All News Local News Peace

ကျောက်မဲတွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံး

ကျောက်မဲတွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၈

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ယနေ့ အောက်တိုဘာလ ၈ရက်နေ့ နံနက် ၉နာရီခန့်တွင် တော့ဆန်အုပ်စု၊ တောင်ပလို့ကျေးရွာနှင့် မန်ဆန်းကျေးရွာအကြား လက်ဖက်ခြံရှင်းနေစဉ် လက်နက်ကြီး တစ်လုံး ပေါက်ကွဲမှုကြောင့် ရွာသား ၁ ဦး ပွဲချင်းသေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူ မနွေးချစ်ဆနမ်း ကဆိုသည်။

ထိုသို့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၄ဝအရွယ် ကိုဆာအေးသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး၊ ဒဏ်ရာရရှိသူမှာ အသက် ၃၀ အရွယ် ကိုပန်စံဖြစ်ပြီး ၎င်းသည် ပါးစပ်၊ ရင်ဘတ်၊ ခြေထောက် နှစ်ဖက်နှင့် ဝမ်းဗိုက်တွင် ဒဏ်ရာများရရှိခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

တောင်ပလို့ရွာသား တစ်ဦးက “ သူတို့ ရွာကနေ လက်ဖက်ခြံ ရှင်းဖို့ သွားတယ်၊ ဒီမနက် ၉ နာရီလောက်ထင်တယ် အသံတစ်ချက်ကြားလိုက်ရတယ်၊ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်၊ တစ်ယောက်ကတော့ ကျောက်မဲဆေးရုံကို ပို့လိုက်ပြီ “ ဟု ၎င်းကဆိုသည်။

ထို့ပြင် သြဂုတ်လ ၂၀ ရက်နေ့ တောင်ပလို့ကျေးရွာမှ ကုန်းသာကျေးရွာသစ်အတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကုန်းသာရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရကာ၊ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ပြီး နေအိမ်များ ထိခိုက်ကာ အရပ်သားသေဆုံးမှုများဖြစ်ပေါ်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com