All News Local News Peace

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ထိုးစစ်ရပ်ဆိုင်းပြီး ပြည်တွင်းစစ်မီး အဆုံးသတ်သည်အထိ ငြိမ်းချမ်းရေး ဖော်ဆောင်မည်ဟု ကြေညာ

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ထိုးစစ်ရပ်ဆိုင်းပြီး ပြည်တွင်းစစ်မီး အဆုံးသတ်သည်အထိ ငြိမ်းချမ်းရေး ဖော်ဆောင်မည်ဟု ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၄

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြည်တွင်းစစ်များ လျင်မြန်စွာ ရပ်စဲပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်သည်။

သြဂုတ်လ ၃၁ ရက်နေ့ ကျိုင်းတုံ ဆွေးနွေးပွဲ အပြီး သဘောထားစုစည်းမှုများကို အခြေခံပြီး အချက် ၃ ချက် ထုတ်ပြန်ကြေညာလိုက်ရာ ပထမအချက်အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် စိတ်ဆန္ဒရှိသဖြင့် ထိုးစစ်မဆင်နွှဲဘဲ ခုခံစစ်သာ ဆင်နွှဲမည်ဖြစ်ကြောင်း၊ နှစ်အဖွဲ့အစည်းများအကြား Bilateral Ceasefire Agreement မှ တစ်ဆင့် မြန်မာပြည်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခ ၊ ပြည်တွင်းစစ်မီးကို အဆုံးသတ်သည်အထိ အမှန်တကယ်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ Bilateral Ceasefire Agreement လက်မှတ် မရေးထိုးခင် ပြင်ဆင်နေသော အချိန်ကာလအတွင်း ညီနောင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင် လိုသော စိတ်ရင်းစေတနာအမှန်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်ကို တရုတ်ဘာသာဖြင့် အရင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၄ ရက်ရောက်မှသာ မြန်မာဘာသာပြန်ကို မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts