All News Local News Peace

ရခိုင်တွင် တပ်မတော်က နယ်မြေရှင်းတိုက်ပွဲများ ဆင်နွှဲနေဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးပြော

ရခိုင်တွင် တပ်မတော်က နယ်မြေရှင်းတိုက်ပွဲများ ဆင်နွှဲနေဟု ဗိုလ်မှူးကြီးဝင်ဇော်ဦးပြော

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စက်တင်ဘာလ ၂၅ရက်နေ့ နံနက်ပိုင်းက ရခိုင်တပ်မတော်AAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဆိုသည်။

“တိုက်ပွဲဖြစ်နေတာကတော့ မှန်တယ်ဗျ။ ယိုးချောင်းတံတားအရှေ့ ဖက်ခြမ်းမှာတိုက်ပွဲတွေဖြစ်ပွားနေတာ မှန်ပါတယ်။ လက်ရှိအချိန်မှာတော့ တိုက်ပွဲကတော့ ပြီးတော့ပြီးသွားပါပြီ။ ထိခိုက်ဒဏ်ရာရတာကတော့န ဘာမှတော့မရှိဘူးဗျ။ အသေးစိတ်ကတော့ မသိရဘူး။ ကျွန်တော်တို့ကတော့ နယ်မြေလိုက်ရှင်းနေတာပါ။ ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းတယ်။ အဲမှာ နယ်မြေရှင်းရင်းနဲ့ ထိတွေ့မှုတွေဖြစ်တယ်ပေါ့”ဟု ၎င်းကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကလည်း တိုက်ပွဲဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်။

အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အရှေ့ဖက် ကန်စောင့်ကျေးရွာတွင်လည်း ယနေ့ စက်တင်ဘာ ၂၅ရက်နေ့ နံနက် ၁ဝနာရီခန့်ကစတင်ပြီး မွန်းလွဲ ၁ နာရီ ဝန်းကျင်ထိ လက်နက်ကြီးပစ်ခတ်သံများကြားနေရကြောင်း ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကျောက်တော်ဖက်မှာ ကျွန်တော်တို့ ပေါက်ကွဲသံတော့ ကြားတယ်ဗျ။ တိုက်ပွဲဖြစ်တာလား မဖြစ်လားကတော့ အတိအကျမသိဘူး။ မင်းပြားဖက်မှာကျတော့ မသိဘူး။ ကျောက်တော်နဲ့ မင်းပြားကြားမှာ အင်တာနက်လိုင်းမရတာကတော့ တော်တော်ဆိုးနေတယ်။ ပုဏ္ဏားကျွန်းရယ် ကျောက်တော်ရယ် မြောက်ဦးရယ် မင်းပြားရယ်က တိုက်ပွဲဖြစ်တယ်။ ပစ်ခတ်မှုဖြစ်တယ်ဆိုတာတော့မသိဘူး။ ကျွန်တော်တို့ ဆီမှာတော့ လက်နက်ကြီးပစ်သံတော့ကြားတယ်။ ၁ဝနာရီကျော်ကနေ ၁နာရီ ကျော်ထိ လက်နက်ကြီးပစ်သံတွေကြားရတယ်။ ကျောက်တော်မြို့နယ် ကန်စောင့်ကျေးရွာ အရှေ့ဖက် ကျွန်တော်တို့ကြားတာကတော့ ပစ်ခတ်သံတွေပဲကြားတာ”ဟု ၎င်းကဆိုသည်။

တိုက်ပွဲ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

AA၊ TNLA ၊ MNDAA တို့ ပါသာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ တစ်လကြာတစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားချိန်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်းဖြစ်သည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts