All News Business Local News

ရန်ကုန်တွင် မီးမပြတ်ရေး အပါအဝင် မဂ္ဂါဝပ် ၁၀၀၀ ကျော်ထုတ်နိုင်မည့် လျှပ်စစ်ထုတ်စီမံကိန်း ၇ လအတွင်း အပြီး လုပ်ဆောင်နေ

ရန်ကုန်တွင် မီးမပြတ်ရေး အပါအဝင် မဂ္ဂါဝပ် ၁၀၀၀ ကျော်ထုတ်နိုင်မည့် လျှပ်စစ်ထုတ်စီမံကိန်း ၇ လအတွင်း အပြီး လုပ်ဆောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၅ 

ရန်ကုန်မြို့တွင် မီးမပြတ်ရေးအပါအဝင် တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားပိုမိုတိုးချဲ့ပေးနိုင်ရေး မဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်လုပ်နိုင်သည့် လျှပ်စစ်ထုတ် စီမံကိန်းကို ၇ လအတွင်း အကောင်အထည်ဖော်နေကြောင်း သိရှိရသည်။ 

ပြည်သူ့လွှတ်တော် လျှပ်စစ်စွမ်းအင်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်က ယခု ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မဂ္ဂဂါဝပ် ၁၀၀၀ ထုတ်လုပ်မည့် လျှပ်စစ်ထုတ်စီမံကိန်းကို ဘတ်ဂျက် ငွေ ခွင့်ပြုထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“၂၀၂၀  မေလ အပြီး မဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်မယ့် စီမံကိန်းအတွက် ဘတ်ဂျက် ခွင့်ပြုထားတယ်။ သဘာဝဓာတ်ငွေနဲ့ LNG ဖြစ်မယ်ထင်တယ်။ တင်ဒါခေါ်ပြီး ဝန်ကြီးဌာနဘက်က လုပ်လိမ့်မယ်” ဟု ဦးကြည်မိုးနိုင်က ပြောဆိုသည်။ 

ရန်ကုန်ခေတ်သစ်သတင်းဌာနက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ မဂ္ဂါဝပ် ၁၀၀၀ ကျော် ထုတ်နိုင်မည့် စီမံကိန်း လုပ်ဆောင်မှု ရှိ၊ မရှိ ဆက်သွယ်မေးမြန်းရာ ဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူတစ်ဦးက သဘာဝဓာတ်ငွေ့ဖြင့် မဂ္ဂါဝပ် ၁၀၀၀ ကျော်ထုတ်ရန် ပြင်ဆင်နေပြီး လွန်ခဲ့သည့် ၁ လကျော်က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တင်ဒါ ခေါ်ယူထားကြောင်း ပြောဆိုသည်။ 

“သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်မှာ။ လွန်ခဲ့တဲ့ ၁ လကျော်က တင်ဒါ ခေါ်ထားတယ်။ MOEE Website မှာလည်း ကြေညာထားပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

Photo by Yuichi Nitta

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com