All News Local News Peace

နယ်စပ်တွင် ULA/ AAအဖွဲ့ဝင်တချို့ စီးနင်း ဖမ်းဆီးခံရမှု ရခိုင်ALP ပါတီ လက်ထောက်ချမှုကြောင့်ဟု AA စွပ်စွဲ

နယ်စပ်တွင် ULA/ AAအဖွဲ့ဝင်တချို့ စီးနင်း ဖမ်းဆီးခံရမှု ရခိုင်ALP ပါတီ လက်ထောက်ချမှုကြောင့်ဟု AA စွပ်စွဲ

ရန်ကုန်၊ အောက်တိုဘာ ၁၆

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) အဖွဲ့ဝင်များယာယီတည်းခိုနေသည့် အိမ်တစ်လုံးအား မျက်နှာဖုံးတပ်ဆင်ထားသူ ၇ ဦးက ဝင်ရောက် စီးနင်းခဲ့ပြီး အဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကာ ယင်းဖြစ်စဉ်တွင် ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) ပါဝင်ပတ်သက် လက်ထောက်ချကြောင်း AA က သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက် နံနက်ပိုင်းက မျက်နှာဖုံးစွပ်ဝတ်ဆင်ထားသောသူ (၇) ဦးသည် နယ်စပ်ရှိ လုံတလိုင်( Lawngtlai) မြို့ရှိ နေအိမ်တစ်လုံးအား စီးနင်းဝင်ရောက်ခဲ့ကြောင်း၊ နေအိမ်အတွင်းရှိ AA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်အချို့ကို ဖမ်းဆီးသွားပြီး ကွန်ပျူတာ၊ ဖုန်း၊ စာရွက်စာတမ်း နှင့် ငွေကြေးအချို့ကို သိမ်းဆည်းသွားခဲ့ကြောင်း၊ ဝင်ရောက်စီးနင်းသူ ၇ ဦးတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ အိန္ဒိယနယ်စပ်ရှိ အာသံရိုင်ဖယ်( Assam Rifles-AR) အားသတင်းပေးနေသူ၂ ဦး၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြိတ်ဝစခန်းမှ (၂ သို့မဟုတ် ၃ ဦး) ၊ အာသံရိုင်ဖယ်မှ (၂ သို့မဟုတ် ၃ ဦး) ဖြစ်နိုင်ကြောင်း ၊ယခုဖြစ်စဉ်အားလက်ထောက်ချသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှသတင်းပေး(၂) ဦးမှာ ခိုင်အေးပိုင် ( Bahul) နှင့် တိုက်အောင် (Byat Ka) တို့ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများထဲမှ AA/ULA အဖွဲ့ဝင် ကျော်ဝင်းနိုင် ကို “မြိတ်ဝစခန်း”သို့ အောက်တိုဘာလ(၁၀) ရက်၊ နံနက်(၁၀) နာရီဝန်းကျင်တွင်လွှဲပြောင်းပေးအပ်လိုက်ပြီး ကျော်ဝင်းနိုင် ကို ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုမျိုးဖြင့်တွေ့ရှိခဲ့ရကြောင်း၊ လုံတလိုင် ( Lawngtlai ) နှင့် ဘုံတလင်ရွာ (Kamanh) အကြားတွင် ခြေ၊လက်၊ခန္ဓာ တို့အားပိုင်းဖြတ်ထားသော အမည်မသိလူသေအလောင်းတစ်လောင်း အားတွေ့ရှိကြောင်း ၊ AA အဖွဲ့အနေဖြင့် တရားမျှတမှုကိုလိုလားပြီး ယခုကဲ့သို့သောလုပ်ရပ်မျိုး နှင့် အပြုအမူများမှာ အိန္ဒိယ- ရခိုင်နယ်စပ်ရှိ ရခိုင်လူမျိုးများ၊ ရခိုင်မျိုးနွယ်စုများ၏ စိုးရိမ်ကြောက်လန့်မှုမျိုးကို မြင့်တက်စေပြီး နယ်စပ်တည်ငြိမ်ရေးနှင့် လူမျိုးရေးပြဿနာများဖြစ်လာမည်ကိုစိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၏ ယင်းဖြစ်စဉ် ပါဝင်ပတ်သက်မှုရှိ/မရှိ မိမိတို့အဖွဲ့အစည်းအနေဖြင့်ရှင်းလင်းစွာသိလိုပြီး ပါဝင်ပတ်သက်ခဲ့ပါက မည်သူ့မျက်နှာကိုမှထောက်ထားနေမည်မဟုတ်ဘဲ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ALP ပါတီမှ ဒေါ်စောမြရာဇာလင်း၊ ဦးခိုင်စိုးနိုင်အောင်တို့ကို ဆက်သွယ်မေးမြန်း သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုဘဲ ဖုန်းချသွားခဲ့သည်။

ALP ပါတီ၏ ထုတ်ပြန်ချက်တွင် AA အဖွဲ့ ထုတ်ပြန်ချက်အပေါ် ငြင်းဆိုပြီး ALP ပါတီအနေဖြင့် နယ်စပ်တွင် ဖြစ်ပွားသော ဝင်ရောက် စီးနင်း ဖမ်းဆီးမှုတွင် မပါဝင်ကြောင်း၊ ALP ပါတီ အဖွဲ့ဝင် ခိုင်အေးပိုင်နှင့်တိုက်အောင်တို့ကို ပါဝင်ပတ်သက်မှု ရှိ၊ မရှိ စိစစ်ပြီး ပါဝင် ပတ်သက်မှုမရှိပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ALP ပါတီသည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေးထိုးထားသော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး AA မှာမူ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့်အတူ NCA လက်မှတ်မထိုးသေးဘဲ တိုက်ပွဲများ ဆက်လက် ဆင်နွှဲနေသော

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts