All News Local News

USDP တင်ပြသည့် ခြေ/ဥပြင်ဆင်ရေးဥပဒေမူကြမ်းကို NLD ခြေ/ဥပြင်ဆင်ရေး ကော်မတီ ၏ လုပ်ငန်းစဉ်အတွင်း ပူးတွဲဆောင်ရွက်ရန် မဲခွဲအတည်ပြု

USDP တင်ပြသည့် ခြေ/ဥပြင်ဆင်ရေးဥပဒေမူကြမ်းကို NLD ခြေ/ဥပြင်ဆင်ရေး ကော်မတီ ၏ လုပ်ငန်းစဉ်အတွင်း ပူးတွဲဆောင်ရွက်ရန် မဲခွဲအတည်ပြု

ရန်ကုန် ၊ စက်တင်ဘာ ၄

USDP မှ မိတ္ထီလာမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာမောင်သင်း ဦးဆောင်၍ ကိုယ်စားလှယ် ၁၄၅ ဦးစုပေါင်း တင်ပြလာသော ခြေ/ဥပြင်ဆင်ရေးဥပဒေမူကြမ်းကို NLD မှ ဦးဆောင်သည့် ခြေ/ဥပြင်ဆင်ရေး ၄၅ ဦးကော်မတီ ၏ လုပ်ငန်းစဉ်အတွင်း ပူးတွဲဆောင်ရွက်ရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးအတည်ပြုခဲ့သည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါ ဥပဒေမူကြမ်းနှင့်ပတ်သက်၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို စက်ခလုတ်နှိပ်၍ ဆန္ဒမဲခံယူကာအတည်ပြုခဲ့ခြင်းဖြစ်သည်။

မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲ ၊ ကြားနေ ၄ မဲရှိခဲ့သည်။

လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်တွင် ကိုယ်စားလှယ် ၃၄ ဦးက ဆွေးနွေးဝေဖန် အကြံပြုခဲ့ဲပြီးဖြစ်သည်။

ယင်းဆွေးနွေးချက်သည် ကိုယ်စားလှယ်များ၏ အခွင့်အရေးဖြစ်သဖြင့် ယင်းအပေါ် စိစစ်ရေးပူးပေါင်းကော်မတီအနေဖြင့် မှတ်ချက်ပြုရန်မရှိကြောင်း ကော်မတီကဆိုသည်။

ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်းခဲ့ပြီး ကိုယ်စားလှယ်များကဆွေးနွေးစဉ်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်ခိုင်ဖြိုးပါတီအမတ်များ က ကန့်ကွက်ခဲ့ကြသည်။

အစီရင်ခံစာတွင်ပါဝင်သည့် အချက်တစ်ချက်ကို အဓိကထားကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအချက်မှာ ဒေါက်တာမောင်သင်း တို့တင်သွင်းသည့် ဥပဒေမူကြမ်းကို NLD ပါတီကဦးဆောင်ပြုလုပ်နေသည့် ခြေ/ဥပြင်ဆင်ရေး ၄၅ ဦးကော်မတီ၏ လုပ်ငန်းစဉ်များတွင် ပူးတွဲဆောင်ရွက်ရန်ဟူသောအချက်ဖြစ်သည်။

ယင်းအချက်ကို ကန့်ကွက်ခဲ့ကြပြီး ဒေါက်တာမောင်သင်းတို့ ဥပဒေမူကြမ်းကို သီးသန့် လမ်းကြောင်းတစ်ခုအနေဖြင့် ဆောင်ရွက်ခွင့်ပြုသင့်ကြောင်း တပ်မတော်သားများနှင့်ပြည်ခိုင်ဖြိုးပါတီအမတ်များက မှတ်ချက်ပြုခဲ့ကြသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက မူ ၄၅ဦးကော်မတီကို ချောင်ကြိုချောင်ကြားကသွားမည့် လူတစ်စုဟု ခိုင်းနှိုင်းပြောကြားခဲ့သေးသည်။

ယင်းအတွက် စိစစ်ရေးပူပေါင်းကော်မတီ၏ အစီရင်ခံစာကို အတည်ပြုရာတွင် မဲခွဲဆုံးဖြတ်ရန်မသင့်ကြောင်း မဲများရာအနိုင်ပေးခြင်းသည် ဒီမိုကရေစီအနိုင်ကျင့်မှုဖြစ်ကြောင်းတပ်မတော်သားများက ပြောဆိုခဲ့ကြသည်။

ယင်းအပေါ်တွင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဒီမိုကရေစီနိုင်ငံများ၏ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန်မသင့်ကြောင်း တားမြစ်ပိတ်ပင်သည့် အစဉ်အလာရှိသည်ဟု မကြားဖူးကြောင်း ပြန်လည်ချေပခဲ့သည်။

ယနေ့တွင် မူ စိစစ်ရေးပူုးပေါင်းကော်မတီ၏အစီရင်ခံစာကို စက်ခလုတ်နှိပ်ဆန္ဒမဲပေး ဆုံးဖြတ်ရန် လွှတ်တော်နာယက က ဆုံးဖြတ်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ချက်သည် လွှတ်တော်ဥပဒေနည်းဥပဒေများအတိုင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း နာယကဖြစ်သူ ဦးတီခွန်မြတ်က ရှင်းလင်းခဲ့သည်။

ယခု အစီရင်ခံစာကိုအတည်ပြုလိုက်ပြီဖြစ်သဖြင့် ဒေါက်တာမောင်သင်းတို့ တင်သွင်းသော ခြေ/ဥပြင်ဆင်ရေးဥပဒေမူကြမ်းမှာ NLD ကဦးဆောင်ရွက်နေသည့် ခြေ/ဥပြင်ဆင်ရေး ၄၅ဦးကော်မတီ၏ လုပ်ငန်းစဉ်ထဲတွင်ထည့်သွင်းဆောင်ရွက်ရတော့မည်ဖြစ်သည်။

သို့သော် လက်ရှိတွင် ခြေ/ဥ ပြင်ဆင်ရေး ၄၅ ဦးကော်မတီထဲမှ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ၂ ဦး၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ( အန် ယူ ဒီ) မှ ကိုယ်စားလှယ် ၁ဦးတို့ နှုတ်ထွက်ထားသည္

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts