Local News Peace political news

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ရပ်ဆိုင်းထားသော်လည်း တပ်မတော်က ထိုးစစ်ဆင်နွှဲဟု AA ထုတ်ပြန်

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ရပ်ဆိုင်းထားသော်လည်း တပ်မတော်က ထိုးစစ်ဆင်နွှဲဟု AA ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၈

ရခိုင်တပ်မတော်(AA) ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေဖြင့် ထိုးစစ်များကို ရပ်ဆိုင်းထားသော်လည်း တပ်မတော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ထိုးစစ်ဆင်နွှဲနေကြောင်း AAက သတင်းထုတ်ပြန်သည်။

လတ်တလော ညီနောင်မဟာမိတ်တပ်ဖွဲ့ဖက်မှစတင်ကာထိုးစစ်ဆင်တိုက်ခိုက်မှုများမပြုလုပ်သောကြောင့် ယမန်နေ့ရက်များတွင်တိုက်ပွဲများဖြစ်ပွားခြင်းနည်းပါးခဲ့ကြောင်း၊ မြန်မာ့တပ်မတော်သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အင်အားနည်းသည်ဟုယူဆသည့်နေရာများကိုလက်ဦးမှုရယူသည့်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်နေသောကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၊ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ နာရီမှစတင်ပြီး ကျောက်မဲမြို့နယ်၊မိုင်းငေါ့မြို့နယ်ခွဲ၊ပိန်းဆတ်ရွာလမ်းခွဲအနီးရှိ မြောက်ပိုင်းတပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်၏တပ်မ(၉၉)လက်အောက်ခံခမရ(၄၁၇) မှလာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်၁ နာရီ နာရီတွင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ လွယ်ပျက်ကျေးရွာအနားရှိ မဟာမိတ်တပ်ဖွဲ့များကို မြန်မာ့တပ်မတော် တပ်မ (၉၉) လက်အောက်ခံ၊ခမရ (၄၁၇) မှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်မှုကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရှိမှုရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

ရခိုင်ဒေသအတွင်းတွင် တပ်မတော်သည် လက်နက်ကြီးများဖြင့်နေရာအနှံ့ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများရှိ ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်ပြီး တပ်မတော်ဘက်မှ တုံ့ပြန်မှု ရရှိရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com