All News Local News Peace

စစ်တွေတွင် အေးငြိမ်းဆေးခန်းပိုင်ရှင်နှင့် ဆိုင်ကယ်သမား သေနတ်ဖြင့် အပစ်ခံရမှု လက်သည် တရားခံ မမိသေး၊ လုံခြုံရေးအစီအံများဆောင်ရွက်နေဟု ရဲမှူးကြီးကြည်လင်းပြောဆို

စစ်တွေတွင် အေးငြိမ်းဆေးခန်းပိုင်ရှင်နှင့် ဆိုင်ကယ်သမား သေနတ်ဖြင့် အပစ်ခံရမှု လက်သည် တရားခံ မမိသေး၊ လုံခြုံရေးအစီအံများဆောင်ရွက်နေဟု ရဲမှူးကြီးကြည်လင်းပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၇

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ ၃ရက်နေ့ ညပိုင်းက အရပ်သားနှစ်ဦး ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး လက်ရှိချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းကဆိုသည်။

ထိုပစ်ခတ်မှုဖြစ်စဉ်ကြောင့် အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီနှင့် သုံးဘီးဆိုင်ကယ်မောင်းသူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးညီညီသည် ဒဏ်ရာအခြေအနေစိုးရိမ်ရသောကြောင့် လက်ရှိချိန်တွင် ရန်ကုန်သို့ ပို့ဆောင်ကုသလျက်ရှိပြီး သုံးဘီးဆိုင်ကယ်ယာဉ်မောင်းသည် စစ်တွေဆေးရုံတွင် ကုသလျက်ရှိကြောင်းသိရသည်။

“တရားခံဖမ်းမရသေးပါဘူး။ ဘယ်သူမှန်းတောင်မသိလိုက်ဘူး။ ရဲကတော့ လိုက်နေတာပေါ့”ဟု ဦးအေးသိန်းကဆိုသည်။

ရခိုင်ပြည်နယ်မှ ရဲမှူးကြီးကြည်လင်းက စစ်တွေမြို့၏ လုံခြုံရေးနှင့် ပတ်သက်ပြီး လက်ရှိချိန်တွင် လုံခြုံရေးအခြေအနေ လုပ်ဆောင်ချက်များစွာ လုပ်ဆောင်နေကြောင်း၊ ထိုသို့ လုံခြုံရေးလုပ်ဆောင်ချက်များသည် ပြောပြ၍မရကြောင်း လက်ရှိအချိန်တွင် အစည်းအဝေးပြုလုပ်လျက်ရှိကြောင်း ပြောဆိုသည်။

စစ်တွေမြို့တွင်ပင် စရဖ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးသည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်း ဈေးပွဲတော် ကျင်းပစဉ်တွင် ၎င်းဇနီးသည်နဲ့အတူ စစ်တွေ ဈေးပွဲတော်ကို ဆိုင်ကယ်နှင့်သွားစဉ်တွင် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး လက်ရှိချိန်ထိ တရားခံဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။

ရခိုင်ပြည်နယ် အတွင်းအရပ်သားများ ထိခိုက်သေဆုံးမှုသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ဝရက်နေ့က မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နယ်ခွဲ၊ အလယ်ပိုင်းရပ်ကွက်၊ ဈေးအတွင်း ဦးညီညီထွေး(ဘ)ဦးအောင်သူနှင့် ဦးမောင်လုံး(ဘ)ဦးယိုင်ထွန်းနှင့် အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာက ဦးခိုင် တို့ ခေါင်းဖြတ်သတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ထိုသို့ ပြုလုပ်ခြင်းအပေါ် တပ်မတော်နှင့် AAတို့က အပြန်အလှန် စွပ်စွဲထားကာ လက်ရှိချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com