All News Local News

NLD ပါတီ ဦးဆောင်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ မအူပင် အမတ် နှုတ်ထွက်၊ သမိုင်းတရားခံမဖြစ်စေရန်နှင့် ဖယ်ဒရယ် ဖြစ်ပေါ်ရေး အားနည်းဟုဆို

NLD ပါတီ ဦးဆောင်သော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီမှ မအူပင် အမတ် နှုတ်ထွက်၊ သမိုင်းတရားခံမဖြစ်စေရန်နှင့် ဖယ်ဒရယ် ဖြစ်ပေါ်ရေး အားနည်းဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးပူးပေါင်းကော်မတီမှ မအူပင် လွှတ်တော်အမတ် ဦးစိန်ဝင်း နှုတ်ထွက်လိုက်ကြောင်း သိရှိရသည်။

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းသည် NLD ပါတီဝင် ဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အဖြစ် ပါတီ ထူထောင်ထားသူလည်းဖြစ်သည်။

၎င်း၏ နှုတ်ထွက်လွှာတွင် သမိုင်းတရားခံ မဖြစ်စေရန်၊ တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စု ဆန္ဒဖြည့်ဆည်းပေးရန် အားနည်းနေမှုတို့ကြောင့် နှုတ်ထွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်း၏ နှုတ်ထွက်လွှာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပူးပေါင်းကော်မတီက အတည်ပြု လိုက်ပြီဖြစ်ရာ ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၄၄ ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts