All News China Watch Local News

တရုတ်လုပ်ငန်းရှင်ပိုင် သံရည်ကျိုစက်ရုံ ကြိုတင်အကြောင်းမကြားဘဲ ပိတ်သိမ်း၍ အလုပ်သမားများ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်ပိုင် သံရည်ကျိုစက်ရုံ ကြိုတင်အကြောင်းမကြားဘဲ ပိတ်သိမ်း၍ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်တကာ စက်မှုဇုံရှိ တရုတ်လုပ်ငန်းရှင်ပိုင် စကိုင်မင် သံရည်ကျို စက်ရုံပိုင် တရုတ်လုပ်ငန်းရှင်က လုပ်ငန်းပိတ်သိမ်းရန် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပိတ်သိမ်းခဲ့ခြင်းကြောင့် အလုပ်သမား၂ဝခန့်က ယနေ့ အောက်တိုဘာလ ၁ရက်နေ့ အဆိုပါစက်ရုံရှေ့၌ သပိတ်မှောက် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သပိတ်မှောက်အလုပ်သမားများကပြောဆိုသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမား ၁ဝဝကျော် အလုပ်လုပ်ကိုင်လျက်ရှိပြီ အလုပ်သမားအများစုသည် နယ်မှ အလုပ်လာလုပ်ကြသူများဖြစ်ကြောင်း ၊ လုပ်ငန်းရှင်က အဆောင်များပေးသည့်အတွက် အလုပ်သမားများနေထိုင်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံမှာ ရုတ်တရက် ပိတ်သိမ်းလိုက်ခြင်းကြောင့် မိသားစု ရှိသောအလုပ်သမားများမှာ ကျောင်းနေအရွယ်ကလေးများရှိသည့်အတွက် ပြောင်းရွေ့ပေးရန် လွန်စွာခက်ခဲကြောင်း၊ စက်ရုံ ပိတ်သိမ်းလိုက်ခြင်းကြောင့် အလုပ်သမားတစ်ဦးလျှင် နစ်နာကြေး လုပ်သက်အလိုက် ၄သိန်းကျပ်မှ ၆သိန်းအထိရရှိကြောင်း သပိတ်မှောက် အလုပ်သမား ကိုဖြိုးဇော်ဇော်ကဆိုသည်။

“သူတို့တွေက အစက အချိန်ပိုကြေးတွေပေးဆောင်ရမှာတွေကို ပြန်တောင်းတဲ့အခါမှာ စက်ရုံကအလုပ်သမားတွေ အလုပ်မဖြုတ်ဘူးဆိုတဲ့ အချိန်ပိုကြေး အပြည့်အဝမယူဘဲနဲ့ သင့်တင့်တဲ့ ပမာဏလောက်ပဲ ယူပြီးတော့ ကျွန်တော်တို့ အလုပ်ပြန်ဆင်းနေတာ။ အဲလိုအလုပ်ပြန်လုပ်နေတာ တစ်ပတ် ဆယ်ရက်လောက်ပဲရှိသေးတယ်။ ကျွန်တော်တို့ မြို့နယ်ရုံးတွေ ဖြေလျော့ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းထားတာတွေရှိတယ်။ ညှိနှိုင်းမှုတွေကတော့ အဆင်မပြေဘူး။ မြို့နယ်ရုံးတွေမှာ ညှိနှိုင်းမှုက ၂ခါတော့ရှိပြီ ကျွန်တော်တို့ တို့တောင်းဆိုထားတာတွေမရမချင်း ဆက်လက် တောင်းဆိုသွားဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမားများတောင်းဆိုထားသော အချက်များမှာ ကျန်ရှိနေသော OTကြေးများပေးဆောင်ရန်၊ ပိတ်ရက်များတွင် အလုပ်ခိုင်းစေသည့်အတွက် လုပ်အားခပေးဆောင်ရန် ကျန်ရှိသည်များကိုပေးဆောင်ရန်ကိစ္စ၊ အဆောင်နေထိုင်ခွင့်အား ရက်တိုးမြှင့်ပေးရန် စသည့်ကိစ္စရပ်များကို အလုပ်သမားများကတောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြစ်သော နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ ရန်ကုန်တိုင်းအစိုးရရုံးများသို့ အသနားခံစာ ပေးပို့သွားမည်ဖြစ်ကြောင်း သပိတ်မှောက်အလုပ်သမားများကဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com