း/ ရန်ကုန်ခေတ်သစ်

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမများကို ဒေသခံ ကျေးရွာသားများ ရည်းစားစကားလိုက်ပြောကြရန်နှင့် အိမ်ထောင်ကျလျှင် ရွာတွင်မြဲမည်ဖြစ်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်စကားနှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်နေချိန်တွင် NLD ပါတီက အရေးယူရန် ရှိ၊ မရှိ NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမတွေကို ရွာသားတွေ ရည်းစကားပြောပြီး အိမ်ထောင်ကျရင် ရွာမှာ မြဲမယ်လို့ ပြောခဲ့တဲ့ စကားက အခုအတော်ကို ဝေဖန်မှုများနေပါတယ်။ အရေးယူပေးဖို့ တောင်းဆိုတာတွေ လည်းရှိနေပါတယ်။ ဒီအပေါ်မှာ ဘယ်လိုများ အရေးယူဖို့ရှိပါလဲ။

ဖြေ။ ။ ကျနော်က အခုလေးမှာ ဆေးစစ်ရာက ပြန်ရောက်တာ ခင်ဗျ။ ရုံးမှာ တိုင်တာ ရှိ၊ မရှိ ကျနော် မသိနိုင်ဘူး။ အခုလေးပဲ ရောက်တာ။

မေး။ ။ မတိုင်ဘဲနဲ့ရော ပြောလိုက်တဲ့ စကားအပေါ်မှာ အရေးယူတာမျိုး ရှိလား။

ဖြေ။ ။ ကျနော့် ဌာနက တိုင်မှ ။ ကျနော်က တိုင်ကြားစာ ဌာန။ စည်းကမ်းထိန်းသိမ်းရေးက ဆရာ ဦးဉာဏ်ဝင်း ကိုင်တာကတော့ သတင်းကျော်ဇောရင် အရေးယူလို့ရတယ်။

မေး။ ။ ပဲခူးတိုင်းဝန်ကြီးချုပ် ပြောတဲ့စကား သေချာ ကြားပြီးပြီလား။

ဖြေ။ ။ ကျနော် ဖတ်တော့ ဖတ်ရတယ်။ တိုင်ထားတာ ရှိ၊ မရှိ ကတော့ ရုံးမရှိတော့ ကျနော်ပြောလို့မရဘူး။

မေး။ ။ တိုင်လာရင် အရေးယူပေးမှာလား။

ဖြေ။ ။ စစ်ဆေးရမှာပေါ့။ မှန်၊ မမှန်ကို Verify လုပ်ရမှာပေါ့။

မေး။ ။ ပဲခူးတိုင်းဝန်ကြီးချုပ်ဘက်ကတော့ မီဒီယာမှာ မရည်ရွယ်ဘဲ ပြောလိုက်လို့ တောင်းပန်ပါတယ် လို့ ပြောထားတယ်။ အဲဒီလို တောင်းပန်လိုက်ရင်ကော ပြီးသွားလား။

ဖြေ။ ။ ကျနော်တို့ အခြေအနေကို သေချာမသိသေးတော့ ဒါတော့ မှတ်ချက် မပေးပါရစေနဲ့။ ရောက်တာမှ နာရီပိုင်းပဲ ရှိသေးတယ်။

Photo Credit – Nay Nay Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com