Local News Peace political news

နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ထောင်ဒဏ် ၁၅ ရက်ချမှတ်၊ တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိရေး ပြည်သူ ၁၀၀၀ ကျော် ရန်ကုန်မြို့လယ်ခေါင်တွင် ချီတက် ဆန္ဒပြ

နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ထောင်ဒဏ် ၁၅ ရက်ချမှတ်၊ တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိရေး ပြည်သူ ၁၀၀၀ ကျော် ရန်ကုန်မြို့လယ်ခေါင်တွင် ချီတက် ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၂ 

ရန်ကုန်မြို့ တွင် ကရင့်အာဇာနည်နေ့ ကျင်းပမှုဖြင့် နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက် ကျခံရန် အမိန့်ချမှတ်လိုက်ပြီး  ချုပ်ရက်များ ထုတ်နုတ်ခံစားခွင့်ပြုသဖြင့် ချုပ်ရက်က ပိုမိုများပြားနေသဖြင့် ထောင်ဒဏ်ကျခံရခြင်းမရှိဘဲ လွတ်ြမောက်လာကြသည်။ 

နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ကို ကရင့်အာဇာနည်နေ့ ကျင်းပမှုဖြင့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးက ပြစ်ဒဏ် ထောင်ဒဏ် ၁၅ ရက်ချမှတ်မှု အပေါ် အယူခံ တက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အကြီးအကဲများထံ လည်း စာရေး၍ တိုင်ကြားသွားမည်ဖြစ်ကြောင်း နော်အုန်းလှက ပြောဆိုသည်။ 

“ကျမတို့ကို ထောင်ဒဏ် ၁၅ ရက်ချလိုက်ပါတယ်။ ကျမတို့ အပြစ်ရှိတယ်ပေါ့။ ထွေ/အုပ်က  ခေါ်ညှိတာကို ကျမတို့ မလိုက်နာတဲ့အတွက်ကြောင့်မို့ လို့။ ဒီဟာကို ကျမတို့ လက်မခံပါဘူး။ ဒီဟာက ကျမတို့ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ ကိစ္စဖြစ်ပါရက်နဲ့ ညှိနှိုင်းစရာမလိုဘူး။ ဥပဒေဆိုတာ ညှိနှိုင်းစရာမလိုဘူး။ ကျမတို့ ဥပဒေနဲ့အညီလုပ်တာကို ကျမတို့ကို ထောင်ချတယ်။ ကျမတို့ စိတ်ထဲမကောင်းပါဘူး။ ထောင်ချတာပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျမတို့ ကရင်အမျိုးသား အာဇာနည်နေ့ စော်ကားခံရတယ်လို့ ခံစားရပါတယ်” ဟု နော်အုန်းလှက ပြောသည်။

နော်အုန်းလှတို့ကို  ပြစ်ဒဏ်ချမှတ်ပြီးနောက်  ပြည်သူ ၁၀၀၀ ကျော်ပါဝင်သော ချီတက် ဆန္ဒပြပွဲတစ်ခု ရန်ကုန်မြို့လယ်ခေါင်တွင် ပေါ်ပေါက်လာပြီး တိုင်းရင်းသား အခွင့်အရေး တန်းတူရရှိရေး ဒို့အရေးဆိုသော ကြွေးကြော်သံများဖြင့် ကျောက်တံတားမြို့နယ် တရားရုံးမှ မဟာဗန္ဓုလပန်းခြံအထိ ချီတက် သွားခဲ့သည်။ 

ယနေ့ နံနက်ပိုင်းကလည်း မဟာဗန္ဓုလပန်းခြံမှ  ကျောက်တံတားမြို့နယ် တရားရုံးအထိ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြပြီး နေ့လယ်ပိုင်းတွင်လည်း ကျောက်တံတားမြို့နယ် တရားရုံးမှ မဟာဗန္ဓုလပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြသည်။ ညနေ ၃ နာရီတွင် လည်း ထပ်မံ၍ ဆန္ဒပြပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ 

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts