Local News Peace political news

ရုရှထုတ် နောက်ဆုံးမျိုးဆက် Su-57 တိုက်လေယာဉ်များ မြန်မာ ဝယ်မည်

ရုရှထုတ် နောက်ဆုံးမျိုးဆက် Su-57 တိုက်လေယာဉ်များ မြန်မာ ဝယ်မည်

ရန်ကုန်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် နောက်ဆုံးပေါ် SU တိုက်လေယာဉ်များ ဝယ်ယူရန် အစီအစဉ်ရှိပြီး ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း ရုရှနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်က ရုရှ သတင်းဌာန RIA နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

စက်တင်ဘာလ အတွင်း လေကြောင်းဆိုင်ရာ ပြပွဲ တစ်ခုကျင်းပခဲ့ပြီး ယင်းပြပွဲတွင် ပြည်ပ တင်ပို့မည့် ငါးခုမြောက်မျိုးဆက် SU-57 တိုက်လေယာဉ်များကို ပြသခဲ့သည်။

“ကျနော်တို့အနေနဲ့ Su- 30 တိုက်လေယာဉ်တွေမှမဟုတ်ပါဘူး။ ရှရှက ရောင်းမယ်ဆိုရင် နောက်ထပ် အဆင့်မြှင့်ထားတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်တွေလည်း ဝယ်ယူချင်ပါတယ်” ဟု မြန်မာသံအမတ်ကြီး က ပြောဆိုသည်။

သူက ညှိနှိုင်းမှုများ ရှိနေကြောင်း ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။

ရုရှနှင့် မြန်မာတို့သည် ၂၀၁၈ ခုနှစ်တွင် Su-30SM တိုက်လေယာဉ် ၆ စီးဝယ်ယူရန် စာချုပ်ဆိုခဲ့ပြီး ယခုနှစ်အတွင်း ၂၀၀၇ ခုနှစ်အတွင်းက စာချုပ်ချုပ်ဆို ဝယ်ယူခဲ့သော Yak-130 combat အမျိုးအစား လေ့ကျင့်ရေး တိုက်လေယာဉ် ၆ စီး လက်ခံရရှိထားကြောင်း သတင်းအရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com