All News Local News

တူမများ အိမ်ထောင်ကျသည့်အကြောင်းတွေးမိ၍ ဆရာမများကို ရွာသားများ ရည်းစားစကားပြောရန် ပြောမိခဲ့၊ စကားအမှားအတွက် ပဲခူးဝန်ကြီးချုပ် တောင်းပန်

တူမများ အိမ်ထောင်ကျသည့်အကြောင်းတွေးမိ၍ ဆရာမများကို ရွာသားများ ရည်းစားစကားပြောရန် ပြောမိခဲ့၊ စကားအမှားအတွက် ပဲခူးဝန်ကြီးချုပ် တောင်းပန်

ရန်ကုန်၊ အောက်တိုဘာ ၂၈

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ၎င်း၏ တူမ ကျောင်းဆရာများ တာဝန်ကျသည့်နေရာတွင် အိမ်ထောင်ကျသည့် အကြောင်းတွေးမိ၍ ကျောင်းဆရာမများကို ရွာသားများ ရည်းစားစကားပြောရန် ပြောမိခဲ့ဟု ပြောဆို တောင်းပန်လိုက်ကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်သည့် တောင်းပန်ပွဲတွင် ၎င်း က အထက်ပါအတိုင်း ပြောဆို တောင်းပန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း မှ အခြေခံပညာ ဆရာ/ဆရာမအပေါ်တွင် ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ/ဆရာမများ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်များကို အောက်တိုဘာ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် တွေ့ဆုံ၍ တရားဝင်တောင်ပန်ခဲ့ကြောင်း သိရှိရသည်။

“ ဝန်ကြီးချုပ်က ပြောပြတယ်၊ သူက ကျောင်းဆရာမျိုးရိုးပါတဲ့၊ သူ့မှာ တူမတွေရှိတယ်ဆိုတဲ့ မေးတဲ့အချိန်မှာ သူ့ခေါင်းထဲမှာ ပေါ်လာတာက သူ့တူမတွေဆိုလည်း တာဝန်ကျတဲ့ဒေသမှာ အိမ်ထောင်ကျပြီးအဆင်ပြေတယ်ပေါ့၊ အဲဒါလေး သူ့ခေါင်းထဲ ရုတ်တရက်ရောက်တဲ့အတွက် ဖြေလိုက်မိတယ်ပေါ့၊ သူက နောက်ခံအခြေအနေတွေပေါ်မှာ အခုလိုဖြစ်သွားတာကို စကားမှားသွားတယ်ပေါ့၊ မှားသွားတဲ့အတွက် ပါတီရဲ့ လူကြီးတွေရှေ့မှာရယ် ကျွန်တော်တို့ ဆရာ/ဆရာမအဖွဲ့ချုပ်က အလုပ်အမှုဆောင်တွေက တဆင့် ဆရာ/ဆရာမထု တစ်ရပ်လုံးကို သူ့စကားမှားတဲ့အတွက် တောင်းပန်ပါတယ်ပေ့ါ၊ နောက်နောင်လဲ ဒေသအတွင်းမှာရှိတဲ့ ဆရာ/ဆရာမတွေရဲ့ အကျိုး လိုအပ်ချက်တွေကို တင်ပြလာမယ်ဆိုရင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဖြည့်ဆည်းပေးမယ်ဆိုတာပြောတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

အဆိုပါတောင်းပန်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် နှင့် တရားလွှတ်တော်ရှေ့နေ၂ ဦး၊ အထက်တန်းရှေ့နေ ၁ ဦး ၊ မြန်မာနိုင်ငံဆရာ/ဆရာမများ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်(၉) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts