All News Local News

အရှိန်မြင့်လာသော မန္တလေးတက္ကသိုလ်ကျောင်းသား သပိတ် ပါမောက္ခချုပ်ကို ရာထူးမှ ရပ်စဲရေး တောင်းဆို

အရှိန်မြင့်လာသော မန္တလေးတက္ကသိုလ်ကျောင်းသား သပိတ် ပါမောက္ခချုပ်ကို ရာထူးမှ ရပ်စဲရေး တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၆

မန္တလေးတက္ကသိုလ် သပိတ်မှောက်သည် ကျောင်းသားကျောင်းသူများ ပိုမို ပူးပေါင်းပါဝင်လာ၍ သပိတ်အရှိန်ဆက်လက်မြင့်တက်လာနေပြေီး တက္ကသိုလ်ပါမောက္ခချုပ်ကို ရာထူးမှ ရပ်စဲရေး တောင်းဆိုထားကြောင်း သပိတ်ဦးဆောင်ကော်မတီဝင်များက ပြောကြားသည်။

အဆိုပါ ကျောင်းသားသပိတ်သည် မန္တလေး တက္ကသိုလ်နယ်မြေအတွင်း Food Court ဆောက်လုပ်ခြင်းကိစ္စနှင့် ပတ်သက်ပြီး ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာမှုမရှိသောကြောင့် အရေးယူပေးရန် စက်တင်ဘာ ၃ရက်နေ့က စတင်ကာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး သပိတ်မှောက်တောင်းဆိုလျက်ရှိသည်။

စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ဦးဆောင်ကော်မတီဝင်များက မန္တလေး တက္ကသိုလ်အတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး ကျောင်းသားအင်အား ၄ဝဝကျော် လာရောက်ပူးပေါင်းခဲ့ကာ စာမေးပွဲဖြေဆိုရန် ရှိသည့်အတွက် သပိတ်ဦးဆောင်ကော်မတီဝင်များက ကျောင်းသားများကို ပြန်လည်စေလွှတ်ခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာနက အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးခွင့်ရရန် တောင်းဆိုထားကြောင်း သိရှိရသည်။

ယင်း သပိတ်ဖြစ်စဉ်သည် တက္ကသိုလ်ပိုင်မြေဧကအတွင်း Food Court ဆောက်လုပ်ခွင့် လုပ်ပိုင်ခွင့်ပေးရာတွင် နိုင်ငံတော်သမ္မတ၏ညွှန်ကြားချက်(၁/၂၀၁၇) ချိုးဖောက်၍တင်ဒါမခေါ်ယူခြင်း၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့၏ ခွင့်ပြုချက်မရရှိဘဲ တည်ဆောက်ပြီးမှ အသိပေးခြင်း၊ ကျောင်းသားများသမဂ္ဂ၏ လက်မှတ်ကို အတုပြုလုပ်ခြင်း စသော အကြောင်းအရင်းများကြောင့် သပိတ်မှောက်တောင်းဆိုရခြင်းဖြစ်သည်ဟု သပိတ်ဦးဆောင်ကော်မတီကဆိုသည်။

“မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊စစ်ဆေးအရေးယူပေးရေး”၊ “ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သောစုံစမ်းစစ်ဆေးရေးအဖွဲ့အားအယုံအကြည်မရှိ”၊ “မန္တလေးတက္ကသိုလ်အားအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ”၊ “နိုင်ငံတော်သမ္မတ ညွှန်ကြားချက် နှင့်တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော အုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး”၊ “ကျောင်းတွင်းစီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး” စသည့် အချက်၅ချက်ကို သပိတ်မှောက်ကျောင်းသားများကတောင်းဆိုထားသည်။

Photo Credit – Oway Channel

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com