China Watch Local News political news

ရွှေက္ကိုလ် ကာစီနို စီမံကိန်း အကြောင်းပြု ဝင်ရောက်နေသော တရုတ်နိုင်ငံသားများနှင့် မြဝတီဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

ရွှေက္ကိုလ် ကာစီနို စီမံကိန်း အကြောင်းပြု ဝင်ရောက်နေသော တရုတ်နိုင်ငံသားများနှင့် မြဝတီဒေသခံများ ရုန်းရင်းဆန်ခတ် ဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၄ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် တရုတ်နိုင်ငံက လာရောက်ေ ဆာင်ရွက်နေသည့် ရွှေက္ကိုလ် စီမံကိန်းကို အကြောင်းပြု၍ ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများနှင့် မြဝတီဒေသခံများ ယမန်နေ့ ညပိုင်းက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက မြဝတီမြို့၊ အမှတ် ၄  ဘုရင့်နောင်လမ်းမကြီး နံဘေး လှိုင်းသစ်ဖုန်းဆိုင်ရှေ့တွင် တရုတ်နိုင်ငံသားတစ်ဦးက သေးကော့ပန်းသည့်အပြင် ၎င်းနှင့်အတူ ပါလာသော တရုတ်နိုင်ငံသား ၄၀ ခန့်က အရက်သေစာ သောက်စားမူးယစ်ရမ်းကားသဖြင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများနှင့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။  

“ဖြစ်တာက တရုတ်တွေက မူးယစ်ဆဲဆိုနေကြတာ။ ပြီးတော့ ထွက်ပြေးတော့ လိုက်ဖမ်းကြတာ။ တရုတ် ၅ ဦးတော့ မိတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

မြဝတီခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဒွေးက ယမန်နေ့ညက ဖြစ်စဉ်နှင့်အတည်ပြုပြောဆိုပြီး လက်ရှိတွင် တရုတ်နိုင်ငံသားများကို ဗီဇာနှင့် လာရောက်ခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း ပြောဆိုသည်။ 

“လဝကက စစ်ဆေးတာတော့ရှိတယ်။ တရားမဝင် ဝင်ရောက်လာတာလား၊ ဗီဇာ မှန် မမှန်တော့ စိစစ်နေတယ်။ မြဝတီမှာတော့ အနှံ့ပဲ။ ဗီဇာနဲ့ လာတာရော အလုပ်လာလုပ်တာရော တရုတ်တွေ အများကြီးပဲ။ ရွှေက္ကိုလ်ကကြီးပဲတော့ ပြောလို့မရဘူး။ လုပ်ငန်းတွေကတော့ ရွှေက္ကိုလ်မှာတော့ရှိတယ်။ မြဝတီမြို့မှာ Business ဗီဇာနဲ့ ဝင်ကြ လာကြတာတွေရှိတယ်” ဟု ဒုရဲမှူး စိန်ဒွေးက ပြောဆိုသည်။ 

မြဝတီမြို့တွင် တရုတ်ကုမ္ပဏီနှင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော နယ်ခြားစောင့် တပ်ဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိသော ရွှေက္ကိုလ် ကာစီနိုလောင်းကစားရုံနှင့် ပတ်သက်၍ တရုတ်နိုင်ငံသားအများအပြားမြဝတီမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com