All News Local News

တောင်ကိုရီးယားရှိ မြန်မာအလုပ်သမားများထံံမှ ကိုရီးယားငွေဝမ် သိန်း ၂ ထောင်ကျော် လိမ်သူ မစိုးယုယုနှင်း ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးအမှုဖွင့်ထား

တောင်ကိုရီးယားရှိ မြန်မာအလုပ်သမားများထံံမှ ကိုရီးယားငွေဝမ် သိန်း ၂ ထောင်ကျော် လိမ်သူ မစိုးယုယုနှင်း ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးအမှုဖွင့်ထား

ရန်ကုန်၊ အောက်တိုဘာ ၁၅

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများထံံမှ ကိုရီးယား ဝမ် သိန်း(၂)ထောင်ကျော် လိမ်လည်ခဲ့သူ ဘူဂယောင်တက္ကသိုလ်ကျောင်းသူ မစိုးယုယုနှင်းကို ရန်ကုန်လေဆိပ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ငွေကြေးလိမ်လည်မှု ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားပြီး အာမခံပေးထားကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စန်းဌေးက ပြောဆိုသည်။

မစိုးယုယုနှင်းကိုတာင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားတွေထံမှ ကိုရီးယား ဝမ် သိန်း(၂)ထောင်ကျော်ကို လိမ်လည်ခဲ့ပြီး နစ်နာသူ မြန်မာလုပ်သားများအတွက် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်ရဲစခန်းတွင် သြဂုတ်လဆန်းပိုင်းက တိုင်ကြားပေးထားကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောဆိုသည်။

” FACEBOOK မှာ သတိပေးတဲ့ posts တွေတင်ခဲ့ပါတယ်၊ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားတွေကို မတရားလိမ်လည်ခဲ့သူကို ထိထိရောက်ရောက် အရေးယူပေးပါ” ဘူဆန်ရှိ မြန်မာအလုပ်သမားအတိုင်ပင်ခံ ကိုတိုးသူရက ပြောဆိုသည်။

ကိုရီးယားနိုင်ငံရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ငွေလိမ်လည်ခဲ့သူသည် ဘူဂယောင် တက္ကသိုလ်တွင် စီပွားစီမံဘာသာတက်ရောက်နေသူ ကျောင်းသူ စိုးယုယုနှင်းဟု သိရှိထားပြီး ငွေလွှဲလုပ်ငန်းနှင့် လေယာဉ်လက်မှတ်ရောင်းချကြောင်း သိရှိရသည်။

ကိုရီးယားနိုင်ငံမှာ EPS စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမား စုစုပေါင်း ၃၅၀၀၀ ခန့် ရှိနေပြီး လုပ်ခလစာအနေဖြင့် တစ်လ ဝမ် သိန်း(၂၀)ခန့် ရရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts