All News Local News Peace

လွှတ်တော်တွင် စစ်ဘေးရှောင် ဟူသော စကားရပ်ကို တိုက်ပွဲရှောင်ဟု သုံးနှုန်းလိုက်နာရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သတိပေး

လွှတ်တော်တွင် စစ်ဘေးရှောင် ဟူသော စကားရပ်ကို တိုက်ပွဲရှောင်ဟု သုံးနှုန်းလိုက်နာရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၁၃

နေပြည်တော်တွင် ယနေ့ ကျင်းပသော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် စစ်ဘေးရှောင် ဆိုသော စကားရပ် အစား တိုက်ပွဲရှောင်ဟု သုံးနှုန်း ကြရန် နှင့် လိုက်နာကြရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်သည်။

ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက စစ်ဘေးရှောင်များနှင့်ပတ်သက်သော မေးခွန်းမေးမြန်းစဉ် “စစ်ဘေးရှောင်” ဟူသောစကားလုံးကို “တိုက်ပွဲရှောင် ” ဟု သုံးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက သတိပေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသော စစ်ဘေးရှောင် တိုင်းရင်းသားများနေရပ်သို့ ဘေးကင်းလုံခြုံစွာပြန်လည်အခြေချနေထိုင်နိုင်ရေး မည်သို့စီစဉ်ဆောင်ရွက်ထားသနည်းဟု မေးမြန်းခြင်းဖြစ်သည်။

မေးခွန်းမေမးမီ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း က ” ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ အစည်းအဝေးတစ်ခုမှာ စစ်ပွဲ၊စစ်ပွဲရှောင် အသုံးအနှုန်းများကို တိုက်ပွဲတိုက်ပွဲရှောင် ဆိုပြီး သုံးနှုန်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ အခုမေးခွန်းမှာ စစ်ဘေးရှောင်လို့ပါလာတဲ့အတွက် ဒီမေးခွန်းကို တိုက်ပွဲရှောင်လို့ ပြန်သုံးနှုန်းမှာဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း တိုက်ပွဲရှောင်အဖြစ်ပဲ သုံးနှုန်းပေးဖို့ ကြိုတင်သတိပေးပါတယ်” ဟု သတိပေးခဲ့သည်။

လွှတ်တော်တွင် မေးခွန်းမေးမြန်းမှု / ဆွေးနွေးမှုများပြုလုပ်တိုင်း စစ်ဘေးရှောင် ဟူသော စကားလုံးများပါဝင်လာပါက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီးနောက် လွှတ်တော်က တိုက်ပွဲရှောင်ဟုသာ သုံးနှုန်းရန် လွှတ်တော်ဥက္ကဋ္ဌများက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts