All News Local News Peace

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တစ်လတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တစ်လတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင်တပ်မတော် AA ၊ ပလောင် TNLA ၊ ကိုးကန့် MNDAA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြည်တွင်းစစ်ပွဲ ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲထားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။

ယင်းသို့ ကြေညာထားသည့် ကာလအတွင်း မြန်မာတပ်မတော်ကို လက်ဦးမှု ရယူ တိုက်ခိုက်ခြင်းမပြုလုပ်သော်လည်း မြန်မာတပ်မတော်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ များ၏ ဒေသခများတွင် စစ်ဆင်ရေးလုပ်ဆောင်လာပါက ခုခံကာကွယ်သော အနေအထားမျိုးဖြင့် မည်သည့် နေရာ မည်သည့် အချိန်တွင်မဆို တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts