စည်းမျဉ်းဆိုင်ရာချိုးဖောက်မှုကြောင့် ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် ညီလာခံ ခေါ်ယူကျင်းပရ

စည်းမျဉ်းဆိုင်ရာချိုးဖောက်မှုကြောင့် ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် ညီလာခံ ခေါ်ယူကျင်းပရ
ရန်ကုန်၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် ဦးဆောင်ကော်မတီဝင် တချို့နှင့်အဖွဲ့ဝင်တချို့က ယခုနှစ် မတ်လမှ ဇူလိုင်လအထိ ကွန်ရက်၏ လုပ်ငန်းလမ်းညွန်ပါ အချက်များကို ချိုးဖောက်သည့်လုပ်ဆောင်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း အရပ်ဘက် အဖွဲ့အစည်းများကွန်ရက်က သင်းလုံးကျွတ်စုံညီ ညီလာခံတစ်ရပ်ခေါ်ယူပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။
အဆိုပါသင်းလုံးကျွတ် စုံညီညီလာခံကို အောက်တိုဘာလ ၂၉ရက်နေ့မှစတင်ကာ ၃ရက်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ကွန်ရက်၏ လုပ်ငန်းလမ်းစဉ်များ ပြန်လည်ဖြည့်စွက်ခြင်း၊ ဦးဆောင်ကော်မတီအသစ်ဖွဲ့စည်းခြင်း၊ တာဝန်လွှဲပြောင်းခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများလွှဲပြောင်းပေးအပ်ခြင်း၊ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် ကျင်းပရေးကော်မတီ(UCCPF)သို့ စေလွှတ်ရန်ကိုယ်စားလှယ်၂ဦး ရွေးချယ်တာဝန်ပေးအပ်ခြင်း၊ နာယကအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွန်ရက်အတွင်းအငြင်းပွားမှုများအပေါ် ရှင်းလင်းထုတ်ပြန်ခြင်းများ ပြုလုပ်ပြီး နာယကအဖွဲ့ဝင် ၅ဦးနှင့် ဦးဆောင်ကော်မတီဝင် ၁၃ဦးတို့ကိုပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြောင်းသိရသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ